မျှင်ဖမ်းရာသီချိန် စောသိမ်းရတဲ့အတွက် ယခုနှစ်မျှင်ငါးပိ ကုန်ရှားပါးနေ
ပြီးခဲ့တဲ့ မျှင်ဖမ်းရာသီချိန်မှာ ဖမ်းဆီးရမယ့်ကာလထက် တစ်လကျော်စော သိမ်းခဲ့ရတာကြောင့် ဈေးကွက် အတွင်းမျှင်ငါးပိကုန်ရှားပါးမှုနဲ့ ကြုံတွေနေရတယ်လို့ ငါးပိအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
လက်ဝှေ့ထိုးခြင်းမှ မနားမယူခင် ဒေဝနှင့်ဖြစ်စေ ပရွမ်ဆွမ်နန်နှင့်ဖြစ်စေ တစ်ပွဲထိုးသတ်ချင်သေးဟု ထွန်းထွန်းမင်းပြော
ထွန်းထွန်းမင်းက သူတို့နှစ်ယောက်ထဲက ဘယ်သူနိုင်နိုင် ကျွန်တော်လက်ဝှေ့အနားမယူခင် တစ်ပွဲလောက် ဆုံချင်သေးတယ်
#Yangon_Times/MY
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
ကြိုတင်မှာပြီး ဝယ်ထားတဲ့ EV ကားတွေ ဝယ်သူလက်ထဲမရောက်သေးတာကြောင့် တိုင်ကြားသူတွေ ရှိလာနေတယ်လို့ ရန်ကုန်မှာ ရှိတဲ့ မော်တော်ကားရောင်းဝယ်ရေးအသင်း (ဗဟို) က သိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
တရုတ်- မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ရှိတဲ့ ကျင်စန်းကျော့ ဂိတ်ပေါက်ကနေ တရုတ်နိုင်ငံကို တွဲကား အစီး ၃၀၀ ကျော်နဲ့ ကုန်ကူးသန်းရောင်းဝယ်တာတွေ နေ့တိုင်း လုပ်နေတယ်လိုသိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ပျှမ်းမျှ၂ သိန်း ခန့်ကျဆင်းလာ ဟုဆို
ပြည်တွင်းရွှေဈေးကွက်မှာ ရွှေအရောင်းအဝယ် အေးစက်နေတဲ့အပြင် အခေါက်ရွှေတစ်ကျပ်သားကို ပျှမ်းမျှ အနေနဲ့ ၂ သိန်း နီးပါး ကျဆင်းလာနေတယ်လို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက သိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
Published-5 September 2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်နှင့် ကားဝင်တိုက် မိ၍ ဆိုင်ကယ်ပေါ်ပါ ၂ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းကသိရသည်။
စက်တင်ဘာလ ၅ရက် နံနက် ၈နာရီ ၄၀မိနစ်အချိန်က စွပ်ပလောင်ကျေးရွာအနီးရှိ သံဖြူဇရပ်-ရေးသွားလမ်းမကြီးပေါ်မှာ ကားနှင့်ဆိုင်ကယ်ဝင် မျက်နှာချင်းဆိုင် တိုက် မိခဲ့၍ဆိုင်ကယ်ပေါ်ပါ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
"ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်တာမှာ၂ယောက်က နေရာမှာပဲသေသွားပါတယ်"ဟု အသင်းကဆိုသည်။
အဆိုပါယာဉ်တိုက် မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 5 September 2023
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အရက်မူးပြီး သောင်းကျန်းသည့် အတွက် မြန်မာအလုပ်သမား
တစ်ဦး အဖမ်းခံရကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက် ည ၉ နာရီကျော်အချိန်ခန့်ကမဲဆောက်-မယ်တောင်လမ်းအနီးမှာ အသက် ၄၂ နှစ်အရွယ် ဦးဇင်ဆိုသူသည် အရက်မူးပြီး အော်ဟစ်သောင်းကျန်းနေသည့် အတွက် ဒေသခံ ပြည်သူ များက တိုင်ကြားရာ မှ မဲဆောက် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ အရက်မူးပြီး သောင်းကျန်း သည့် မြန်မာ အလုပ်သမား ကို မဲဆောက်ရဲတပ်ဖွဲ့မှ
မူးယစ်ရမ်းကားမှု ဖြင့် အမှု ဖွင့် အရေးယူဆောင် ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် ဖြစ်သည့် မဲဆောက်မြို့တွင် မြန်မာအလုပ်သမား များစွာ နေထိုင်သည့်မြို့နယ် ဖြစ်ပြီး ယခု ကဲ့သို့ မူးယစ်ရမ်းကားခြင်းများ၊ကျယ်လောင်စွာ သီချင်းများ ဖွင့်ခြင်းတို့ကြောင့်ဒေသခံ ထိုင်းနိုင်ငံသား တို့ရဲ့ တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံရသည့် မြန်မာ နိုင်ငံသားများစွာ ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
Page 848 of 1972