မိုးမြေပဲဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်က ဝယ်လိုအားမရှိတဲ့အတွက် ကုန်သည်တွေက မြေပဲဖြူ အတောင့်တစ်တင်း ကို ၁၈၀၀၀ ကျပ် မှ ၂၃၀၀၀ကျပ် သာအမြင့်ဆုံးပေးတဲ့ အတွက်အစောပိုင်း ရောင်းချတဲ့ တောင်သူတွေအထိနာခဲ့တယ်လို့ ဆိုပါတယ်။
Published_ 16 September 2023
#မိုးမြေပဲဈေးကွက် #ပြည်တွင်းပြည်ပဝယ်လိုအား #မြေပဲဖြူ
#YMG/LW #Yangon_Times
‘‘ X-Rayစက်အဟောင်းတွေက ခဏခဏချို့ယွင်းလာတာတွေများလာတဲ့အတွက်ကြောင့်မို့ အသစ်ပြန်လဲဖို့ အိတ်ပိတ်တင်ဒါခေါ်ယူပြီးဝယ်ယူတပ်ဆင်သွားမှာဖြစ်တယ်။ X-Ray စက်သစ်(၅)လုံး ဝယ်ယူသွားမယ်’’ ဦးဘိုးသင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်
Published_ 16 September 2023
#X-Ray #စက်အသစ်(၅)လုံးဝယ်ယူ
#tthl #Yangon_Times
#Local_News
Published-16 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းမြို့နယ်တွင် ယာဉ် ၃စီးဆင့်တိုက်မှုဖြစ်ပွားပြီး Taxi ယာဉ်မောင်းအမျိုးသားမှာ ဇက်ကျိုးသည့်အနေအထားဖြင့် သေဆုံးမှုစက်တင်ဘာလ ၁၆ရက်(ယနေ့)ဖြစ်ခဲ့ကြောင်း Medical လူငယ်များအသင်းက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်တစ်နာရီ မထိုးမီအချိန်က (စက်တင်ဘာလ ၁၅ ရက် ညသန်းခေါင်းကျော်) အချိန် သဃ်န်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက် မီးပွိုင့်တွင် အိမ်စီးကားနှင့် Taxi ကားတို့ဝင်တိုက်မိပြီး နောက်ထပ် Taxi တစ်စီးကို ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် အသက် ၅၀ ကျော်အရွယ် Taxi ယာဉ်မောင်းအမျိုးသား ၁ ဦး အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးမှုဖြစ်ခဲ့၍ သေဆုံးသူ၏ရုပ်အလောင်း (DB)အား သဃ်န်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ PRနံပါတ်(82)ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်းလည်း အဆိုပါအသင်းကသိရသည်။
ယင်းအပြင် အိမ်စီးကားမှာလည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။
#Local_News #သဃ်န်းကျွန်း #ယာဉ်၃စီးဆင့်တိုက် #Taxi ယာဉ်မောင်းသေဆုံး
#Yangon_Times/PP
‘‘ နိုင်ငံခြားသားခရီးသွားတွေအတွက် စက်တင်ဘာလအထိ မန္တလေးယဉ်ကျေးမှုဇုန်နဲ့ အင်းဝ၊ ပင်းတယ ယဉ်ကျေးမှုဇုန်ဝင်ကြေး ကျပ်တစ်သောင်း သတ်မှတ်ထားရာမှ လာမယ့်အောက်တိုဘာလမှာတော့ ဇုန်ဝင်ကြေးကျပ်တစ်သောင်းခွဲပြောင်းလဲသတ်မှတ်သွားမှာဖြစ်ပါတယ်’’ ဒေါက်တာသန်းထိုက်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)၊ညွှန်ကြားရေးမှူး
Published_ 16 September 2023
#မန္တလေးယဉ်ကျေးမှုဇုန် #အင်းဝယဉ်ကျေးမှုဇုန် #ဝင်ကြေးတိုးကောက်
#tthl #Yangon_Times
#Local_News
Published-16 September 2023
မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အကြား တိုက်ရိုက်ပေးချေနိုင်မှု ကတ်စနစ် အသုံးပြုရေးလုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မြန်မာငွေပေးချေမှုအဖွဲ့ (MPU) က MIR Card System ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး MPU နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK) 03: Non-Disclosure Agreement (NDA)ကို လက်မှတ်ရေးထိုးခဲ့ကာ နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ် ရေးထိုးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ယခုအခါ MPU နှင့် MIR တို့အကြား Network ချိတ်ဆက်မှုများ ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
MIR Payment System ကတ် အသုံးပြုပါက အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုအားထားမှုများ လျော့ နည်းလာစေ မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင် လွယ်ကူ လျင်မြန်စွာပေး ချေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ် ဝန်းပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ် တိုက်ရိုက် ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေး ချေနိုင်ရေးဆက်လက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းကို ပြည်တွင်းရှိမည်သည့် ဘဏ်ဖြင့်ဖြစ်စေ ပေးချေမှုဆောင်ရွက်နိုင်ရေး စီစဉ်ထားကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Local_News #မြန်မာကျပ်ငွေ #ရုရှားရူဘယ် #ကတ်စနစ်အသုံးပြု
#Yangon_Times/PP
#Local_News
Published_ 16 September 2023
ရန်ကုန်မြို့သာကေတအဝိုင်းတွင် အိမ်ယာမဲ့ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က သာကေတမြို့နယ်အဝိုင်းထိပ်အနီးတွင် အသက်(၄၀)နှစ်ဝန်းကျင်ခန့်လမ်းဘေးနေ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိပဲ သေဆုံးနေကြောင်းကို ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ ကသွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာတွင်အိမ်ယာမဲ့လင်မယားနှစ်ဦးနေထိုင်တာဖြစ်ပြီး သေဆုံးသွားသူမှာ အသက်၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
''အဲ့နေရာမှာ အဖီလေးထိုးပြီးတော့ လင်မယားနှစ်ယောက်နေတာ အခုသေဆုံးတာက အမျိုးသား ကျန်တဲ့သူ့အမျိုးသမီးကလဲ နေမကောင်းဘူး၊ သေဆုံးသူအလောင်းကိုတော့ သယ်လာပြီးပြီ သူ့အမျိုးသမီးကတော့ အဲ့နေရာမှာပဲကျန်ခဲ့တယ်''ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ကတာဝန်ရှိသူက ပြောသည်။
အဆိုပါ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းနာရေးယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Local_News #သာကေတအဝိုင်း #အိမ်ယာမဲ့အမျိုးသားတစ်ဦး #ပြင်ပဒဏ်ရာမရှိဘဲသေဆုံး #Yangon_Times
#Local_News
Published_ 16 September 2023
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ကလျာဏီရပ်ကွက်၊ စေတဝန်ကျောင်းလမ်းမှာရှိသည့် စေတဝန်ဘုန်းတော်ကြီးကျောင်းမှာ ယနေ့နံနက် ၀၀.၁၀အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ ကျောင်းဝန်းအတွင်းမှ နှစ်ထပ်ကျောင်းဆောင် မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး လျှပ်စစ်မီတာပုံးမှ တစ်ဆင့်လောင်ကျွမ်းတာဖြစ်ကြောင်း ပဲခူးမြို့လူမှုကူညီရေးအသင်းများထံက သိရသည်။
မီးလောင်မှုကို ပဲခူးတိုင်းမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၀ ၃၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG /LW #Local_News #ပဲခူးမြို့ #မီးလောင်မှုဖြစ်
#Yangon_Times
Page 831 of 1973