စိုက်ပျိုးစရိတ် နှစ်ဆမြင့်လာပေမယ့် ပြောင်းဈေးမရတာကြောင့် ပြောင်းစိုက်တောင်သူတွေအခက်တွေ့နေ
ယမန်နှစ်က စိုက်ဧက တစ်ဧကကို စိုက်ပျိုးစရိတ် ကျပ်၃သိန်းခွဲမှ လေးသိန်းခန့်သာ ကုန်ကျခဲ့ပေမယ့် အခုနှစ် ပြောင်းစိုက်ရာသီမှာတော့ မြေသြဇာဈေးနဲ့ အခြားစိုက်ပျိုး ထုတ်လုပ်စရိတ်တွေ မြင့် လာတာကြောင့် တစ်ဧကကို စိုက်ပျိုးစရိတ် ၆သိန်း မှ ၈သိန်းကျပ်အထိ ကုန်ကျလာတယ်လို့ ဆိုပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
မိုးကြိုးစက်ကွင်းခခဲ့သည့် ဓမ္မရာဇကဘုရားကို ဂေါပကအဖွဲမှ ပြုပြင်မည်
"ဓမ္မရာဇကဘုရား မိုးကြိုးစက်ကွင်းခလို့ ရွှေချထားတဲ့နေရာမှာ မီးခိုးမှိုင်းလိုမျိုး မည်းသွားတဲ့ရွှေသင်္ကန်းတွေကို ဓမ္မရာဇကဘုရားဂေါပကအဖွဲမှ မူလအလှူရှင်နဲ့ဆက်သွယ်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်"ဦးကျော်မျိုးဝင်း၊ ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
မန္တလေး၊ မကွေးအလယ်ပိုင်းဒေသများ မိုးသက်လေပြင်းတိုက်နိုင်
"အခုရက်ပိုင်းအတွင်း မုတ်သုန်လေဟာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်စတဲ့ အလယ်ပိုင်းဒေသတွေမှာ ဆုတ်ခွာနေပြီး မိုးသက်လေပြင်းတိုက်ခတ်တာ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်" ဦးလှထွန်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ညွှန်ကြားရေးမှူး
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 18 September 2023
အိပ်ချ်စ်အိုင်ဗွီ လူနာများအား ARTဆေးကုဌာန ၄၀၀ကျော်ဖြင့်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က သိရသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းစဉ်များအရ လာမည့် ၇နှစ်ကြာကာလ ၂၀၃၀ပြည့်နှစ်တွင် HIV ပိုးကူးစက် မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ် ထွက်လာ စေရန်ရည်ရွယ်၍ အိပ်ချ်စ်အိုင်ဗွီ လူနာများကို ARTဆေးကုဌာန ၄၀၀ကျော် ဖြင့်ကုသပေးနေခြင်း ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းအရ HIV-AIDS ရောဂါကာကွယ် ရေး၊ ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ၂၀၂၂ခုနှစ်တွင် ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေး စီမံချက်ဖြင့် ART ဆေးကုဌာန ၁၄၁ ခုနှင့် ART ဆင့်ပွားကုသဌာန ၃၁၀ ခုတို့ဖြင့် HIV ပိုးရှိ လူနာ ၂ သိန်းကျော် အား ARTဆေးဝါးနှင့် အခမဲ့ကုသပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ၅ သိန်းကျော်ကိုလည်း HIV နှင့် အခြား ရောဂါပိုးရှိမရှိ စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတွက် ART ဆေးနှင့် ဆေး ပစ္စည်းများဝယ်ယူနိုင်ရန် အတွက်လည်း နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၁၆သန်းအသုံးပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သိရသည်။
Yangon Times/pp
#Local_News
#YMG #Yangon_Times
Published_ 18 September 2023
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ယနေ့နံနက် ၈ နာရီခွဲခန့်က မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာရှိ ထူးထူးတိုးရေပေါ်လွန်းကျင်းဧရိယာတွင် ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
နံနက် ၉ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး အပြီးသတ်မီးငြိမ်းနိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဆောင်ရွက်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
#Local_News
Published 17 September 2023
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စက်တင်ဘာ ၁၇ ရက်ညနေပိုင်းတွင် ဓမ္မရာဇကဘုရား မိုးကြိုး စက်ကွင်းခခဲ့ကြောင်း ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။
ယင်းကဲ့သို့ မိုးကြိုးခခဲ့ကြောင်းသိရ၍ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်းဆရာတော်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ညောင်ဦးခရိုင် သာသနာရေးမှူးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့သည်ဟုဆိုသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကိုမတွေ့ရှိရဘဲ ဘုရားခေါင်းလောင်းနှင့် ဖောင်းရစ်ပတ်လည်တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အက်ကြောင်းတစ်ဝိုက်တွင် ရွှေသင်္ကန်းများ မည်းသွားသည်ကို သာ မျက်မြင်စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အခြားသော ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဓမ္မရာဇကဘုရားကြီး၏ မိုးကြိုးစက်ကွင်းခမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #ပုဂံဓမ္မရာဇ #မိုးကြိုးစက်ကွင်းခ
#Yangon_Times
#Local_News
Published 17 September 2023
ပြင်ဦးလွင်မြို့၊နောင်ခမ်းကြီးရေကန်တွင် ရေဆင်းကူးသည့် အမျိုးသား (၁)ဦးရေနစ်သေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ပြင်ဦးလွင်မြို့၊ ရကက(၂၀)၊နောင်ခမ်းကြီးရပ်၊ နောင်ခမ်းကြီးရေကန်အတွင်း စက်တင်ဘာ ၁၇ရက် နေ့လည်ပိုင်းတွင် ရေဆင်းကူးခဲ့သည့်အသက်(၁၅)နှစ်အရွယ် အမျိုးသား(၁)ဦးရေနစ်ခဲ့ပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း အသင်းသားများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ရှာဖွေကယ်ဆယ်ခဲ့ပြီး အချိန်နဲ့တပြေးညီ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
#tthl #Local_News #နောင်ခမ်းကြီးရေကန် #လူငယ်(၁)ဦးရေနစ်သေဆုံး
#Yangon_Times
Page 828 of 1973