Published_ 19 September 2023
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတား၊ မဲဆောက်ဘက်ခြမ်း တွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား အမျိုးသမီးလေးဦး အဖမ်းခံရကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှဌာနများ၏ ထုတ်ပြန်ချက် အရ သိရသည်။
စက်တင်ဘာ ၁၈ ရက် နေ့ လယ် ပိုင်းက အဖမ်းခံရခြင်း ဖြစ်ပြီး အဆိုပါ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးမှာ မြဝတီ ဘက်မှ လာရောက် ရောင်းချသည့် ခေါင်းရွက်ဗျတ်ထိုးဈေးသည်များဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးမှာ အလုပ်လုပ်ရန်ခွင့်မပြုထားသည့် နယ်စပ်ဖြတ်ကျော်လက်မှတ် ၇ ရက်နေထိုင်ခွင့်ကဒ်ပြုလုပ်၍ ဝင်သူများဖြစ်ကာ ဈေးလာရောက် ရောင်းချ ခြင်းကြောင့် ဖမ်းစီးခံ ရ ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ကာ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon Time
#Daily_News
Published_ 18 September 2023
၁။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ မိုးသက်လေပြင်းများတိုက်ခတ်နိုင်၊ ရန်ကုန်တွင်လည်းမိုးသည်းမည်
၂။ မိုးကြိုးစက်ကွင်း ထိမှန်ခဲ့သော်လည်း ပုဂံဓမ္မရာဇကဘုရားရှေးဟောင်းလက်ရာများ မထိခိုက်ခဲ့၊ဂေါပကမှ မူလအလှူရှင်ဖြင့် ဆက်သွယ်ပြုပြင်မည်ဟုဆို
၃။ စိုက်ပျိုးစရိတ် နှစ်ဆမြင့်လာပေမယ့် ပြောင်းဈေးမရတာကြောင့် ပြောင်းစိုက်တောင်သူတွေအခက်တွေ့နေ
၄။ တရုတ်တွင်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် အောင်ပွဲများဆက်လက်ရရှိရန် ထိုင်းပိုက်ကျော်ခြင်းအသင်းမျှော်မှန်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
စက်သုံးဆီဈေး သိသိသာသာမြင့်လာတာကြောင့် ပြည်သူတွေ လိုရာခရီးသွားလာရေးအတွက် ကုန်ကျစရိတ်ပိုသုံးနေရ
စက်တင်ဘာလ ဒုတိယအပတ် အစမှာတော့ 92 တစ်လီတာကို (၂၂၈၅) ကျပ် နဲ့ ဖြစ်နေရာမှ လက်ရှိစက်တင်ဘာလ တတိယအပတ်မှာတေ့ာ 92 တစ်လီတာကို (၂၄၄၀)ကျပ်အထိ ဖြစ်လာတဲ့ အတွက်တပတ်အတွင်း တစ်လီတာကို ကျပ်၁၅၀ ကျော် အထိဈေးမြင့်လာတယ်လို့ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
ပုဂံတွင် ရေထုတ်စနစ်ကောင်းလာ၍ အရင်လို ရေစုပ်ထုတ်ရခြင်းသိပ်မရှိတော့
"ပုဂံမှာမိုးရွာရင်ရေကြီးရေလျှံမဖြစ်အောင် ရေစီးဆင်းနိုင်မယ့်မြောင်းတွေပြန်ဖော်ထားတာဖြစ်တဲ့အတွက် မြောင်းတွေကနေကျုံးကိုရေတွေတန်းရောက်ရှိသွားတယ်"ဦးကျော်မျိုးဝင်း၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ))
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 18 September 2023
နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း ကိုစစ်ဆေးရာတွင်သတ်မှတ်ချက်များ နှင့် မကိုက်ညီသည့် ပါတီဝင်များ ပါရှိနေကြောင်း တွေ့ရှိရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က သိရ သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်း ဆုံး ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု အတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို လည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃(က)အရ စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင် ဦးရေ ပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက် စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ) နှစ်စုံဖြင့် ပြုစုတင်ပြရန် ပါတီများကို အကြောင်းကြား ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း UEC က ပြောသည်။
အဆိုပါ ပါတီဝင် အင်အားစာရင်းများမှာ မြေပြင်တွင် အမှန်တကယ် စည်းရုံးရရှိထားသော ပါတီဝင်များ ဟုတ် ၊ မဟုတ် စစ်ဆေးခံနိုင်ရေး ပါတီများကို အကြောင်းကြား ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံရေးပါတီများ က တင်ပြလာသည့် ပါတီဝင်အင်အားစာရင်းများ တိကျမှန်ကန်မှုရှိရေး ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က MLPPS နှင့် CVLMS Software များဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီး ကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ပေးပို့၍ အချက်အလက်များ မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ရာ ပါတီဝင်စာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံ သားစိစစ်ရေးကတ် အမှတ်တူသူများ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်သာ တူသူများနှင့် ဝန်ထမ်းများ၊ နေရပ်လိပ်စာပြည့်စုံခြင်း မရှိသူများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေကြောင်း စိစစ် တွေ့ရှိရကြောင်း သိရသည်။
ယခုအခါ နိုင်ငံရေးပါတီအသီးသီးက တင်ပြလာသော ပါတီဝင်အင်အား စာရင်းများကို စနစ်တကျ စိစစ် နိုင်ရေးအတွက် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများအနေဖြင့် ၎င်းတို့ စည်းရုံးရရှိပြီး ပေးပို့ ထားသည့် ပါတီဝင် အဆိုပြုလွှာများ၊ ပါတီဝင်ဖြစ်ကြောင်း အထောက်အထား (ကတ်)များ၊ အင်အားစာရင်း များနှင့်အတူ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် စစ်ဆေးမှုခံယူနိုင်ရေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 18 September 2023
စားသောက်ဆိုင်မှညှော်နံ့ထွက်သဖြင့်တိုင်ကြားရာ စည်ပင်နှင့်ပူးပေါင်းပြီးညှော်နံ့စုပ်စက်တပ်ခိုင်းပြီးဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းစားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နေထိုင်သူတစ်ဦးမှ နေအိမ်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်လျက်ရှိသည့်အတွက်ဖြေရှင်းဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ဆက်သွယ်တိုင်ကြားခဲ့ကြောင်းသိရသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက တိုင်ကြားမှုသည် စားသုံးသူနစ်နာမှုမဟုတ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့၊ မုံရွာမြို့သို့ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားခဲ့သည်။
မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်ကြားခံရသည့် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းသည် လူနေအိမ်များနှင့် နီးကပ်လျက်ရှိခြင်းကြောင့် ဆိုင်ခန်းအတွင်းရှိ မီးဖိုခန်းတွင် အစားအသောက်များ ချက်ပြုတ်ရာမှထွက်ရှိသောအနံ့ဆိုးများ၊ ညှော်နံ့များအားစနစ်တကျထုတ်လွှင့်ရန် မီးခိုးခေါင်းတိုင်များ ညှော်စုပ်ဆက်များ တပ်ဆင်ထားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းဆိုင်မှထွက်ရှိသည့် အနံ့ဆိုးများ၊ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် မီးခိုးခေါင်းတိုင်နှင့် ညှော်စုပ်စက်အား ဩဂုတ် ၁၅ရက်အပြီး တပ်ဆင်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှုမရှိပါက စည်ပင်သာယာရေး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့သည်ဟုဆိုသည်။
ဩဂုတ်၁၆ရက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်ကြားခံရသည့် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဝန်ခံကတိပြုထားသည့်အတိုင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ပေးပို့အကြောင်းကြားလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဆက်သွယ်ရှင်းလင်းပြောကြားခဲ့ရာ ကျေနပ်မှုရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 18 September 2023
မလေးရှားနိုင်ငံ၌ အလုပ်သွင်းပေးမည်ဟုဆိုပြီး မြန်မာလုပ်သားတစ်ဦးထံမှ ကားသမားပွဲစားက ရင်းဂစ်(၈၀၀) လိမ်လည်မှုဖြစ်ခဲ့ကြောင်း နှလုံးလှပရဟိတအသင်း(သွေးလှူရှင်များအဖွဲ့)မှသိရသည်။
မလေးရှားနိုင်ငံ၊ပီနန်းဘာတာဝပ်မြို့တွင် ကားသမားရင်းပွဲစားက ကေအယ်သို့ ရင်းဂစ် ( ၈၀၀ )ယူ၍ခေါ်လာခဲ့ပြီးအလုပ်လည်းသွင်းမပေးဘဲ လမ်းတစ်နေရာတွင်ထားခဲ့၍ တံတားအောက်တွင်
စေရာ၊ စားစရာမရှိဘဲ ၃ရက်ကြာနေထိုင်ခဲ့ကြောင်းသိရသည်။
"မလေးရှားရောက်တာ ၉လ ကျော်ရှိသေးတယ်လို့သိရတယ်။ အထောက် အထားလည်းမရှိ၊ အသိမိတ်ဆွေလည်းမရှိဘဲနဲ့ ထမင်းမစားရတာ ၃ရက်၊ ၄ရက်လောက်ရှိနေပြီး တံတားအောက် မှာနေခဲ့တယ်လို့သိရတယ်။ နှလုံးလှအဖွဲ့ကို အကူအညီတောင်းခံလာတဲ့အတွက် ပူချွန်းမြို့နယ်ထဲမှာသွားရောက်ခေါ်ယူခဲ့ပါတယ်"ဟု နှလုံးလှပရဟိတအဖွဲ့ကသိရသည်။
အဆိုပါအမျိုးသားမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အင်းရှည်ကျေးရွာမှ မောင်ကျော်ကျော်ဌေးဖြစ်ကြောင်းသိရသည်။
ယခုအချိန်တွင်မလေးရှား၌ လူလိမ်ပွဲစား၊လူလိမ်ကားသမား၊ လူ လိမ်ငွေလွဲ များအရမ်းများနေ၍ အတု၊ အစစ် သတိပြုပြီးဂရုစိုက်ပေးကြရန်လည်း နှလုံးလှပရဟိတအဖွဲ့မှအသိပေးထားသည်။
Yangon Times/PP
Photo-နှလုံးလှပရဟိတသွေးလှူရှင်များအဖွဲ့
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 827 of 1973