ရန်ကုန်၊ ပဲခူး ၊ဧရာဝတီဒေသများ စက်တင်ဘာ(၂၈)တွင် မုတ်သုန်စတင်ဆုတ်ခွာမည်
‘စက်တင်ဘာလ(၂၂)ရက်မှ(၂၇)ရက်အတွင်း မန္တလေး၊နေပြည်တော် ၊မကွေး ၊မုံရွာစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေနဲ့ စက်တင်ဘာ(၂၈)ရက်မှ အောက်တိုဘာ(၃)ရက်အတွင်း ရန်ကုန် ၊ပဲခူး ၊ဧရာဝတီစတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မုတ်သုန်လေဆုတ်ခွာသွားမှာဖြစ်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times/tthl
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
ကမ္ဘာ့ရေနံစိမ်းဈေးမြင့်လာတဲ့အတွက် ဈေးမြင့်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်ဟာ အခုတပတ်မှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျလာတာ တွေ့ရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digitalစနစ်ဖြင့် ပြသနိုင်အောင်ပြင်ဆင်နေ
‘ရွှေတိဂုံမှာထားရှိမယ့် Pagoda Digital Directoryမှာ ခေါင်းစဉ်အလိုက် ရွှေတိဂုံဘုရားနဲ့ပတ်သက်တဲ့ မြေပုံ၊သမိုင်း၊ ရွှေတိဂုံမှာထူးခြားထင်ရှားတဲ့ ရုပ်ပွားတော်တွေ၊ စေတီတော်တွေတစ်ဆူချင်းစီရဲ့ အချက်အလက်တွေနဲ့ အနီးကပ်ဓာတ်ပုံတွေ၊ ပန်းပု၊ပန်းပဲစတဲ့ မြန်မာမှုလက်ရာတွေ ဘယ်တန်ဆောင်းမှာ ရှိတဲ့ဆိုတဲ့ အချက်အလက်တွေကြည့်နိုင်အောင် စီစဉ်နေတယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲဝင်ဦးဘိုးသင်း
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ယာဥ်၁စီး ယနေ့နံနက်ကပက်လက်လန်တိမ်းမှောက် မှုဖြစ်ပြီး သေဆုံးသူ ၁ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ၁ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ် (၂၆)တွင် စက်တင်ဘာလ ၂၂ရက် နံနက် ၉နာရီ ၃၅မိနစ်အချိန်ခန့်က ယာဉ်(၁)စီး တိမ်းမှောက် မှုဖြစ်ပွားပြီး လူ(၂)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက်ယာဉ်မောင်းအမျိုးသား(၁)ဦး(သေဆုံး)၊ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 22 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ ၁၀မိုင် အောင်သုခလမ်းတွင် ယနေ့နံနက်က မီးလောင်မှုဖြစ်ခဲ့၍ ကားတစ်စီးနှင့်အိမ်တစ်ခြမ်းမီးလောင်ကျွမ်းခဲ့ကြောင်း လူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၁ရက် ည၁ဝ နာရီ ၂၂မိနစ်က ကားဂိုဒေါင်မှမီးစတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ အင်းစိန်မီးသတ်နှင့်အတူ SuperMyanmar မှ မီးသတ်အထောက်အကူပြု ရေဘောက်ဆာ ( ၂ ) စီး၊ကနောင်အသင်း မှ မီးသတ်အထောက်အကူပြု ရေဘောက်ဆာ ( ၁ ) စီး၊Insein Volunteer Team အဖွဲ့ဝင်အသင်းများမှ သွားရောက်ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ည ၁၀ နာရီ ၄၁မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီးမီးလောင်မှုဖြစ်စဥ်ကြောင့် ကား၁စီးနှင့် နေအိမ်တစ်ခြမ်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
ယခင်အစိုးရလက်ထက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း သီဟပျံချီ နာဲသိုက်လောန်(ခ)နိုင်သက်လွင်သည် စက်တင်ဘာလ(၂၀)ရက်တွင်ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင်အသက်(၈၃)နှစ်ရှိပြီဖြစ်ပြီး ရန်ကုန်မြို့တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ(၂၂) ရက်တွင်မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုဿန်သို့ပို့ဆောင်သဂြိုဟ်သွားမည်ဖြစ်ပြီး စက်တင်ဘာ(၂၃)(၂၄)ရက်တွင် ရက်လည်ဆွမ်းကျွေးတရားတော်နာမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း)နိုင်သက်လွင်ကွယ်လွန်သွားသည့်အတွက် မွန်နိုင်ငံရေးအသိုင်း အဝိုင်းမှဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုသည်။
ဝန်ကြီးဟောင်းနိုင်သက်လွင်သည် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို၊ မွန်ဒီမိုကရက်တစ်ပါတီ(MDP)၏ဒုဥက္ကဌဖြစ်ခဲ့ကြောင်း၊မွန်ပါတီနှစ်ခုပူးပေါင်းကာ မွန်အမျိုးသားပါတီ(MNP) အဖြစ်အမည်ပြောင်းလဲရာတွင်လည်း မွန်အမျိုးသားပါတီ(MNP)တွင် ပါတီဒုဥက္ကဌ(၁)အဖြစ်တာဝန်ထမ်း ဆောင်ခဲ့ဖူးကြောင်းသိရသည်။
၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက်တွင် သမ္မတဦးထင်ကျော်အဆိုပြုချက် ဖြင့် မွန်အမျိုးသားပါတီမှ အနားယူကာ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ ကြောင်းနှင့် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ဖခင်လည်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း)နိုင်သက်လွင်ကွယ်လွန်သွားသည့်အတွက်ဝမ်းနည်းကြောင်းကို မွန်ပြည်နယ်ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှလည်းဖော်ပြထားသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
လာမည့် ခရီးသွား ရာသီ မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဦးစားပေးသွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ထားသည်။
အဆိုပါ ခရီးစဉ်ဒေသ ၁၄ ခုတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုစသည့် ခရီးစဉ်ဒေသ ၁၄ ခုတို့၏ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဦးစားပေးသွားရောက်လည်ပတ်နိုင်ရန် ဝန်ကြီးဌာနက အကြံပြုထားသည်။
ယင်းဒေသ များ သည်သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ သာယာလှပကောင်းမွန်သည့် ရာသီဥတုနှင့်တောတောင်ရေမြေသဘာဝများဖြင့် ရှိနေသဖြင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကအကြံပြုထားခြင်း ဖြစ်သည်။
အဆိုပါခရီးစဉ်ဒေသ ၁၄ ခု၏ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့်သွားလာလည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ website များဖြစ်သော www.tourism. gov.mm နှင့် www.tourisminmyanmar. com တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 821 of 1973