ရာဘာအစေးခြစ်လုပ်သားတွေ အနေနဲ့ ပြည်ပကိုသွားရောက်လုပ်ကိုင်သူများလာပြီး နယ်မြေအေးချမ်းမှုရှိ မရှိကိုရွေးကာ အလုပ်လုပ်လက်ခံလာတဲ့အတွက် ရာဘာအစေးခြစ်လုပ်သားရှားပါးမှု ဖြစ်လာတယ်လို့ ဆိုပါတယ်။
Published_ 26 September 2023
# ရာဘာအစေးခြစ်လုပ်သားရှားပါး
#YMG/LW #Yangon_Times
ငလျင်နဲ့မိုးကြီးရေကြီးတာတွေကို အရေးပေါ်ကူညီကယ်ဆယ်ပေးဖို့ အသင့်ပြင်ထားပါတယ်။ ငလျင်လှုပ်ခတ်ရင်ကျောင်းတွေမှာ ကူညီကယ်ဆယ်နည်း၊ တိုက်ခန်းတွေမှာ ကူညီကယ်ဆယ်နည်းစတဲ့ ကူညီကယ်ဆယ်ရေးနည်းလမ်းတွေကိုလည်း ဇာတ်တိုက်လေ့ကျင့်ပြင်ဆင်ထားသလို ကြိုးတွေ၊ ခါးပတ်ကွင်းစတဲ့ကယ်ဆယ်ရေးပစ္စည်းတွေလည်း အသင့်ရှိတယ်’ ရန်ကုန်လူမှုကူညီရေးအဖွဲ့ချုပ်မှ ဦးထွန်းထွန်းဦး
Published_ 26 September 2023
#ငလျင်နှင့်မိုးကြီးရေလျှံ #အရေးပေါ်ကူညီကယ်ဆယ်
#tthl
#Yangon_Times
#Local_News
Published_ 26 September 2023
ထိုင်းနိုင်ငံဘန်ကောက်-ရန်ကုန်- မကွေးဒေသ (Fam Trip)ခရီးစဉ်ဖော်ဆောင်ရန်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားဈေးကွက် ဖော်ဆောင်ရန်နှင့် ထိုင်းခရီးသွားဧည့်သည်များ ဝင်ရောက်လာစေရန် ရည်ရွယ်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ခွင့်ပြုမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်း၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသား Ms.Petchsri Nonsiri ပါအဖွဲ့ဝင်(၃)ဦးတိုအားဖိတ်ခေါ်ခဲ့ပြီး ဇူလိုင်လအတွင်း ဘန်ကောက်- ရန်ကုန် - မကွေး - မင်းဘူး - ပွင့်ဖြူ - မင်းဘူး - မင်းလှ - မကွေး - ရေနံချောင်း - ရန်ကုန် - ဘန်ကောက်ခရီးစဉ် (Fam Trip) အား လာရောက်လည်ပတ်စေပြီး Fam Trip ခရီးစဉ်ကို မိတ်ဆက်ခဲ့သည်ဟုဆိုသည်။
မကွေးတိုင်းသို့လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားများသည် (၃)ညအိပ်(၄)ရက်ခရီးစဉ် Package Tour အားသဘောကျနှစ်ခြိုက်၍ ထိုင်းနိုင်ငံရှိမိတ်ဆွေများနှင့်ခရီးသွားကုမ္ပဏီများ ခရီးစဉ်ကိုဖြန့်ဝေပေးသွားမည်ဟု မျှော်လင့်ကြောင်းဖော်ပြထားသည်။
ထိုင်းခရီးသွားဧည့်သည်များသည် ခရီးစဉ်ပထမနေ့၌ မကွေးမူလမြသလွန်စေတီတော် ၊ ကမ်းနားလမ်းညဈေးတန်းနှင့် ကန်သာကန်တို အားသွားရောက်လည်ပတ်ခဲ့ပါသည်။
ခရီးစဉ်ဒုတိယနေ့တွင် မင်းဘူးမန်းရွှေစက်တော်ရာဘုရား ၊ မန်းချောင်းအတွင်း ကနူးလှေလှော်ခြင်း၊ မန်းချောင်းဆင်စခန်း၊ ရှားပါးကြယ်လိပ်များနှင့် ရွှေသမင် များအားအစာကျွေးခြင်း၊ မင်းဘူးနဂါးပွက်တောင်နှင့် စက္ကိန်းတဲဘုရားတို့အား ဖူးမြော်ကြည်ညိုခဲ့သည်။
ခရီးစဉ်တတိယနေ့တွင် မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်တိုအား ကြည့်ရှုလေ့လာပြီးနောက် ဒေသထွက်ကုန်များအား ဝယ်ယူကြကြောင်း၊ ခရီးစဉ်စတုတ္ထနေ့တွင် ရေနံချောင်းမြို့ရှိ ကျောက်စာရုံ၊ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများ၊ သဘာဝလှပသော ရေနံချောင်း ဂျပ်ကြားနှင့် ဒေသခံများ၏ လူနေမှုသဘာဝများကို ကြည့်ရှုလေ့လာကြောင်း သိရသည်။
#tthl #Local_News #ဘန်ကောက်-ရန်ကုန်-မကွေး #(Fam Trip)
#Yangon_Times
‘ဟောင်ကောင်မှာကျင်းပမယ့် ‘ဟောင်ကောင်ပါဖောင့်မန် အနုပညာကုန်စည်ပြပွဲ’မှာပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရသူ(သို့မဟုတ်)ရွေးချယ်ခံရတဲ့အဖွဲ့တွေကို ခရီးစရိတ်နဲ့နေထိုင် စရိတ် ကန်ဒေါ်လာတစ်ထောင်ပေးအပ်မှာဖြစ်ပြီး ကွမ်ကျိုးနဲ့ ရှန်ကျန့်ပြည်နယ်တို့ကိုလေ့လာရေး ခရီးသွားရောက်နိုင်မှာဖြစ်တယ်’ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
Published_ 26 September 2023
#ဟောင်ကောင် #ကွမ်ကျိုးနဲ့ ရှန်ကျန့်ပြည်နယ် #အနုပညာကုန်စည်ပြပွဲ
#tthl #Yangon_Times
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ သီးနှံအချို့မှာ စိုက်ပျိုးစရိတ်နဲ့ သယ်ယူစရိတ်တွေကြောင့် ဈေးမြင့်လာပေမယ့် ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ်သွက်နေတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းပြည်ထွက်ကုန်များ ရောင်းချတဲ့ ပွဲရုံတွေထံက သိရပါတယ်။
Published_ 26 September 2023
#ရှမ်းပြည်ထွက်သီးနှံ #အရောင်းဝယ်သွက်
#YMG/LW #Yangon_Times
‘ပုဂံစေတီပုထိုးတွေနဲ့ ပုံစံတူဖန်တီးထားတဲ့ ပုံစံငယ်ဝါးနှီးလက်ရာတွေကို ပုဂံရှိဟိုတယ်တစ်ခုမှာ ထားရှိဖို့အော်ဒါမှာယူခဲ့တာမှ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံတွေရဲ့အားပေးမှု၊ ခရီးသွားတွေရဲ့ အားပေးမှုနဲ့ နိုင်ငံခြားသားတွေရဲ့စိတ်ဝင်စားမှုတွေရရှိလာတယ်လို့ ဆိုပါတယ်။ ပုဂံဒေသခံလက်မှုဖန်တီးသူ
Published_ 26 September 2023
#ပုဂံစေတီပုထိုး #ပုဂံဒေသခံလက်မှုဖန်တီးသူ
#tthl #Yangon_Times
#Local_News
Published_ 26 September 2023
မကွေးတိုင်း၊ နတ်မောက်လမ်းမတွင် အမျိုးသားတစ်ဦး ဦးနှောက် ပွင့်ထွက်၍ဒဏ်ရာများစွာဖြင့်သေဆုံးနေမှု ယမန်နေ့ညကဖြစ်ခဲ့ကြောင်း ရောင်စုံ မေတ္တာလူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဥ်မှာမကွေးမြို့နယ်၊ နတ်မောက်လမ်း ၊ ညောင်ကန်ရွာနှင့် တည်ပင်ကန်ပေါက်ရွာကြားတွင်ကားကြိတ်ခံထားရသည်ဟုယူဆရသောဦးခေါင်းပွင့်ထွက်၊ ဘယ်ခြေထောက်ကျိုုး၊ ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံး ပွင့်ထွက်၊ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာများဖြင့်အမျိုးသားတစ်ဦးသေဆုံးနေမှု စက်တင်ဘာလ ၂၅ရက် ည ၁၁နာရီ ၄၇ မိနစ်ကဖြစ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး လိုအပ်သောစစ်ဆေးချက်များရယူနိုင်ရန်အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဒဏ်ရာများဖြင့်သေဆုံး #မကွေးတိုင်း
#Yangon_Times/PP
Page 815 of 1973