ပွင့်လင်းရာသီ ရောက်လာတာကြောင့် ကြိုက်ရောင်းကြိုက်ဝယ်စနစ်မှ အလေးချိန်ပေါ်မှုတည်ပြီး ဈေးကောင်းရလာတဲ့ဆိတ်အရောင်းဝယ်ဈေးကွက်
ပွင့်လင်းရာသီ ရောက်ရှိလာတာကြောင့် အသားစား ရန် မွေးမြုထားတဲ့ ဆိတ်အရောင်းဝယ် ဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ် စနစ် မှ အလေးချိန် ပေါ် မူတည်ပြီး ဈေးရရှိလာတယ်လို့ ဆိတ်မွေးမြူရေး လုပ်ငန်းရှင်တွေထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
360 Fight Club V အမည်ရှိ မြန်မာ့ရိုးရာ လက်ဝှေ့အောင်လံ ဗိုလ်လုပွဲကို အောက်တိုဘာလ ၈ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၁၃ ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၅၂-၅၄ ကီလိုတန်း အောင်လံ ထိန်းပွဲစဉ်အဖြစ် မြတ်မြတ်ဟိန်း (လုံးချောကလပ်)နှင့် အောင်ကောင်းကျော် (Ray))၊ ၅၄-၅၇ ကီလိုတန်း အောင်လံထိန်း ပွဲစဉ်များအဖြစ် နော်နော် (Python)နှင့် အောင်ကို (Tiger Gym)၊ စိုးနောင်နောင် (ဒေါနသွေး)နှင့် သန်းလင်းအောင် (Ray)၊ ရိန်နော် (KCK )နှင့်စောထီး (ကျားမနိုင်)၊ ၅၇-၆၀ ကီလိုတန်း အောင်လံ ထိန်းပွဲစဉ်များအဖြစ် ရဲကျော်အောင် (360 Sports)နှင့် ဈာန်ထွန်း (အဖြူရောင်သွေးသစ်)၊ ကျားရိုင်း (ကျားဘုရင်) နှင့် ကဲဒိုစေး (ရိုးရာကျား)၊ မင်းခန့်စိုး (နဂါးမာန်) နှင့် အောင်ခန့် (Smart Fight) တို့ ယှဉ်ပြိုင်မည်ဟုသိရသည်။
အလားတူ ၆၀-၆၃ ကီလိုတန်း အောင်လံထိန်း ပွဲစဉ်များအဖြစ် ရိန်ကြယ်နော် (Python) နှင့် ကောင်းဆက်နိုင် (ရိုးရာကျား)၊ ညီရဲခန့် (YFC) နှင့် ရဲလင်းဇော် (Smart Fight)၊ ၆၇-၇၀ ကီလိုတန်း အောင်လံထိန်းပွဲစဉ်အဖြစ် ရဲမင်း (Python) နှင့် အဒူး(Eagle)၊ ၅၄-၅၇ ကီလိုတန်း အောင်လံဗိုလ်လုပွဲစဉ် အဖြစ် စောကဲဒို (Holy Power) နှင့် အောင်ရဲနိုင် (Power Punch )၊ ၆၀-၆၃ ဒသမ ၅ ကီလိုတန်း အောင်လံဗိုလ်လု ပွဲစဉ်အဖြစ် လောကွာဒူး (တော်ဝင်ရိုးရာ) နှင့် ဂေါ်ဒိုထူး (ရိုးရာကျား)၊ ၆၇-၇၁ ကီလိုတန်း အောင်လံဗိုလ်လု ပွဲစဉ်အဖြစ် အာကာဖြိုး (Tiger Gym) နှင့် ဇော်သက်နောင် (Knight) တို့ ယှဉ်ပြိုင်မည်ဟုသိရသည်။
အဆိုပါပြိုင်ပွဲအတွက် လက် မှတ်ခများကို ရိုးရိုးတန်း ၁၀၀၀၀ ကျပ် ၊ အထူးတန်း ၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး 360 Fight Club ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူများ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
EV ကားများကို တရုတ်က အဓိကတင်သွင်းနေပြီး ဈေးကွက်အတွင်း ကြိုက်နှစ်သက်မှုများရှိနေ
ကိုးလတာအတွင်း EV ကားစီးရေ ကိုးရာကျော် မှတ်ပုံတင်ထား
Yangon_Times/NN
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပူတာအို ရေခဲတောင်တက်ခရီးစဉ်များအတွက် လေကြောင်းခရီးစဉ်များတိုးသင့်
‘ ပူတာအိုကို လေကြောင်းခရီးစဉ် တစ်ပတ်တစ်ကြိမ်သာရှိပါတယ် ။ လေကြောင်းခရီးကိုသာ အားပြုသွားလာရမှာဖြစ်လို့ လေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲစေချင်တယ် ။ နိုဝင်ဘာမှာ တောတွင်းခရီးတွေ သွားလို့ရပါတယ် ။ ဒီနှစ်က ဒီဇင်ဘာမှ ရေစခဲမယ် ’ ပူတာအိုဒေသခံ ဧည့်လမ်းညွှန်တစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
လာမည့်အောက်တိုဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ “World Design Assembly Tokyo ” ကျင်းပသွားမည် ဖြစ်ကြောင်း UMFCCIမှသိရသည် ။
အဆိုပါ World Design Assembly” နှင့်အတူ အာဆီယံ-ဂျပန် နှစ်(၅၀)ပြည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအထိမ်းအမှတ် အာဆီယံနှင့်ဆက်စပ်သည့် အခမ်းအနားများ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည် ။
အာဆီယံ-ဂျပန်စင်တာ (AJC) အနေဖြင့် Japan Institute of Design Promotion (JDP)၊ World Design Assembly နှင့် အာဆီယံဒေသတွင်း တီထွင်ဆန်းသစ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက်အာဆီယံဒေသတွင်း နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ထုတ်ကုန်များ၊ ဒီဇိုင်းထုတ်ကုန်များ၊ ပြသနိုင်ရေးအတွက်မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါ World Design Assembly တွင် အာဆီယံနိုင်ငံ တစ်နိုင်ငံလျှင် ကုမ္ပဏီ (၅) ခု (သို့မဟုတ်) ထုတ်ကုန် (၅) ခုစီ ပြသနိုင်ရေး လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြခန်းကို အာဆီယံ-ဂျပန်စင်တာမှ ပံ့ပိုးမည်ဖြစ်၍ ကျန်ကုန်ကျစရိတ်ကို ပြသသည့်ကုမ္ပဏီမှ ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည် ။
ထို့ကြောင့် “World Design Assembly Tokyo” နှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင်တက်ရောက် ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ အသင်းသားများ၊ ညီနောင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့ အမည်၊ Email Address ၊ ဖုန်းနံပါတ် နှင့် ပြပွဲတွင်ပြသမည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်စာရင်းတို့နှင့်တကွ ပူးတွဲပါ FORM အား ပြည့်စုံစွာ ဖြည့်စွက်၍ (၁၁.၁၀.၂၀၂၃) ရက်နေ့ထက်နောက်မကျစေပဲ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ Email:
ထို့အပြင် ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email:
#Yangon-Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
လျှပ်စစ်လိုအပ်ချက်ရှိနေ၍ ကာဇက်စတန်နိုင်ငံမှ ပတ်ဝန်းကျင်မထိခိုက်စေဘဲ ကျောက်မီးသွေးမှလျှပ်စစ်ထုတ် ယူနိုင်ရေးနည်းပညာများကို မြန်မာနိုင်ငံမှစွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက လေ့လာခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ စွမ်းအင်ဖိုရမ်ကိုတက်ရောက်ရန် မြန်မာနိုင်ငံမှ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astanaမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံ မှစွမ်းအင်ဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးနှစ်ဦးတွေ့ဆုံစဉ် မြန်မာနိုင်ငံမှစွမ်းအင်ဝန်ကြီးက ‘မြန်မာနိုင်ငံတွင်ကျောက်မီးသွေးထွက်ရှိသော်လည်းထိရောက်စွာအသုံးမချနိုင်သေးကြောင်း၊မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေ၍ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန်လည်းကြိုးပမ်းလျက်ရှိနေကြောင်း၊ ကာဇက်စတန်နိုင်ငံသည်ကျောက်မီးသွေးထွက်ရှိသည့်နိုင်ငံဖြစ်သလို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏၇၀ရာ ခိုင်နှုန်းကိုကျောက်မီးသွေးမှထုတ်လုပ်လျက်ရှိသည်ဟုသိရှိရကြောင်း၊
ယင်းကဲ့သို့ထုတ်လုပ်လျက်ရှိသည့်အတွက် ပတ်ဝန်းကျင်မထိခိုက်စေဘဲ ကျောက်မီးသွေးမှလျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာ၊Human Resourceဆိုင်ရာများ၊အထူးသဖြင့်ရေနံရှာဖွေရေးဘာသာရပ်၊ရေနံအင်ဂျင်နီယာဘာသာရပ်၊ ရေနံဓာတုဗေဒဘာသာရပ်နှင့်သတ္တုဗေဒဘာသာရပ်များကို Academicသာမဟုတ်ဘဲ On Job Trainingများပေး နိုင်ရန်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါကာဇက်စတန်နိုင်ငံမှကျောက်မီးသွေးစက်ရုံများသည် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့နှစ်မျိုးလုံး အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်ပြီး လောင်ကျွမ်းပြီးကျောက်မီးသွေးပြာများကို နည်းပညာ အသုံးပြုပြီး အဆင့်ဆင့်သန့်စင်ကြောင်း၊၉၉ရာခိုင်နှုန်းသန့်စင်ပြီးလေထဲသို့လွှင့်ထုတ်ကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်း ပြည်ထောင်စုဝန်ကြီးကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#Yangon-Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
ရိုးရာလှေ(နဂါးလှေ)မီတာ(၁၀၀၀)ပြိုင်ပွဲတွင် မြန်မာအမျိုးသား လှေလှော်အသင်းမှ တတိယဆုကြေးတံဆိပ်ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံအတွက် အာရှအဆင့် တတိယမြောက်ဆုတံဆိပ်ကို အမျိုးသား မီတာ ( ၁၀၀၀ ) နဂါးလှေအားကစားနည်းမှ ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၊ဟန်ကျိုးတွင်ကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲမှရွှေတံဆိပ်ဆု၊ မြန်မာလှေလှော်အသင်း အမျိုးသမီးမီတာ၅၀၀ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်နှင့် ယခု နဂါးလှေမီတာ(၁၀၀၀)ပြိုင်ပွဲတွင် မြန်မာအမျိုးသား လှေလှော်အသင်းမှ တတိယဆုကြေးတံဆိပ်ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
#Yangon-Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 802 of 1975