#Local_News
Published 30 August 2024
▪️ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံ၌ UD Quester အမျိုးအစားစက်သုံးဆီတင်ယာဉ်နှင့် Nissan အမျိုးအစား ကုန်တင်ယာဉ်တို့ တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ်၃၀ရက်နေ့၊ နေ့လယ်၁၂ နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံတွင် UD Quester အမျိုးအစားစက်သုံးဆီတင်ယာဉ်နှင့် Nissan အမျိုးအစား ကုန်တင်ယာဉ်တို့ တိုက်မိတိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်ဈေးကွက်အတွက်စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ
တီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေ မြင့်တက်လာပြီး 92 တစ်လီတာ ၃၁၀၀ ကျပ်ဖြစ်လာတယ်လို့ သိရပါတယ်။
#Local_News
Published 30 August 2024
#ဓာတ်ဆီ၊ဒီဇယ်ဈေးတက် #92တစ်လီတာ၃၁၀၀ကျပ်
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ ဩဂုတ်လ(၃၀)ရက်မှာတစ်ရက်တည်း(၆)ဒေါ်လာတက်လာသလို မြန်မာ့ရွှေဈေးYGEAဈေးလည်း သိန်း(၅၀)ကျော်လာတယ်လို့ သိရပါတယ်။
#Local_News
Published 30 August 2024
#ကမ္ဘာ့ရွှေဈေးတက်
#YMG/tthl #Yangon_Times
နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး ရန်ကုန်အပါအဝင်
မြန်မာပြည်အနှံ မိုးသည်းထန်လာဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 30 August 2024
#လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ်၏သက်ရောက်မှု
#YMG/tthl #Yangon_Times
ရွှေနဲ့ လက်ဝတ်လက်စားဝယ်ယူရာမှာ သုံးရာခိုင်နှုန်းအထိ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမယ်လို့ ရွှေအခွန်အကောက်ဥပဒေမှာပြင်ဆင်လိုက်တာကြောင့် ဈေးကွက်အတွင်းအစပိုင်းခက်ခဲလာနိုင်သော်လည်း နောက်ပိုင်းမှာ ရွှေစျေးတွေတည်ငြိမ်သွားနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကသိရပါတယ်။
#Local_News
Published 30 August 2024
#ရွှေအခွန်အကောက်ဥပဒေပြင်ဆင် #ရွှေစျေးတည်ငြိမ်သွားနိုင်
#YMG/NN #Yangon_Times
#Local_News
Published 30 August 2024
▪️ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ခြောက်ခုမှ မြွေအကောင်ရေ ၁,၆၀၀ ဝယ်ယူလိုကြောင်း ဆေးဝါး စက်ရုံ(အင်းစိန်)မှ ထုတ်ပြန်ကြေညာထားသည်။
▪️ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများမှ ဖမ်းဆီးရမိသည့် မြွေပွေးအကောင်ရေ ၁,၂၀၀ နှင့် မြွေဟောက်အကောင်ရေ ၄၀၀ ဝယ်ယူလိုခြင်း ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ဝယ်ယူမည့် မြွေများမှာ တစ်ကောင်လျှင် ငါးဆယ်ကျပ်သားနှင့် အထက်ရှိရမည်ဖြစ်ပြီး မြွေပွေးတစ်ကောင်ကိုတစ်သောင်းကျပ်နှင့် မြွေဟောက်တစ်ကောင်ကိုကျပ်တစ်သောင်းခွဲ သတ်မှတ်ထားကာ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)ကို အရောက်ပေးပို့ရမှာ ဖြစ်ကြောင်း၊ ရောင်းချလိုသည့် အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 August 2024
▪️ အိမ်သုံးမီတာခများနှင့် လုပ်ငန်းသုံးမီတာခများကို စက်တင်ဘာလ (၁)ရက်နေ့မှစတင်ပြီး တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒီကနေ့သြဂုတ်လ(၃၀)ရက်တွင် တရားဝင်ထုတ်ပြန် လိုက်ကြောင်းသိရသည်။
▪️ ယခုလိုလျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံရသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်များ နှစ်အလိုက် မြင့်မားလာသောကြောင့် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံတာဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
▪️ အိမ်သုံးအမျိုးအစားလျှပ်စစ်မီတာခအတွက် ဓာတ်အားခကို (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၅၀ ကျပ်၊ (၅၁) ယူနစ်မှ (၁၀၀) ယူနစ်အထိ ၁၀၀ ကျပ်၊ (၁၀၁) ယူနစ်မှ (၂၀၀) ယူနစ်အထိ ၁၅၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၃၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။
▪️ အရင်က အိမ်သုံးလျှပ်စစ်မီတာခတွေဟာ (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၃၅ ကျပ်၊(၃၁)ယူနစ်မှ(၅၀) ယူနစ်အထိ ၅၀ ကျပ်၊(၅၁)ယူနစ်မှ(၇၅)ယူနစ်အထိ ၇၀ ကျပ်၊(၇၆)ယူနစ်မှ(၁၀၀)ယူနစ်အထိ ၉၀ ကျပ်၊ (၁၀၁) ယူစနစ်မှ (၁၅၀)ယူနစ်အထိ ၁၁၀ ကျပ်၊(၁၅၁)ယူနစ်မှ(၂၀၀)ယူနစ်အထိ ၁၂၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၁၂၅ ကျပ်သာ ကောက်ခံခဲ့သည့်အတွက် အခုဆိုရင်အိမ်သုံးလျှပ်စစ်မီတာခဟာ နှစ်ဆနီးပါးတိုးမြှင့်သွားမည်ဟုဆိုသည်။
▪️ ယင်းအပြင် လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခမှာ (၁)ယူနစ်မှ (၅၀၀၀) ယူနစ်အထိ ၂၅၀ ကျပ်၊ (၅၀၀၁)ယူနစ်မှ (၂၀၀၀၀)ယူနစ်အထိ ၄၀၀ ကျပ်၊ (၂၀၀၀၁) ယူနစ်နဲ့အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။
▪️ အရင်ကောက်ခံခဲ့သည့် လုပ်ငန်းမီတာခများအဖြစ် (၁)ယူနစ် မှ(၅၀၀)ယူနစ်အထိ ၁၂၅ ကျပ် အနည်းဆုံးမှ (၁၀၀၀၀၁) ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့်သာ အများဆုံးကောက်ခံခဲ့ခြင်းဖြစ်၍ အိမ်သုံးလျှပ်စစ် မီတာခတွေက (၂)ဆနီးပါး၊ လုပ်ငန်းသုံးမီတာခများမှာမူ (၃)ဆနီးပါး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 81 of 1767