တစ်နိုင်ငံလုံး ငရုတ်စိုက်ဧက သုံးဆတက်
စိုက်ဧကတိုးလာခြင်းနှင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ငရုတ်အစိုအခြောက်ဈေးနှုန်းတွေ ကျဆင်းနေ
Yangon_Times/NN
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးမြစ်ရေ ဆက်လက်မြင့်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေရ
အခုတစ်ကြိမ် ပဲခူးမြစ်ရေ မြင့်တတ်မှုဟာ စံချိန်တင်ဖြစ်ခဲ့တာကြောင့် ပဲခူးမြို့ပြင် မြေနိမ့်ပိုင်းနေရာတွေသာမက မြိုတွင်းမှာပါ ရေဝင်ရောက်မှု များနေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကယ်ဆယ် ထားရ ကာ ကယ်ဆယ်ရေးစခန်း ၄၀ကျော်ခန့် ရှိနေပြီလို့ ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
လှည်းကူးတွင် ရေနစ်မြုပ်ပြီး လူထောင်ချီ၊ သောင်းချီ ရေဘေးသင့်နေ
‘အခုလှည်းကူးမြို့နယ် ရေနစ်မြုပ်တာဟာ အရင်တစ်ခါနစ်မြုပ်တာထက်ပိုဆိုးပြီး နေရာတိုင်းလိုလိုမှာ နစ်မြုပ်နေတဲ့အတွက် ရေနစ်မြုပ်သေဆုံးမှုမရှိအောင် ကူညီကယ်ဆယ်ရေးတွေဆက်တိုက်ဆောင်ရွက်နေရပြီး မြို့နယ် ကြက်ခြေနီအဖွဲ့အင်အားနဲ့ မလုံလောက်တဲ့အတွက် တိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့တွေကိုပါ အင်အားအကူ အညီတောင်းခံထားတယ်’ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ပဲခူးမြို့ရေကြီးမှုအတွက် သဘင်အစည်းအရုံး(ဗဟို)မှ ဒေသခံများအားသွားရောက်လှူဒါန်း
ခြင်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ သိရသည် ။
ထိုသို့သွားရောက်လှူဒါန်းရာတွင် ဆန်အိတ်များ၊ ထမင်းဗူးများ၊ ဆေးဝါးများ နှင့် ဖယောင်းတိုင်များ စသည့်လူဦးရေ (၂၀၀) စာ အတွက်အလှူပစ္စည်းများ လှူဒါန်းကြမည်ဖြစ်
ကြောင်းသိရသည်။
ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် ပဲခူးမြို့ရေကြီး ရေလျှံမှုကြောင့်အခက်အခဲများ ကြုံတွေ့နေရသည့် သဘင်မိသားစုများနှင့် ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီလှူဒါန်းရန်အတွက် ဗဟိုသဘင်မှ ဥက္ကဌ၊ ဒုဥက္ကဌ တို့ ဦးဆောင်လျှက်ပဲခူးမြို့သို့ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဆက်လက်၍လည်း လိုအပ်ချက်များကိုဖြည့်စွက် လှူဒါန်းသွားမည် ဖြစ်ပါသဖြင့် လုပ်အားဒါန၊ အလှူငွေ အလှူပစ္စည်းဒါန ပါဝင်လိုသူ စေတနာရှင်များ အနေဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ရုံး ဖုန်း- 018371528 သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon_Time/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ကျိုက်ထိုမြို့နယ်တွင်လူနာတစ်ဦး၏ ကျောကုန်းအကြိတ်လုံးကိုခွဲစိတ်ရာမှ ကလေးငယ်တစ်ဦး၏ခြေချောင်း ပုံသဏ္ဍန် ထူးဆန်းစွာထွက်ပေါ်လာကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင်"ယနေ့ခွဲစိတ်မှုတွေထဲမှာ ထူးဆန်းတဲ့လူနာတစ်ယောက် တွေ့ရပါတယ်။လူနာရဲ့ နောက်ကျောကုန်းအကြိတ်လုံးကို ခွဲစိတ်ကုသရာမှ ပုံပါအတိုင်းကလေးတစ်ယောက်ရဲ့ခြေချောင်းလေးများသဖွယ် အကြိတ်လုံးလေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်"ဟု ပါရှိသည်။
အောက်တိုဘာလ ၉ရက်တွင် ခွဲစိတ်ကုသမှုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ထားသည်။
Yangon-Times/PP
Photo-ကျိုက်ထိုမြို့နယ်ကျန်းမာရေးဉီးစီးဌာန
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published 09 October 2023
လတ်တလောတွင် မျက်စိနာရောဂါ(ခေါ်)မျက်မြှေးရောင်ရောဂါဖြစ်ပွားမှုများနေ၍ သတိပြုကာကွယ်ရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်သည်။
ရောဂါဖြစ်သူ၏အသုံးအဆောင်များကို အသုံးပြုခြင်း၊ အနီးကပ်အတူနေထိုင်ခြင်းများကြောင့်ရောဂါအလွယ်တကူ ကူးစက်နိုင်ကြောင်း၊ စာသင်ခန်းများတွင် ကျောင်းသားတစ်ဦးမှ တစ်ဦး၊မိခင်မှကလေးငယ်သို့ကူးစက်နိုင်သဖြင့် အထူးသတိပြုရှောင်ရှားရန်လိုအပ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားချိန် (၅)ရက်မှ(၇)ရက်အထိကြာမြှင့်သည်ဟုဆိုသည်။
ရောဂါဖြစ်သူ၏အသုံးအဆောင်အထူးသဖြင့် အလှပြင်ပစ္စည်း၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါများ အခြားသူများနှင့်အတူတူအသုံးမပြုသင့်ကြောင်း၊ လက်ကိုင်ပဝါအစားတစ်ရူးကိုသုံးသင့်ကြောင်း၊ ရောဂါဖြစ်သူ၏အဝတ်အစားများကို သီးသန့်လျှော်သင့်ကြောင်းထုတ်ပြန်ထားသည်။
မျက်စိနာနေသူသည် မျက်လုံးတစ်ဝိုက်သန့်ရှင်းရေးပြုလုပ်ပေးပြီး မျက်ရည်တု၊ မျက်စဉ်းဆေးရည်(Artificial Tear Eye Drops)ကို တစ်နေ့သုံးလေးကြိမ်ခတ်နိုင်ကြောင်း၊ မျက်စိသန်သန့်ရှင်းရေးမလုပ်မီနှင့် မျက်စဉ်းမခတ်မီ လက်ကို ဆပ်ပြာဖြင့်သန့်ရှင်းစင်ကြယ်စွာဆေးကြောပေးရမည်ဖြစ်ကြောင်း၊ မသက်သာပါကနီးစပ်ရာဆေးရုံ၊ဆေးပေးခန်းများသို့ သွားရောက်သင့်ကြောင်းဖော်ပြပါရှိသည်။
အခြားသူများထံရောဂါမကူးစက်စေရန်အတွက် မျက်စိနာနေသူသည် မျက်စိကိုမကိုင်မိစေရန်နှင့် အကာအကွယ် မျက်မှန်တပ်ထားသင့်ကြောင်း ရောဂါကာကွယ်ရေးနှိုးဆော်ချက်တွင် ဖော်ပြထားသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အစ္စရေးတွင်လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် လုံခြုံရေးအခြေအနေအရ အရေးတကြီးလိုအပ်ချက်မရှိပါက နေအိမ်အတွင်း သာနေထိုင်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှအောက်တိုဘာလ ၉ရက်တွင်အသိပေးချက်ကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် အစ္စရေးနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီးလိုအပ်ချက်မရှိပါက မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန် ၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ထားသည်။
အစ္စရေးရောက် မြန်မာနိုင်ငံသားများအနေဖြင့်(က) မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄ Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇ (ခ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊ နေပြည်တော်Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄သို့ဆက်သွယ်နိုင်ပြီး အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ပါရန် တိုက်တွန်းထားကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 798 of 1975