#Daily_News
Published_ 19 October 2023
၁။ တညင်းကုန်းဈေးရှိ ဈေးသည်များကို လုပ်ငန်းတိုးချဲ့နိုင်ဖို့ MSME ချေးငွေ ထုတ်ချေးပေးမည်
၂။ သီတင်းကျွတ်ကာလအတွက် ကားအငှား ကြိုတင်ငှားရမ်းမှု များပြားနေပြီး ပုဂံဟိုတယ်များလည်း ဘိုကင်ပြည့်နေ
၃။ ဂျပန်အရည်အချင်းစစ်(JLPT) စာမေးပွဲ ဖြေမည့်သူများ သိသင့်သည့်အချက်များကို စာမေးပွဲကျင်းပရေးကော်မတီမှရှင်းလင်းမည်
၄။ ပါလက်စတိုင်း အစ္စရေး ပဋိပက္ခကြောင့် လူပေါင်း ၄၂၀၀ကျော် သေဆုံးထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 19 October 2023
သီတင်းကျွတ်ပွဲတော် ကာလအတွက် အထူးရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါကဲ့သို့ ပြေးဆွဲရာတွင် ရန်ကုန်_နေပြည်တော် ၊ရန်ကုန်_မန္တလေး၊ရန်ကုန်_ပြည် အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
" သီတင်းကျွတ် အခါကြီးရက်ကြီးဆိုရင် ဝန်ထမ်းရထားပြေးဆွဲပေးတယ် ။ခရီးသည်တွေအတွက်လည်း ထပ်မံတိုးချဲ့ပြေးဆွဲပေးတယ် ။လက်မှတ်တွေကိုလည်း အခက်ခဲမရှိအောင် ဆောင်ရွက်ပေးသွားပါမယ် "ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်_နေပြည်တော်၊ရန်ကုန်_မန္တလေး၊ရန်ကုန်_ပြည်အထူးရထားများ၏ လက်မှတ်ခနှုန်းထားများမှာ ပြောင်းလဲခြင်းမရှိဘဲ တစ်ဆင့်မြှင့်ထားသည့် မူလနှုန်းထားအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် အထူးရထား ရိုးရိုးတန်းအတွက် လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ လေးရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင်ဒေသ(၁၁)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အောက်တိုဘာလ(၂၀)ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။
မနက်ဖြန်အောက်တိုဘာလ(၂၀)ရက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြေရှိကြောင်း ပြီးခဲ့သည့်ရက်များကခန့်မှန်းချက်ထုတ်ပြန်ထား သည်။
ထူးခြားသည့်အခြေအနေအဖြစ် အောက်တိုဘာမြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း “စန်ဘ” (Sanba) သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
မော်လမြိုင်မဟာမြတ်မုနိဘုရားကြီးတွင် ရွှေသားအတိ ဥသျှောင်မကိုဋ်တော်လှူဒါန်းထား
‘မော်လမြိုင်မြို့သူ၊မြို့သားတွေစုပေါင်းပြီး မဟာမြတ်မုနိဘုရားကြီး ရဲ့ ဥသျှောင်မကိုဋ်တော်ကို ရွှေစင်ရွှေသားအတိဖြင့် ပူဇော်ထားပြီး ဘုံအားလုံးကို ရွှေစင်ရွှေသား (၁)ပိသာ (၂၈)ကျပ်သားကျော်လှူဒါန်း ပူဇော်ထားတယ်’ မော်လမြိုင်မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲမှတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပဈေးကွက် မရှိသည့်အပြင် တရုတ်မှ တင်သွင်းနေတာကြောင့် အာလူးစိုက်တောင်သူတွေ ဈေးကောင်းမရဖြစ်နေ
စိုက်ပျိုးရေး နည်းပညာလိုအပ်ချက်တွေကြောင့် ပြည်ပဈေးကွက်မရှိတဲ့ အာလူးကို တရုတ်မှလည်းပြန်လည် တင်သွင်းလာတဲ့အတွက် ပြည်တွင်းက အာလူးစိုက်ပျိုးတဲ့ တောင်သူတွေဟာ ဈေးကောင်းရရှိမှု မရှိဘူးလို့ ရှမ်းပြည်တောင်ပိုင်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-19 October 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ (၁)ဦး ဓားဖြင့် အခုတ်ခံခဲ့ရပြီး စိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။
ပြင်ဦးလွင်မြို့၊ ရက က(၁၉)၊ငါးရံ့ ချောင်းတွင် အောက်တိုဘာ (၁၉) ရက် နံနက်ပိုင်းတွင် အမျိုးသား၂ဦး ရန်ဖြစ်စကားဖြစ်ခဲ့ပြီး အမျိုးသား၁ဦး ဓားဖြင့်ခုတ်ခံရပြီး ဘယ်ဘက်နားရွက်နှင့် နောက်စေ့ပြတ်ရှပြီး စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ဓါးဖြင့် အခုတ်ခံရသူ အမျိုးသားမှာ (စိုးရိမ်ရ) ဒဏ်ရာရခဲ့သောကြောင့် အခင်းဖြစ်ရာ နေရာမှ ပြည်သူ့ဆေးရုံကြီး OPD သို့ သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ အရေးပေါ်သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-19 October 2023
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက် မှုများနှင့် ငွေလက်ငင်း အကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆) မျိုး အနက် (၂) မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရေး မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီးဆောင်ရွက်နေကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုလျက်ရှိသည်။
အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ် ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၂၅ ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း ၁၈ ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၂ ခန်း၊ Mobile Medical Unit ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမား ၁၁၅၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်း ၁၃ ခန်း၊ ဌာနကြီးဆေးခန်း ကိုးခန်း၊ စာချုပ်ဆေးခန်း လေးခန်းတို့ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ အာမခံအလုပ်သမား လူနာ ၅၃၈၆၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လူနာ ၉၁၈၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၁၃၁၃ ဒသမ ၀၇၈ သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 781 of 1977