အထက်အညာဒေသတွေမှာ မိုးရွာသွန်းမှုများခဲ့တဲ့အတွက် ထန်းရည်ထွက်ရှိမှုနှုန်းများတာကြောင့် ရာသီကုန်ချိန် ဖြစ်ပေမယ့် ဈေးကွက်အတွင်း ထန်းလျက်ကုန်အဝင်များနေသေးတယ်လို့ ညောင်ဦးဒေသရှိထန်းလျက် အရောင်းအဝယ်လုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 28 October 2023
#ထန်းရည်ထွက်ရှိမှုနှုန်း #ညောင်ဦးဒေသ #ထန်းလျက်
#YMG/LW #Yangon_Times
#Local_News
Published_ 28 October 2023
မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများက နိုင်ငံ၏ဆေးဝါး လိုအပ်ချက်များရဲ့ ၁၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်တယ်လို့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။
ထို့ကြောင့် ဆေးဝါးများပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးအင်ဂျင်နီယာ ပညာရပ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာ ပညာရပ်အရာရှိအဆင့်သင်တန်း သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ပါတယ်။
သင်တန်းတွင် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုအင်ဂျင်နီယာပညာရှင်များက ၎င်းတို့၏ လုပ်ငန်းခွင်နယ်ပယ်အတွေ့အကြုံ၊ ပညာရပ်များကို သင်ကြားပို့ချပေးပြီးဖြစ်၍ ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းများကို ပိုမိုသိရှိလာမယ်လို့ ဆိုပါတယ်။
လုပ်ငန်းများဆောင်ရွက်နေတဲ့ ပညာရှင်များအနေဖြင့် နားလည်တတ်ကျွမ်းတဲ့ နယ်ပယ်အတွင်း၌ ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။
#Local_News #ပုဂ္ဂလိကဆေးဝါးစက်ရုံများ #ဆေးဝါးလိုအပ်ချက်
#ymg_mnn #Yangon_Media_Group
#Local_News
Published-28 Oct 2023
တရားဝင်ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပို့သူများကို ကန်ဒေါ်လာနှစ်သိန်းအစား ကန်ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ်လိုက်ပြီး၊ တစ်ဉီးချင်းတင်သွင်းမှုအပြင် ယာဉ်တန်ဖိုးမပြည်မီပါက စုပေါင်းတင်သွင်းရန်လည်းခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ကြေညာချက်တွင် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင် အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်းအမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက်လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသောလျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တစ်နှစ်လျှင်တစ်စီးနှုန်းကို အောက်တိုဘာ ၁၆ ရက်နေ့မှစတင်ရေတွက်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့လျှပ်စစ်သုံးမော်တော်ယာဉ်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအား တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်သွင်းရန်ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍တင်သွင်းမှုကိုလည်းကောင်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များအသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန်ရည်ရွယ်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများကမိမိတို့ရရှိသည့် လစာငွေသို့မဟုတ်အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ဘဏ်လမ်းကြောင်းမှ တဆင့်ပြန်လည်လွှဲပို့ခြင်းအပေါ်အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Local_News #ကန်ဒေါ်လာနှစ်သိန်းအစား #စုပေါင်းတင်သွင်း #ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ် #Yangon Times
#Local_News
Published_ 28 October 2023
ရန်ုကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဥ်မြို့တော်တွင် မိန်းကလေးငယ်တစ်ဦး မိုးကြိုးထိမှန်ပြီးသေဆုံးသွားကြောင်း ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ သိရသည်။
မိုးကြိုးပစ်ခံရသော လူနာသမီးငယ်အားအချိန်မီပို့ဆောင်နိုင်ရေးကူညီပေးနေစဥ် ဆေးခန်းမရောက်ခင်သေဆုံးခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာလ၂၇ ရက် ညနေ ၄ နာရီကျော်မှာ မိုးကြိုးပြင်းထန်စွာပစ်ခဲ့ပြီး ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်သူမိန်းကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။
မိုးကြိုးထိမှန်သေဆုံးသူမှာ မိနီမ(ခေါ်)မပွင့်ဝတီကျော်၊ အသက်၁၁နှစ်၊ ၁၄လမ်း C ထိပ် ကျွန်းရွှေဝါလမ်းမကြီးပေါ်(ယုဇနဥယျာဥ်မြို့တော်) နေထိုင်သူတစ်ဦးဖြစ်ပြီး ယုဇနဥယျာဉ်အခြေစိုက် ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ အချိန်မီ ဆေးကုသနိုင်ရန် ကူညီပို့ဆောင်ခဲ့သော်လည်း လမ်းမှာပင်ကွယ်လွန်သွားကြောင်း သိရသည်။
#Local_News #မိုးကြိုးထိမှန် #မိန်းကလေးငယ်တစ်ဦးသေဆုံး #tthl #Yangon_Times
#Local_News
Published 28 October 2023
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ညမထွက်ရ အချိန်ကို အနည်းငယ်စီဖြေလျော့ သတ်မှတ်ပေးလိုက်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများထံက သိရသည်။
ယခင်က ညမထွက်ရ အချိန်ကို ည ၁၂နာရီမှ နံနက် ၄နာရီအထိ သတ်မှတ်ထားခဲ့ကာ အောက်တိုဘာ ၂၇ ရက်မှစပြီး ညမထွက်ရ အချိန်ကိုနံနက် ၁နာရီမှ ၃နာရီအထိ ဖြေလျော့လိုက်ကြောင်း သိရသည်။
''ညမထွက်ရအချိန် ဖြေလျော့လိုက်တာကောင်းပါတယ်၊ အကုန်ပယ်ဖျက်ရင်တော့ ပိုအဆင်ပြေတာပေါ့ အရေးပေါ်အပြင်ထွက်ရတဲ့အခါမျိုးမှာ အချိန်စောင့်စရာ မလိုတော့ဘူး၊ အခု နံနက်၁နာရီ ကနေ ၃နာရီအထိ ပြောင်းလိုက်တော့ ဈေးရောင်းထွက်ချိန် နည်းနည်းပိုစောထွက်လို့ရသွားတယ် အရင်ထက်တော့ အဆင်ပြေသွားပါတယ်'' ဟုရန်ကုန် မြို့နေပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ညမထွက်ရအချိန် ဖြေလျော့ကြောင်း ထုတ်ပြန်ချက်ကို မြို့နယ်အုပ်ချုပ်ရေးရုံးများကို အောက်တိုဘာ ၂၇ ရက်က ပေးပို့ထားပြီး ယင်းထုတ်ပြန်ချက်တွင် မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့် အပြုအမှုတစ်စုံတစ်ခုမှ မပြုလုပ်ရန် နှင့်မြို့နယ်အတွင်းရှိ လမ်းမကြီး၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြားနှင့်ဥယျာဉ်သို့မဟုတ်အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် လူ ၅ ဦးနှင့် ၅ ဦးအထက် ပိုသူများ စုဝေးခြင်း မပြုရန် တားမြစ်ထားကြောင်းကို ထုတ်ပြန်ချက်တွင်ပါရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်တိုင်း #ညမထွက်ရ #အချိန်အနည်းငယ်ဖြေလျော့ #YMG/LW #Yangon_Times
#Daily_News
Published_ 27 October 2023
၁။ သီတင်းကျွတ်ပိတ်ရက်တွင် ပုံမှန်အတိုင်းအဝေးပြေးယာဉ်(၆၀၀)ကျော် ပြေးဆွဲသွားမည်၊ ကားခပိုမတောင်းရန် ညွှန်ကြားထား
၂။ သီတင်းကျွတ်ပွဲတော်ကာလ နီးကပ်လာသောကြောင့် ဘုရင့်နောင်သို့ကုန်အဝင်လျော့ကျ
၃။ တိရစ္ဆာန်အစာအဖြစ် အများဆုံး အသုံးပြုတဲ့ ပဲဖတ်ဝယ်လိုအားနည်းပြီး တစ်ပိဿာကို ကျပ် ၁၀၀၀ ခန့်ဈေးကျဆင်း
၄။ နယ်စပ်ဖြတ်ကျော် တရားမဝင်လောင်းကစားများနှင့် လိမ်လည်မှုများကို တရုတ်အရှိန်မြှင့်တိုက်ဖျက်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပဲတီစိမ်းထွက်ရှိချိန် မိုးများခဲ့တဲ့အတွက် အရည်သွေးမပြည့်မှီတာကြောင့် ဈေးကွက်ပေါက်ဈေးအတိုင်း အပြည့်၀မရရှိဘူးလို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 27 October 2023
#ပဲတီစိမ်း #အရည်သွေးမပြည့်မှီ
#YMG/LW #Yangon_Times
Page 767 of 1977