Published_ 30 October 2023
အနောက်နိုင်ငံများတွင် နှစ်စဉ်အောက်တိုဘာလ၃၁ရက်နေ့၌Halloweenပွဲတော်ကျင်းပလေ့ရှိပြီးရန်ကုန်မြို့ရှိ ဘားနှင့်ကလပ်အချို့တွင် Halloweenအထိမ်းအမှတ်အဖြစ် Halloween Partyများ၊တေးဂီတဖျော်ဖြေပွဲများ ကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ(၃၁)ရက်တွင် ဘားအချို့၊ကလပ်အချို့နှင့်စားသောက်ဆိုင်အချို့၌ Halloween Partyအဖြစ် Hollween Themesဖြင့် အလှဆင်ထားမည် ဖြစ်သလိုတေးဂီတဖျော်ဖြေပွဲများဖြင့်ဖျော်ဖြေခြင်း၊DJများဖြင့် ဖျော်ဖြေခြင်းများဆောင်ရွက်မည်ဟုဆိုသည်။
Star Trail Entertainment၊ Rain Entertainment၊ Harbinger Entertainmentတို့သုံးခုပေါင်းပြီး A State of Vina၏တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အထိမ်းအမှတ်ပွဲနှင့် Halloween Night Partyကိုလည်း SoNo Club၌ကျင်းပသွားရန်ရှိကြောင်းနှင့် ည၁၀နာရီမှ မနက်၄နာရီအထိကျင်းပရန်ရှိကြောင်းဖော်ပြထားသည်။
Bar Industryတွင်လည်း Hollween Themesပြင်ဆင်ထားပြီး နာမည်ကျော်တေးသံရှင်၊အဆိုတော်များမှဂီတဖျော် ဖြေရေးများဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
Halloween သို့မဟုတ် Hallowe'en သည် All Saints' Day ၏ အနောက်တိုင်း ခရစ်ယာန်ပွဲတော်အကြို အောက်တိုဘာလ၃၁ရက်နေ့တွင် နိုင်ငံများစွာတွင် ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။ ၎င်းသည် သူတော်စင်များ၊ အာဇာနည်များနှင့် သစ္စာရှိသူများ အပါအဝင် သေလွန်သူများကို အောက်မေ့ရန် ရည်စူး၍ သာသနာပြုနှစ်တွင် Allhallowtide ပွဲတော်ကို စတင်ခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်း စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းသီတင်းကျွတ် စျေးရောင်းပွဲတော်ကျင်းပ
‘ သီတင်းကျွတ်စျေးရောင်းပွဲတော်ကြီးမှာ ဆိုင်ခန်းပေါင်း (၅၀၀) ခန့်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် (၂၉) ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းတွေ၊ MSMEလုပ်ငန်းတွေ၊ အသေးစားစက်မှုလုပ်ငန်းတွေ၊ သမဝါယမဝန်ကြီး ဌာနမှ ထုတ်ကုန်တွေနဲ့ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းတွေ၊ တိုင်းနဲ့ပြည်နယ်တွေမှ ထွက်ကုန်ပစ္စည်းတွေကို ပြသရောင်းချနေပါတယ်’ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဆံတော်ရှင်မော်တင်စွန်းဘုရား ရင်ပြင်တော်တည်ဆောက်ခြင်း လုပ်ငန်းအတွက် ပါဝင်လှုဒါန်းနိုင်
ဒီနှစ်ဒီဇင်ဘာလမှာ အပြီးခင်းသွားမှာဖြစ်ပါတယ် ၊အဲ့ဒီအတွက်လဲ အလှူရှင်များစွာလိုအပ်ပါတယ်။ လှူဒါန်းလိုသူတွေကိုလဲ ဖိတ်ခေါ်ပါတယ်"လို့ မြတ်မော်တင်ဆရာတော်ကမိန့်ကြားပါတယ်
#Yangon_Times/NN
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 30 October 2023
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် အောက်တိုဘာ ၂၉ ရက်ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ်အား အမှတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း Thai Fight- King of Muay ThaiPageမှသိရသည်။
Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲအား ထိုင်းနိုင်ငံ၊Lopburiတွင်ကျင်းပလျက်ရှိပြီး ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့်ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် Phaya Sing Suwanကို ၃ ချီယှဥ်ပြိုင်ခဲ့ပြီးနောက် ကယန်းလက်ဝှေ့မယ် ဘရော်နီကာမှ အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်ကျင်းပနေသည့် Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲကို Via Channel8 (နံပါတ်၂၇) Facebook LIVEနှင့် Thai Fight Offical YouTueတွင် ထိုင်းဘာသာစကားဖြင့် ထုတ်လွှင့်ပေးလျက်ရှိသလို Thai Fight: King Of Muay Thai Face Book Pageတွင်လည်း ပွဲရလဒ်များတင်ပေးလျက်ရှိကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-30 October 2023
ငွေကြေးလိမ်လည်မှုဖြင့်တရားစွဲခံထားရသူ အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ တင်ထားသည့် အမှုချေဖျက်ခွင့် ပလပ်ခံလိုက်ရကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့ အား ကျပ် သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ယခုနှစ် ဖေ ဖော် ဝါရီလ ၁၂ ရက်တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အမှု ရင်ဆိုင်နေရချိန်တွင် အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ ဘက်က ၎င်းတို့ ယူထားသည့် ငွေကျပ် သိန်း ၅၀၀၀ ကို အကြိမ်ရေ ခွဲ၍ ပြန်လည် ပေးဆပ်ပါမည်ဟု မကြာခဏ ပြောဆိုကြောင်း၊သို့သော်လည်း ပြန်လည် ပေးဆပ်ခဲ့ခြင်း မရှိကြောင်း တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ပြောသည်။
“ဦးမောင်မောင်ကျော်က ဖုန်းလည်း ဆက်တယ်။စာတွေလည်းပို့တယ်။ပိုက်ဆံကို ပြန်ပေးမယ်။
အမှုကို ပိတ်ကြ ရအောင်ဆိုပြီးတော့ပေါ့။ကျွန်တော်က လူမှုရေးအရ သီးခံ စောင့်ဆိုင်းပေးခဲ့တာ အကြိမ်ကြိမ် ဖြစ်ပါတယ်။ အခုကတော့ ဥပဒေအတိုင်းပဲပေါ့”ဟု ၎င်းကပြောသည်။
အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ ဇနီးမောင် နှံအား ကာယကံရှင် တရား လို ဦးစိုးလှိုင် (ခ)ဦးအောင်အောင်မိုးက အင်းတကော်ရဲစခန်းတွင် အမှုဖွင့်သောကြောင့် အဆိုပါ ရဲစခန်းက (ပ)၂၀/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် အမှု လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-30 October 2023
မန္တလေးမြို့ရှိ ပေါ်ဦးရွှေဆိုင်ကို သေနတ်ပစ်ဖောက်၍ ဓားပြတိုက်သွားမှု ယနေ့အောက်တိုဘာလ ၃၀ ရက် နံနက်ကဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
အဆိုပါ ရွှေဆိုင်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ နှင့် ၄၂ လမ်းကြားတွင် ရှိပြီး သေနတ် ဖြင့် ဝင်လာသူများက ရွှေထည်များရှိသည့် ကောင်တာကို သေနတ်ဖြင့် ပစ်၍ ရွှေထည်ပစ္စည်းမျိုးစုံ ကို ယူ ဆောင် သွားကြောင်း သိရသည်။
“ပစ္စည်းတန်ဖိုးက သိန်း ၁၂၀၀ ကျော်လောက် ရှိတယ်လို့ ကာလ တန်ဖိုး တွက်ချက်သိရတယ်။ လတ်တလော တော့ စိစစ်ရှာဖွေနေကြပါတယ်။
လုံခြုံရေးလည်းဆောင်ရွက်နေပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။
ဖြစ်စဉ်တွင် အမျိုးသား (၄)ဦးက မော်တော်ဆိုင်ကယ်(၂)စီးဖြင့်ရောက်လာခဲ့ကာ ပါလာသော သေနတ်အတို (၁)လက် ဖြင့် ရွှေဆိုင်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် ရွှေကောင်တာကို သေနတ်ဖြင့် (၂)ချက် ပစ်ကာ ဆွဲကြိုး အကုံး (၄၀) ခန့်၊ ရွှေကလစ် အခု (၃၀)ခုခန့် ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ရှိ ပေါ်ဦးရွှေဆိုင်တွင်လည်း ပြီးခဲ့ သည့် မတ်လ ၂၁ ရက်က ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့သေးသည်။
Yangon-Times/PP
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဓါတ်ဆီ 92တစ်လီတာ ၁၅ကျပ်၊ 95တစ်လီတာ ၃၀ကျပ်ဈေးမြင့် ဒီဇယ် တလီတာ ၇၀ကျပ်ခန့်ဈေးပြန်ကျ
ယခုတပတ် ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ ဓါတ်ဆီဈေး ထပ်မြင့်လာပေမယ့် ဒီဇယ်ကတော့ ဈေးကျလာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 764 of 1977