#Local_News
Published 15 February 2025
▪️ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးခြင်းကို မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများပြားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင်မကွေးတိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားမှုများရှိခဲသည့် မကွေးမြို့နယ်၊ မင်းလှမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် တိုက်ကျွေးပေးသွားမည်ဖြစ်ပြီး (OCV)ကာကွယ်ဆေးတိုက်ကျွေးခြင်းအား မကွေးတိုင်းဒေသကြီးအတွင်း၌ (၁၇-၂-၂၀၂၅) ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ကာကွယ်ဆေးရရှိမှုအရေအတွက်အရ (၅)ရက်မှ (၇)ရက်အတွင်း အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ (OCV)ကာကွယ်ဆေး တိုက်ကျွေးရာတွင် အဓိက ဦးစားပေးတိုက်ကျွေးရမည့် ဦးတည်အုပ်စုများမှာ ကျူးကျော်ရပ်ကွက်နေပြည်သူများ၊ လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းသည့် နေရာများတွင် နေထိုင်သူများ၊ ရွှေ့ပြောင်းသူအုပ်စုများ၌ အသက်(၁)နှစ်အထက် ပြည်သူလူထုများအားလုံးကို ဦးစားပေး တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
▪️ သန့်ရှင်းသော သောက်သုံးရေ၊ သန့်ရှင်းသောအိမ်သာတို့ကို အလွယ်တကူလက်လှမ်းမီသော ပြည်သူများ၊ လူနေမှုအဆင့်အတန်း မြင့်မားသူများအနေဖြင့် လတ်တလောတွင် ကာကွယ်ဆေးသောက်သုံးရန် မလိုအပ်သေးကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 15 February 2025
▪️ ဂျပန်နိုင်ငံက မြန်မာလုပ်သားများအတွက် အလုပ်ကမ်းလှမ်းစာ (၃၂၅)ခုကမ်းလှမ်းထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ယနေ့ထုတ်ပြန်ထားသည်။
▪️ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာန မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိေကြာင်း သိရသည်။
▪️ အဆိုပါ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၁) ရက်နေ့အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၂၅)ခု ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 14 February 2025
၁။ ကျပ်၁၅ ဘီလျံကျော်အသုံးပြု၍ နေပြည်တော် ရေပန်းဥယျာဉ်ကို အဆင့်မြှင့်တင်နေ
၂။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်မှု ၈၀ရာခိုင်နှုန်းခန့်ပြီးစီး
၃။ အထည်ပျက်ရောင်းချသူများနှင့် လုပ်ကွက်များမှဝင်ရောက်နေ၍ ရွှေကုန်ကြမ်းပေါလာ
၄။ AI စနစ်တိုးတက်ကျင့်သုံးလာသည်နှင့်အညီ ဖိလစ်ပိုင်မှ ပြင်ပလုပ်သားရင်းမြစ်လုပ်ငန်းကဏ္ဍထိခိုက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက MSME လုပ်ငန်းရှင်တွေ အနေနဲ့လုပ်ငန်းတိုးချဲ့တာ၊ စက်ပစ္စည်းနဲ့ ကုန်ကြမ်းဝယ်ယူလိုပါက
ချေးငွေတွေ လျှောက်ထားနိုင်တယ်လို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က အသိပေးထားပါတယ်။
#Local_News
Published 14 February 2025
#MSMEလုပ်ငန်းရှင် #ချေးငွေလျှောက်ထားနိုင်
#YMG/NN #Yangon_Times
လက်ရှိ ရွှေဈေးမြင့်တက်နေတဲ့ အချိန်ဖြစ်တာကြောင့် ဈေးကွက်အတွင်း အထည်ပျက်ရောင်းချသူများနေတဲ့အပြင် ရွှေလုပ်ကွက်တွေက ကုန်ကြမ်းတွေဝင်နေတာကြောင့် ရွှေကုန်ကြမ်းပေါလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကသိရပါတယ်။
#Local_News
Published 14 February 2025
#အထည်ပျက်ရောင်းချသူများ #ရွှေကုန်ကြမ်းပေါလာ
#YMG/NN #Yangon_Times
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားတည်ဆောက်မှု ၈၀ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 14 February 2025
#မြန်မာ-ကိုရီးယား #(ဒလ)တံတား
#YMG/SW #Yangon_Times
နေပြည်တော်ရှိ ရေပန်းဥယျာဉ်ကို Royal Gardenအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်နေရာမှာ ငွေကျပ် ၁၅ဘီလျံကျော်အကုန်အကျခံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 14 February 2025
#ရေပန်းဥယျာဉ်ကိုအဆင့်မြှင့်တင် #ကျပ်၁၅ဘီလျံကျော်အသုံးပြု
#YMG/SW #Yangon_Times
Page 77 of 1949