Published-1 November 2023
ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၉၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၁၅) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ (၉၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလ (၃)ရက်နေ့မှ (၁၆)ရက်နေ့အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၄၃) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
‘လာအိုနိုင်ငံသူ၊ နိုင်ငံသားဘုရားဖူးတွေဟာ ၂၀၂၃ခုနှစ်နိုဝင်ဘာလ(၁)ရက်မှာ ရောဟဏီ ဗိုလ်တထောင် ဘိုးဘိုးကြီးအတွက် တောင်ဝှေးတော်ကို ရွှေအစစ်(၃၆)ကျပ်သားနဲ့ ပြုလုပ်လှူဒါန်းခဲ့တယ်’ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
တရုတ်ဖရဲ အထွက်နည်းချိန် လိုအပ်ချက်ကြောင့် မြန်မာ့ဖရဲတွေကို နှစ်စဉ်ဝယ်ယူလေ့ရှိချိန် ဖြစ်ပါတယ်
လက်ရှိမှာ ဖရဲတစ်တန်ကို ယွမ်၄၀၀၀အထိ ဈေးကောင်းရရှိနေပြီး ပုံမှန်နှစ်တွေဆိုရင် တရုတ်လိုအပ်ချက်အတွက် ဝယ်ယူနေချိန်ဖြစ်ပေမယ့် ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တင်ပို့မရ ဖြစ်နေပါတယ်
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကျောက်ဆည်ဆင်ပွဲတော် ကမ္ဘာ့အမွေအနှစ်ဝင်ရန် ဆင်အကပညာရှင်များ ဆောင်ရွက်လို
"ကျောက်ဆည်ဆင်ပွဲတော်နဲ့ ဆင်လှူဒါန်းတဲ့ဓလေ့ဟာ ကမ္ဘာမှာ တစ်ခုတည်းသာရှိတဲ့အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းကိုလည်း တင်သွင်းလိုတယ်။ပညာရှင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်"ကျောက်ဆည်ဆင်ပွဲတော်ဒိုင်၊ဆင်အကပညာရှင် ဦးဇော်ကြီး
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
တရုတ်မှ တင်သွင်းတဲ့ ကြက်သွန်ဖြူနှင့်အာလူး ဈေးထက်ဝက်ကျော် မြင့်တတ်လာဟုဆို
ရှမ်းမြောက် တိုက်ပွဲတွေကြောင့် တရုတ်ကနေ တင်သွင်းတဲ့ ကြက်သွန်ဖြူနဲ့ အာလူးဈေးတွေထက်ဝက်ကျော် မြင့်တတ်လာတယ်လို့ ရှမ်းပြည်နယ် အောင်ပန်းမှာရှိတဲ့ ကုန်သည်တွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းက မြို့လှသကြားစက် ၊ နေပြည်တော် လယ်ဝေးမြို့နယ်က တောင်စဉ်အေး သကြားစက်နဲ့ တပ်ကုန်းမြို့ နယ်က ဒဟတ်ကုန်းသကြားစက် တွေအနေနဲ့ စက်ရုံကို ကြံလာရောင်းတဲ့ တောင်သူတွေအတွက် အမြတ်ငွေ ခွဲပေးတယ်လို့ သိရပါတယ်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 01 November 2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေတက်လာသည့်အတွက် အောက်တိုဘာလ ၃၁ရက်က ရပ်ကွက်များအတွင်း ရေများကြီးခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ၁ရက်တွင် တာချီလိတ်၌မိုးသည်းထန်မှု၊မိုးရွာသွန်းမရှိတော့ဘဲ မိုးပြတ်သွားသည့်အတွက် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည်ဟုဆိုသည်။
‘‘တာချီလိတ်မှာလတ်တလောတော့ အခြေအနေကောင်းတယ်။ရေတွေပြန်ကျသွားပါပြီ။ရေလုံးဝမရှိတော့ ဘူး။ဟိုတစ်နေ့ကပဲရေကရှိလာတာ။မိုးကဆက်မလိုက်လာဘူး။လောလောဆယ်တော့ရေတွေပြန်ကျသွားပြီ’’ဟု တာချီလိတ်အခြေစိုက် ဦးလှမိုးလူမှုကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အောက်တိုဘာလ၃၁ရက်ညပိုင်းတုန်းက တာချီလိတ်-မယ်ဆိုင်ဘက်တွင် မိုးများထပ်မဲလာပြီး ရေကြီးခြင်းကို စိုးရိမ်ခဲ့ရသော်လည်း နိုဝင်ဘာလ၁ရက်တွင်ပြန်ကျခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့မှာ နိုဝင်ဘာလအတွင်းမိုးရွာသွန်းရန်ရှိနေပြီး ရွာသွန်းမြဲထက်ပိုနိုင် ကြောင်းကိုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 760 of 1977