အင်ဒိုနီးရှားနိုင်ငံဟာလက်ရှိ ဘဏ္ဍာနှစ် ၉ လအတွင်း မြန်မာနိုင်ငံကနေဆန်တန်ချိန် ၅၉၃,၀၀၀ ကျော်မှာယူတင်သွင်းထားတဲ့ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 15 February 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #အင်ဒိုနီးရှားနိုင်ငံ
#YMG/SW #Yangon_Times
နိုင်ငံတော်စီမံကိန်းများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် ပြည်တွင်းက ဆောက်လုပ်ရေးပစ္စည်းတွေကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)က လုပ်ငန်းရှင်တွေထံက ဝယ်ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 15 February 2025
#MCEF #ဆောက်လုပ်ရေးပစ္စည်း
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်ကကျဆင်းခဲ့တဲ့ ဓာတ်ဆီဈေးတွေဟာ အခုအပတ်မှာ ဈေးငြိမ်နေပြီး ဒီဇယ်ဈေး တွေကတော့ သုံးပတ်တာအတွင်း တစ်လီတာကို ၁၃၀ကျပ်ကနေ ၁၇၀ကျပ် ဝန်းကျင်အထိ ဆက်လက်ကျ ဆင်းနေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး
ကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 15 February 2025
#ဓာတ်ဆီဈေးငြိမ် #ဒီဇယ်ဈေးကျဆင်း
#YMG/NN #Yangon_Times
မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ကို ယူနက်စကိုရဲ့ဒြပ်မဲ့ယဉ်
ကျေးမှုစာရင်းတင်သွင်းနိုင်ဖိုအတွက် မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေနဲ့ လူတန်းစားမရွေးပါဝင်နိုင်တဲ့ သဘောထားစစ်တမ်းကို စတင်ကောက်ယူနေပြီလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 15 February 2025
#မြန်မာ့သနပ်ခါးနေ့ #ရှေးဟောင်းသုတေသန
#YMG/NN #Yangon_Times
#Local_News
Published_15 Feb 2025
▪️ နစက အစိုးရနှင့် TNLA တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တွေ့ဆုံမည်ဖြစ်သောကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် TNLA မှ ကိုယ်စားလှယ်များ ကူမင်းမြို့သို့ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရ သည်။
▪️ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်းနှင့် အဆိုပါ တွေ့ဆုံမှုအတွက် တရုတ်အစိုးရက စီစဉ်ပေးကြောင်း ဖော်ပြ ထားသည်။
▪️ နစက အစိုးရဘက်မှ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ၎င်းတို့ PSLF ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံ ရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ TNLA ၏ ထုတ်ပြန်ချက်တွင် နစက နှင့် တွေ့ဆုံမည့် ကိစ္စကို မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဟု သုံးနှုန်းထားပြီး လက်ရှိစစ်ရေး ပြဿနာများပြေလည်နိုင်ရန် မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက် တွင် တွေ့ဆုံ မှုများစတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် နစက နှင့် MNDAA တို့ ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်ခဲ့သေးသည်။
Yangon_Times/PP
#Local_News
Published 15 February 2025
▪️ ရုရှားရင်းနှီးမြှုပ်နှံမှု RC Investment ၏ သဘာဝဓာတ်မြေသြဇာ ရွက်ဖျန်းအားဆေးရည်ထုတ် စက်ရုံစီမံကိန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုချက် ထုတ်ပေးလိုက်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ၏ တင်ဒါဖြစ်ပြီး MICမှ မကြာသေးမီက ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် RC Investment ၏ နေပြည်တော်စီမံကိန်းသည် အသေးစား ရှေ့ပြေးအစီအစဉ်ဖြစ်ပြီး ရေရှည်မျှော်မှန်းချက်အရ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရွက်ဖျန်းအားဆေးရည်စက်ရုံများ တည်ဆောက်သွားရန် ရှိကြောင်း၊ ယခုလုပ်ဆောင်မည့် စက်ရုံမှ ထွက်ရှိမည့် သဘာဝရွက်ဖျန်းအားဆေးရည် အသုံးပြုမှုကြောင့် ဓာတုဓာတ်မြေသြဇာသုံးစွဲမှု (၃၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 February 2025
▪️ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီမှ နေ့စဉ်ထုတ်ပြန်ပေးနေသည့်ရွှေရည်ညွှန်းဈေးမှာ ယနေ့တွင် တစ်ကျပ်သားလျှင် ကျပ်၅၅သိန်းကျော်လာကြောင်း သိရသည်။
▪️ ကမ္ဘာ့ရွှေဈေးနှုန်းမှာယမာန်နေ့က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၉၂၈ ဒေါ်လာအထိရှိခဲ့ရာမှ ယနေ့တွင် ၂၈၈၂ ဒေါ်လာအထိပြန်လာကျဆင်းလာသော်လည်း ရည်ညွှန်းဈေးမှာမူ တစ်ကျပ်သားလျှင်ကျပ်သုံးသောင်းအထိမြင့်တက်လာကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေသည့်အတွက်ပြည်တွင်းငွေလဲနှုန်း များကျဆင်းနေပြီး ယနေ့တွင်ပြင်ပ ပေါက်ဈေးအမေရိကန် တစ်ဒေါ်လာလျှင် ၄,၄၉၀ ကျပ်အထိသာရှိနေကာ ယခုရက်ပိုင်းအတွင်းဈေးငြိမ်နေကြောင်း သိရသည်။
▪️ သို့သော် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကော်မတီ၏ သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိသည့် စံချိန်မီရွှေတစ်ကျပ်သားဈေးမှာ ယမာန်နေ့က၅,၄၉၀,၀၀၀ ကျပ် အထိသာရှိခဲ့ရာမှ ယနေ့တွင် ၅,၅၂၀,၀၀၀အထိရှိလာကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 76 of 1949