#Local_News
Published 19 December 2024
▪️ ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပညာသင်ဆုကိုThe Kubota Fundမှ ပေးအပ်မည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား စတင်လျှောက်ထားပြီးဖြစ်ကြောင်း Managing Committee of the Kubota Fund က မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာသည်ဟု သိရသည်။
▪️ ထိုအကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် တက္ကသိုလ်များတွင် အသီးသီး အလုပ်လုပ်ကိုင်/ ပညာသင်ကြားနေကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီများ၊ အလုပ်သင် သင်တန်းသားများနှင့် ကျောင်းသားများအား The Kubota Fund ပညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ပါကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားကြောင်း၊ လျှောက်ထားသူသည်သတ်မှတ်အရည်အချင်းများနှင့် ပြည့်မှီရမည်ဖြစ်ကြောင်း သိရသည်။
▪️ The Kubota Fund ချီးမြှင့်ရန်အတွက် (၁၂)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ တစ်လလျှင် ယန်း ၈၀,၀၀၀/- မှ ယန်း ၁၀၀,၀၀၀/- အထိ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ၁၇-၁-၂၀၂၅ ရက်နေ့ နောက်ဆုံး ထားလျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို The Kubota Fund website သို့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 December 2024
▪️ ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းမှ သန်လျင် Star City အိမ်ရာကို ပြေးဆွဲပေးနေသည့် Star Ferry ရေလမ်းခရီးဝန်ဆောင်မှုကို ၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၁ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း StarCity Management Team မှ သိရသည်။
▪️ အဆိုပါ Star Ferry ဝန်ဆောင်မှုကို အမှတ် ၁ သန်လျင်တံတား အဟောင်းတစ်စင်းသာ အသုံးပြုခဲ့ရစဉ်ကာလအတွင်း အိမ်ရာဝင်းနေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ပြေးဆွဲခဲ့ ြခင်းဖြစ်ကြောင်း၊Star Ferry ဖြင့် StarCity အိမ်ရာမှ ရန်ကုန်မြို့ထဲသို့ မိနစ် ၃၀ အတွင်း သွားရောက်နိုင်ပြီး Star Ferry အသုံးပြုသူများအတွက် ယာဉ်လမ်းကြောင်းပိတ်ဆို့ခြင်းမှ ကင်းဝေးခဲ့ကြောင်း၊ Star Ferry ဝန်ဆောင်မှုဖြင့် StarCity အိမ်ရာတွင်နေထိုင်ကြသော ရုံးသွားရုံးပြန် အသုံးပြုသူများနှင့် စီးနင်းလိုက်ပါသူများအားလုံးအတွက်လည်း အဆင်ပြေချောမွေ့စေခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ ၄ လမ်းသွား အမှတ် ၃ သန်လျင်တံတားအသစ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ မှစတင်ဖွင့်လှစ်ခဲ့သောကြောင့် သွားလာရေး လွယ်ကူ အဆင်ပြေချောမွေ့နေပြီဖြစ်ပြီး Star Ferry ရေကြောင်းဝန်ဆောင်မှုထက်လည်း ပိုမိုမြန်ဆန်ကာ သွားလာနိုင်ပြီဖြစ်သောကြောင့် Star Ferry ဝန်ဆောင်မှုကို ရပ်နားသွားမည်ဖြစ်ပြီး ခရီးသည်များအတွက် ပိုမိုအဆင်ပြေရန် ရည်ရွယ်၍ Shuttle Bus ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၁၈ ဒီဇင်ဘာ ၂၀၂၄
▪️တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို နစက အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ် လိုက်တယ်လို့ နစကရဲ့အမိန့်ထုတ်ပြန်ချက်အရသိရပါတယ်။
▪️လက်ရှိဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုတော့ ဒုတိယဝန်ကြီး ချုပ်နှင့် ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်လိုက်ကြောင်း သီးခြား အမိန့်တစ်ခုမှာဖော်ပြထားပါတယ်။
▪️လစ်လပ်သွားတဲ့ ညိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ နေရာတွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ရာထူးတိုးမြှင့်ခန့်ထားခဲ့တယ်လို့ တပ်မတော်နှင့်နီးစပ်သည့် သတင်း အရင်းအမြစ်များအရသိရပါတယ်။
▪️ထို့အပြင် အနောက်မြောက်တိုင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးများကိုလည်း အပြောင်း အလဲလုပ်ခဲ့တယ်လို့ အဆိုပါသတင်းအရင်းအမြစ်များထံမှသိရပါတယ်။
#Daily_News
Published 18 December 2024
၁။ မလေးရှားသို့ ဆိတ်အရှင်များ ပထမဆုံးအကြိမ်တင်ပို့
၂။ ရွှေဆိုင်အားလုံး စံချိန်မီ ရွှေ ၁ ကျပ်သား အလေးချိန်ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်နေ
၃။ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်း ယခုနှစ်ကုန်၌ ပိတ်သိမ်းတော့မည်ဟု ကြေညာ
၄။ သက်ကြီးသူတွေများလာသည့်ဂျပန်တွင် ယင်းတို့နှင့်ကိုက်ညီမည့်အလှအပရေးရာဝန်ဆောင်မှုလုပ်ငန်းများတိုးပွားလာနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ အခြေခံစားကုန်ကြက်ဥတွေကို တစ်လုံး၃၆၅ကျပ်နဲ့ လှည့်လည်ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 18 December 2024
#ကြက်ဥတစ်လုံး၃၆၅ကျပ် #လှည့်လည်ရောင်းချပေး
#YMG/SW #Yangon_Times
မြန်မာ့မျိုးရင်း ဗမာကြောင်တွေကို အများသိစေဖို့ ဆောင်ရွက်ပေးနေတဲ့ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို အခုနှစ်ကုန်မှာ ပိတ်သိမ်းတော့မယ်လို့ ယင်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 18 December 2024
#အင်းလေးအမွေအနှစ် #ဖောင်ဒေးရှင်း
#YMG/NN #Yangon_Times
ရွှေဆိုင်အားလုံး စံချိန်မီ ရွှေ ၁ ကျပ်သား အလေးချိန်ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က သိရပါတယ်။
#Local_News
Published 18 December 2024
#ရွှေလုပ်ငန်းရှင်များအသင်းချုပ် #ရွှေဆိုင်
#YMG/NN #Yangon_Times
Page 8 of 1813