စစ်တောင်းမြစ်ရေကြီးနေတဲ့အတွက် တောင်ငူမှာရေကြီးပြီး ပိတ်မိသူများနေပြီး ကယ်ဆယ်ရေးအကူအညီ တောင်းခံနေရတယ်လို့ သိရပါတယ်။
#Local_News
Published 12 September 2024
#တောင်ငူ #ကယ်ဆယ်ရေးအကူအညီတောင်းခံ
#YMG/tthl #Yangon_Times
ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် သီတင်းကျွတ်ဈေးပွဲတော်ကို လာမယ့်လအတွင်း ကျင်းပသွားမယ်လို့ ပွဲတော်စီစဉ်သူတွေထံက သိရပါတယ်။
#Local_News
Published 12 September 2024
#ဝန်ကြီးများရုံး #သီတင်းကျွတ်ဈေးပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
အခုရက်တွေမှာ မိုးသည်းထန်စွာရွာသွန်းတာ၊ တောင်ကျရေများ စီးဝင်လာနိုင်တာတို့ကြောင့် ရေလှောင်ပမာဏသေးငယ်တဲ့ တမံငယ်တွေ ရုတ်တရက်ရေအလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်လို တာဝန်ရှိသူတွေက အနီးကပ်စဉ်ဆက်မပြတ် စောင့်ကြည့်စီမံမှုများဆောင်ရွက်ဖို့နဲ့ ရေလှောင်တမံတွေအတွင်း ရေဝင်ရောက်မှုကို အချိန်နာရီစဉ်အလိုက် ရုံးချုပ်သို့တင်ပြဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမှာကြားထားတယ်လို့ သိရပါတယ်။
#Local_News
Published 12 September 2024
#ရေလှောင်တမံ #အနီးကပ်စောင့်ကြပ်စီမံရန်ညွှန်ကြား
#YMG/tthl #Yangon_Times
#Local_News
Published_12 Sept 2024
▪️ အဆက်မပြတ်ရွာသွန်းခဲ့သောမိုးကြောင့်ရေစိမ့်ဝင်ကာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဧရိယာ၊ ကျန်စစ်နယ်မြေ၊ ပုဂံမြို့သစ်ရွှေလောင်းရပ်ကွက်ရှိ ဘုရားအမှတ် (၁၀၄၂) “ဆင်က" ဘုရား စေတီတော် ထိခိုက်ပြိုကျခဲ့ကြောင်း သိရသည်။
▪️ ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ယခုအခါ အသေးစိတ်မှတ်တမ်းများပြုစုနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ပြောသည်။ “ဆင်က ဘုရားထိခိုက်မှုရှိတာ မှန်ပါတယ်” ဟု သူက ဆိုသည်။
▪️ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်ကလည်း အဆိုပါဘုရားအမှတ် ၁၀၄၂ ၊ ဆင်ကဘုရား ၏ အပေါ် အနောက်တောင်ထောင့်တွင် ခြင်္သေ့အပေါ်ပိုင်းပြိုကျ(ပဲ့ကျ)မှု ဖြစ်ပွားခဲ့သေးကြောင်း အဆိုပါဘုရား သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ (၁၃)ရာစုလက်ရာ ဖြစ်ကြောင်း ဆင်ကဘုရားကို ဆင်ကအုတ်တိုက် ရှည်ဟုလည်း ခေါ်ဆိုကြောင်း၊ လွန်ခဲ့သော ၁၉၇၂ ခုနှစ်ကပင် ရှေးဟောင်းအဆောက်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သော ဘုရားစေတီလည်းဖြစ် ကြောင်း သိရသည်။
#Photo- ko htun yati #Yangon_Times/PP
ရာဂိမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွေမှာ မိုးသည်းထန်းစွာရွာသွန်းပြီး ရေဆက်ကြီးနေတဲ့အတွက် ဒီကနေ့မနက်ပိုင်းအထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်
လက်လုပ်ဆောင်နေတယ်လို့ ပရဟိတအသင်းနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
#Local_News
Published 12 September 2024
#ရာဂိမုန်တိုင်းငယ် #ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်
#YMG/NN #Yangon_Times
လေပွေလှိုင်းကြောင့် ဒေသအချို့ သဘာဝဘေးထပ်ကြုံနိုင်တယ်လို့ အထူးမိုးလေဝသသတင်းအဖြစ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 12 September 2024
#လေပွေလှိုင်း #သဘာဝဘေးထပ်ကြုံနိုင်
#YMG/tthl #Yangon_Times
#Local_News
Published 12 September 2024
▪️ ငါးလတာကာလအတွင်း ကန်ဒေါ်လာ(၁ဒသမ၁၁၉)သန်း တန်ဖိုးရှိ ပျားရည်တန်ချိန် ၇၄၅တန် ကျော်တင်ပို့ထားကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပျားလုပ်ငန်းဌာန ပျားမွေးမြူမှု့ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှုး ဦးမျိုးတင့်ထံမှ သိရသည်။
▪️ ၂၀၂၄-၂၅ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လငါးလတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှပြည်ပသို့ပျားရည်တင်ပို့မှု့မှရာတွင် မက်ထရစ်တန်(၇၄၅ဒသမ၉၂)တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ(၁ဒသမ၁၁၉) သန်းရရှိထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် (၆၉၈ဒသမ၁၂)တန်တင်ပို့ပြီးနယ်စပ်ကုန်သွယ်ရေးမှ(၄၇ဒသမ၈၀)တန် တင်ပို့ခဲ့ရာ စုစုပေါင်း ပြည်ပသို့ပျားရည်တင်ပို့မှု့ (၇၄၅ဒသမ၉၂)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ(၁ဒသမ၁၁၉)သန်းရရှိသည်ဟု သိရသည်။
▪️ နိုင်ငံအလိုက်တင်ပို့ရာ၌ ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန်(၅၁၆ဒသမ၁၂)တန်ဖြင့် အများဆုံးတင်ပို့ပြီး အမေရိကန်ဒေါ်လာ(၇၇၄၁၈၀)ရရှိခဲ့ပြီး ကိုရီးယားနိုင်ငံသို့ ပျားရည်မက်ထရစ်တန်(ဝဒသမ၅၀)တန်တင်ပို့ခဲ့ပြီး အမေရိကနိဒေါ်လာ(၇၅၀)ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ပျားရည် မက်ထရစ်တန်(မက်ထရစ်တန်(၁၈၁ဒသမ၅၀)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ
(၂၇၂၂၅၀)ရရှိခဲ့ပြီး တရုတ်နိုင်ငံသို့ ပျားရည်မက်ထရစ်တန်(၄၅ဒသမ၇၉၇)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ( ၆၈၆၉၆)ရရှိခဲ့ကြောင်း ထိုင်ဝမ်သို့ပျားရည်မက်ထရစ်တန်(၂ဒသမ၀၁၂)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ(၃၀၀၃)ရရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 68 of 1767