#Local_News
Published 25 February 2025
▪️ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး၌ပြောကြားခဲ့သည်။
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များကို ထောက်ပံ့သည့် လူမှုရေးပင်စင်နှင့်ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့သည့် အစီအစဉ်များက အကျိုးခံစားခွင့် ရရှိသူများကိုလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်မှ တဆင့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကလေးငယ်အားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီးမြန်မာ့စီးပွားရေးဘဏ်ခွဲများမှ တစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 February 2025
▪️ ပဲခူးမြို့နယ်၊ အင်းတကော်မြို့အနီး၊ ပဲခူး-ရန်ကုန်ကားလမ်းမ၌ အိမ်စီးကားနှင့်တွဲကားတိုက်မိ၍ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နှစ်ဦးအပါအဝင် စုစုပေါင်းလေးဦးဒဏ်ရာရရှိမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေယာဥ်မောင်း ကိုစိုင်းသီဟန်မောင်းနှင်ပြီး ယာဥ်ရှေ့ခန်းတွင် ဓာတ်ပုံဆရာကိုအောင်သူအောင်၊ ယာဥ်နောက်ခန်းတွင် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ်အမှတ် MDY-12/9E-8717 TOYOTA MARK II အမျိုးအစားယာဥ်သည် ဖေဖော်ဝါရီ၂၄ရက် ညနေ၅နာရီကျော်အချိန်ခန့်က ပဲခူး-ရန်ကုန်ကားလမ်းအတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့မောင်းနင်လာစဥ် အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက် မိုင်တိုင်(၁၆/၁)နှင့်(၁၆/၂)အကြားအရောက်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအားတိမ်းရှောင်ရာမှ ယာဥ်မှာလမ်း၏ယာဘက်ခြမ်းသို့ရောက်ရှိသွားခဲ့ပြီး လမ်းဘေးတွင်စုံမီးဖွင့်၍ရပ်ထာသော ခြောက်မူးသံလုံးများတင်ဆောင်ထားသည့် FORTON အမျိုးအစားအဖြူရောင်တွဲကားယာဥ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်း ကိုစိုင်းသီဟန်တွင် ညာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ညာခြေထောက်ကျိုးဒဏ်ရာ၊ ကိုအောင်သူအောင်တွင် ဝဲဘက်လည်ပင်ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွှန့်အောက်ဒဏ်ရာ၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းတွင် ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ သရုပ်ဆောင် မေမြတ်နိုးခင်တွင် နှာခေါင်းသွေးထွက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ၊ ဝဲ/ယာခြေမပွန်းခြစ်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှုခံယူကြကြောင်း သိရသည်။
▪️ ထို့ကြောင့် ယာဥ်အားမဆင်မခြင်မောင်းနင်းသူ စိုင်းသီဟန်ကို ဥပဒေအရအရေးယူနိုင်ရန် အင်းတကော်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့် လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 February 2025
▪️ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို ယခု လာမည့် ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။
▪️ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာ နမှကျင်းပမည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။
▪️ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ယခုအပတ် ဖေဖော်ဝါရီ၂၇မှ စတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)၊ (တွဲဖက်)အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း၊ ပြင်ပမှဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန၊ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည် ဖြစ်သည်။
▪️ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ် ပြားများထုတ်ယူရာ၌ အခက်အခဲများရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာ နိုင်ငံစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင် ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 24 February 2025
၁။ စားအုန်းဆီရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျသော်လည်း ပြင်ပပေါက်ဈေးကျဆင်းခြင်းမရှိ
၂။ နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေး မဲခေါင်-ဂင်္ဂါအစားအစာယဉ်ကျေးမှုပွဲတော်ကျင်းပ
၃။ ပြည်ပလွှဲပို့ငွေ ၅ ရာခိုင်နှုန်းဖြင့် EV ယာဥ်များ တင်သွင်းခွင့်ပြုမည်
၄။ တရုတ်ပြည်ထုတ်'Ne Zha 2'ဇာတ်ကား အမေရိကန်၌ အားပေးမှုအမြောက်အများရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်-တောင်ငူ-မန္တလေးလမ်းပိုင်းမှာ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို ဂျပန်နိုင်ငံထုတ် DEMU အထူးအမြန်ရထားနဲ့ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရ
ထားက သိရပါတယ်။
#Local_News
Published 24 February 2025
#DEMUတွဲဆိုင်းသစ် #အထူးအမြန်ရထားပြေးဆွဲ
#YMG/NN #Yangon_Times
ပြည်ပလွှဲပို့ငွေ ၅ ရာခိုင်နှုန်းနဲ့ EV ကားနဲ့ ဆိုင်ကယ်စတဲ့ ယာဉ်တွေကိုတင်သွင်းခွင့်ပြုမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 24 February 2025
#EVယာဥ်များတင်သွင်းခွင့်ပြု #ပြည်ပလွှဲပို့ငွေ
#YMG/NN #Yangon_Times
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆောင်ရွက်မှုနဲ့အတွေ့အကြုံဖလှယ်မှုတွေကတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးကို မြှင့်တင်သွားနိုင်ဖို့ရည်ရွယ်ပြီး မဲခေါင်-ဂင်္ဂါအစားအစာယဉ်ကျေးမှုပွဲတော်ကို ယမန်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 24 February 2025
#မဲခေါင်-ဂင်္ဂါအစားအစာယဉ်ကျေးမှု #နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေး
#YMG/SW #Yangon_Times
Page 65 of 1949