#Local_News
Published 18 September 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ တောင်ကိုင်းကျေးရွာအနီး၌ အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်မှုဖြစ်ပွားတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မီးသတ်တပ်ဖွဲ့ မှ သိရသည်။
▪️ စက်တင်ဘာ ၁၈ ရက်နေ့ မနက်၁၀နာရီ ၄၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မြစ်ငယ်မြို့ တောင်ကိုင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ "မြစ်ငယ်၊ တောင်ကိုင်းရွာအနီး အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်မှုဖြစ်ပွားတာပါ၊ ထိစပ်မီးသတ်ယာဥ်များထွက်ခွာငြိမ်းသတ်ခဲ့ပါတယ်၊ Leve (1) အဆင့်ပါ၊" ဟု မန္တလေးတိုင်းဒေသကြီး ၊မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ မှ၁၁ နာရီ၀၅ မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ၁၆ မိနစ်အချိန်၌ မီးထိန်း၍ ၁၁ နာရီ ၂၀မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_18 Sept 2024
▪️ ရေကြီးနစ်မြုပ်မှုကြောင့်နေပြည်တော်ကောင်စီ နယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့်မျောပါသူ ၁၂ ဦး၊ ဒဏ်ရာ ရရှိသူ ၄၇ ဦးရှိကြောင်း ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင်ပြုလုပ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးက သိရသည်။
▪️ ယင်းအပြင်လူနေအိမ် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း၊ ရေဝင် နစ်မြုပ်မှုမှာ ၁၅၈၃၄၃ လုံးရှိကြောင်း၊ ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃၅၇၃ ဦးရောက်ရှိလျက်ရှိပြီး ဆွေမျိုးများအိမ်တွင် သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦးရှိကြောင်း သိရသည်။
▪️ အဆိုပါရေဘေးသင့်သူများအတွက် ထိုက်သင့်သည့် ထောက်ပံ့မှုများကိုဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အသင့်စားခေါက်ဆွဲများအပါအဝင်အခြားစားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်ကြောင့် မြန်မာနိုင်ငံရှိတိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတို့၌ မိုးသည်ထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့မှု၊ မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်း၊ လမ်းတံတားများ၊ တာတမံများထိခိုက်ပျက်စီးခြင်း၊ ကမ်းပြိုခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော မီးရထားလမ်းများနှင့် တံတားများ ပြန်လည်ပြင်ဆင်နိုင်ရေး စီစဉ်နေပြီး မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ကောင်းမွန်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ အစည်းအဝေးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေမည့်အရာများကို အမြန်ဆုံးရှင်းလင်းရန်၊ အလှူငွေများ လက်ခံရာတွင်လည်း ကော်မတီအနေဖြင့် စနစ်တကျ စီမံခန့်ခွဲရန်၊ အစားအသောက်များ လှူဒါန်းမှုကိုလက်ခံ ရာတွင်လည်း သန့်ရှင်းလတ်ဆက်သည့် အစားအသောက်များဖြစ်ရန်၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပျက်စီးခဲ့သည့် လမ်း၊ တံတားများကို အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ရန်၊ မိုးလေဝသသတင်းများကိုလည်း ပြည်သူများရှင်းလင်းစွာဖြင့် အချိန်တိုအတွင်နားလည် မှုလွယ်ကူ စေရေး ထုတ်ပြန်ရန် ၊သစ်များထုတ်လုပ်လျက်ရှိသည့် သစ်ဆိပ်များတွင် သစ်များ ခုတ်ယူထားရှိပြီး သယ်ယူရန်ကျန်ရှိနေသည့် သစ်လုံးများမှာရေစီးဖြင့် မျောပါလာခဲ့သည့်အတွက် ထိခိုက်မှုများဖြစ် ပေါ်စေခဲ့ သောကြောင့်သစ်ထုတ်လုပ်မှုများပြုလုပ်ရာတွင် ခုတ်ယူထားသည့်သစ်များကို သစ်ကွင်းများ၌ မကျန်ရှိမှုမရှိစေရေး သတ်မှတ်သစ်ဆိပ်နေရာများသို့ မိုးမကျမီ သယ်ဆောင်ထားရန်ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ယင်းအပြင် တရားမဝင်သစ်ထုတ်လုပ်မှုများမရှိစရေး ပူးပေါင်းအဖွဲ့များဖြင့် တားမြစ်ရန် ၊ရေများကျဆင်းချိန်တွင် ကျောက်ထုတ်စခန်းများမှ ကျောက်များမှာ ရေစီးဖြင့် မျောပါလာခဲ့သည့်အတွက် အန္တရာယ်ရှိသောကြောင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ဆ၍ လုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ပျက်စီးသွားသည့် သီးနှံများကို စနစ်တကျပြန်လည်စိုက်ပျိုးသွားရန်နှင့် လိုအပ်သည့် စိုက်ပျိုးရေးထောက်ပံ့ငွေများနှင့် စိုက်ပျိုးရေးချေးငွေများ ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်၊ ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ချောမွေ့စေရေးအတွက်လည်း မီးရထားလမ်းများ ပြန်လည်ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။
▪️ အောက်တိုဘာလ ၁ ရက်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း များကို ဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ကူညီကယ်ဆယ်ရေးစခန်း များရှိ ပြည်သူများအား နေရပ်များသို့ အတတ်နိုင်ဆုံးအမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေးဆောင်ရွက်ပေးသွားရန်၊ ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက်ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ၆ လတာကာလအတွင်း ပြီးစီးစေရေး ဆောင်ရွက်သွားရန်၊ ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ခန်းစာများလစ်ဟင်းမှု မရှိစေရေး အချိန်ပိုများ သင်ကြားပေးရန်၊ ကျောင်းပိတ်ရက် အလွန်များပြားသွားမည်ဆိုပါက နွေရာသီတွင် ပြန်လည်သင်ကြားပေးနိုင်ရေး စီမံသွားရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 17 September 2024
၁။ ထူးကဲဒီရေတက်မည့်ရက်နှင့် ရန်ကုန်မိုးများမည့်ရက်တိုက်နေ၍ ရန်ကုန်ရေကြီးရေလျှံဖြစ်နိုင်
၂။ ပျဉ်းမနားမြို့ရေဘေးသင့်ပြည်သူများ နေရပ်ပြန်နိုင်ရန် အဓိကလိုအပ်ချက်ဖြစ်သည့် ရေတွင်းများဆယ်ယူပေးနေ
၃။ သဘင်အစည်းအရုံးမှ ရေဘေးသင့်ပြည်သူများနှင့်ရေဘေးသင့် သဘင်မိသားစုများကို ကူညီလှူဒါန်းနေ
၄။ သက်ကြီးရွယ်အိုများပြားလာခြင်းနှင့် ကလေးမွေးနှုန်းကျဆင်းလာခြင်းကြောင့် စပိန်တွင်အငြိမ်းစားယူရမည့်သက်တမ်းထပ်မံတိုးမြှင့်လာရဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူဖို့ ၂၀၂၄ခုနှစ် အောက်တိုဘာလမှ၂၀၂၅မတ်လအထိရွှေချွတ်၊ ရွှေချခြင်းတွေ ဆောင်ရွက်ဖို့ရှိပြီး၂၀၂၅ခုနှစ်မေလအတွင်းအပြီးသတ်ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 17 September 2024
#ရွှေတိဂုံစေတီတော် #ရွှေသင်္ကန်းကပ်လှူ
#YMG/tthl #Yangon_Times
တစ်လခွဲကျော်အတွင်း ဒေါ်လာသန်းပေါင်း၂၁၀ကျော်ဗဟိုဘဏ်ထုတ်ရောင်းပေးထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#Local_News
Published 17 September 2024
#ဒေါ်လာ #ဗဟိုဘဏ်ထုတ်ရောင်း
#YMG/NN #Yangon_Times
ရေဘေးသင့်ပြည်သူတွေနဲ့ ရေဘေးသင့်နေတဲ့သဘင်မိသားစုတွေကို မြန်မာနိုင်ငံသဘင်အစည်း အရုံးမှ ကူညီလှူဒါန်းမှုတွေဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 17 September 2024
#သဘင်အစည်းအရုံး #ရေဘေးသင့်ပြည်သူ
#YMG/tthl #Yangon_Times
ရေဘေးသင့်ပြည်သူတွေ နေရပ်ပြန်လာတဲ့အခါမှာ သောက်သုံးရေအဆင်ပြေစေဖို့နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာတွေက ရေတွင်းတွေကိုဆယ်ယူတာတွေဆောင်ရွက်ပေးနေတယ်လို့ ရေဘေးကယ်ဆယ်ရေးများဆောင်ရွက်ပေးနေသူ ပျဉ်းမနားမြို့ ဒေသခံ ဦးကျော်သူရထံက သိရပါတယ်။
#Local_News
Published 17 September 2024
#ရေတွင်းများဆယ်ယူပေးနေ #သောက်သုံးရေအဆင်ပြေဖို့
#YMG/NN #Yangon_Times
Page 62 of 1767