ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အနီးတစ်ဝိုက်ကျေးရွာတွေမှာရေကြီးနစ်မြုပ်ပြီး ပိတ်မိသူဒေသခံတွေကို ဆက်လက်ကယ်ထုတ်နေသလို ကရင်ပြည်နယ် ဘားအံမြို့တစ်ဝိုက်မှာလည်း သံလွင်မြစ်ရေမြင့်တက်တာကြောင့် ရေကြီးနစ်မြုပ်တာတွေရှိနေပြီလို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
#Local_News
Published 14 September 2024
#ပိတ်မိသူဒေသခံတွေကိုကယ်ထုတ် #သံလွင်မြစ်ရေဆက်တက်
#YMG/NN #Yangon_Times
#Local_News
Published 14 September 2024
▪️ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးရွာများနှင့်မြစ်ချောင်းများတွင် ပိတ်ဆို့မှုများကိုရှင်းလင်းမှုများဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်အတွင်းရှိ ကျေးရွာများတွင် ရေဝင်ရောက်မှုကြောင့် သစ်ပင်လဲကျခြင်း၊ လမ်းပိတ်ဆို့ခြင်းနှင့် မြစ်ချောင်းများအတွင်း ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်း၊ အမှိုက်သရိုက်များအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 September 2024
▪️ နေပြည်တော်၊လယ်ဝေးမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များ၊ ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့များ၌ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နေ၍ ကူညီကယ်ဆယ်ရေးများပြုလုပ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၁၄ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်၊ သစ်ကိုးပင်ရွာရှိ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ရေမြင့်တက်ဝင်ရောက်လျက်ရှိသောအမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်တို့မှ ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရေးရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်း ရေဝင်ရောက်လျက်ရှိသော အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ တောင်ငူမြို့နယ်၊ ကံရိုးရွာ၊ မြစ်ကြီးပေါက်ကျေးရွာ၊ ဒိုးအင်းရွာ၊ အရှေ့ဆင်ရွာ၊ အနောက်ဆင်ရွာ၊ ရေတာရှည်မြို့နယ် ထိပ်ပေါက်ကျေးရွာ၊ နှောပင်ကျေးရွာနှင့် ထန်းတပင်မြို့၊ အောင်ချမ်းသာရွာများရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြစ်(၃)မြစ် စိုးရိမ်ရေအမှတ်အထက်ဆက်တက်ဖိုရှိတဲ့အတွက် မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့
ကြိုတင်ရွှေ့ပြောင်းထားရန်လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 14 September 2024
#စိုးရိမ်ရေအမှတ်အထက်ဆက်တက်နိုင် #မြစ်ရေများ
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောနဲ့အောင်ပန်းမြို့တွေမှာ ရေကြီး၊ ရေလျှံတာတွေဖြစ်နေတာကြောင့် ရန်ကုန်အပါအဝင် နယ်ဒေသတွေကို ရှမ်းပြည်နယ်ဒေသထွက် ကုန်တွေတင်ပို့တာ ရပ်နားထားရတာကြောင့် ရန်ကုန်ဈေးကွက်မှာ ရှမ်းကုန်တွေဈေးတက်နေတယ်လို့ အောင်ပန်းမြို့နယ်ရှိ ပွဲရုံတွေနဲ့ စားသုံးသူ တွေဆီက သိရပါတယ်။
#Local_News
Published 14 September 2024
#ရှမ်းကုန်တင်ပို့မှုရပ်နား #ရှမ်းကုန်တွေဈေးတက်
#YMG/NN #Yangon_Times
မိုးသည်းထန်လို့ ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းအဆောက် အအုံ(၉)ခုကို ဘိလပ်မြေလုံးဝမသုံးဘဲ ရှေးမူလက်ရာအတိုင်း ပြုပြင်ရေးစံချိန်စံညွှန်းနဲ့အညီပြုပြင်သွားဖို့ရှိတယ်လို့ ပုဂံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 14 September 2024
#ဘုရား(၉)ဆူ #ရှေးမူမပျက်ပြုပြင်နေ
#YMG/tthl #Yangon_Times
#Local_News
Published 14 September 2024
▪️ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီး/ရေလျှံမှုများ ကြုံတွေ့နေရသည့်ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေးအော်ပရေတာလေးခုမှ ဖုန်းပြောခွင့်နှင့်စာတိုပေးပို့ခွင့်ကိုအခ မဲ့ ပံ့ပိုး ပေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေးကဏ္ဍ၏ လူမှုအကျိုးပြုလုပ်ငန်း Corporate Social Responsibility (CSR) အဖြစ် ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်သည်။
▪️ အဆိုပါကဲ့သို့ဆောင်ရွက်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ် (၇၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင်(၇၀၀)၊ အက်တမ်မြန်မာလီမိတက် (ATOM) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၅၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၅၀၀)၊ အော်ရီဒူးမြန်မာလီမိတက် (Ooredoo) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်အကန့်အသတ်မဲ့နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့၊ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက်(MYTEL) မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၁၀၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၁၀၀၀)တို့အားစက်တင်ဘာ ၁၃ ရက်မှစတင်၍ (၇)ရက်အထိ အသုံးပြုခွင့်ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 7 of 1708