ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဒေသထွက်ကုန်တွေ ရန်ကုန်ပြန်ဆင်းလာ
ပေမယ့် အရင်ကလောက်မများသေးတာကြောင့် ကုန်စိမ်းအချို့ဈေးဆက်တက်နေတယ်လို့ ပွဲရုံတွေက သိရပါတယ်။
#Local_News
Published 25 September 2024
#ကုန်စိမ်းအချို့ဈေးဆက်တက် #အောင်ပန်းဒေသထွက်ကုန်
#YMG/NN #Yangon_Times
#Local_News
Published 25 September 2024
▪️ နေပြည်တော်စည်ပင် ဧည့်ရိပ်သာ၏ အခန်းငှားရမ်းခနှုန်းထားများအား ပြင်ဆင်ကောက်ခံသွားမှာဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ပြင်ဆင်ကောက်ခံရာတွင် အခန်းငှားရမ်းခနှုန်းထားများကို စက်တင်ဘာ (၂၄) ရက်မှ စတင်၍ ရိုးရိုးခန်းလျှင် ဝန်ထမ်းနှုန်းထားဖြင့် (၁၂၆၀၀)ကျပ်နှင့် ပြင်ပနှုန်းမှ ငှားရမ်းသူများအတွက် (၁၈၉၀၀) ကျပ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ Aircon ခန်း ငှားရမ်းခများကို ဝန်ထမ်းများအား (၂၅၂၀၀) ကျပ်နှင့် ပြင်ပမှ ငှားရမ်းသူများအတွက် (၃၁၅၀၀) ကျပ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် မိသားစုလိုက်တည်းခိုနိုင်သည့် ငုရွှေဝါဆောင်အတွက် (၅) ဦးစာလျင် (၆၃၀၀၀) ကျပ်ဖြစ်ပြီး ထပ်တိုး (၁) ဦးလျင် (၁၂၆၀၀) ကျပ်ဖြင့် (၃) ဦးအထိ ထပ်တိုးတည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း၊ ရိုးရိုးခန်းနှင့် Aircon ခန်းများတွင် ဧည့်သည် (၃) ဦးအထိ တည်းခိုနိုင်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
တစ်နိုင်ငံလုံးအတိုင်းအတာအရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှာ EVကား တွေ အပါအဝင် မှတ်ပုံတင်ထားတဲ့ ယာဉ်အစီးရေပေါင်း ၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 25 September 2024
#EV #ယာဉ်အစီးရေပေါင်း၆သန်းကျော်
#YMG/NN #Yangon_Times
#Local_News
Published 25 September 2024
▪️ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ယခုလအတွင်း ဘာသာစကားမျိုးစုံ သင်တန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဖွင့်လှစ်ရာတွင် ကိုယ်တိုင်သွား၍တက်ရောက်နိုင်သော ဘာသာစကားသင်တန်းများကို စက်တင်ဘာ ၂၈ ရက်နေ့မှစ၍လည်းကောင်း၊ Online သင်တန်းများကို စက်တင်ဘာ ၂၇ရက်နေ့မှစ၍လည်းကောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူနေမှုစနစ်နှင့်အတူ တရုတ်စာ ၂၅% ပါသော Diploma in China Studies (၁) နှစ် သင်တန်းကိုလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
▪️ ယခုလအတွင်း ဖွင့်လှစ်မည် သင်တန်းများမှာ Diploma in English For Communication Skills (Online နှင့် Face to Face)၊ တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ရုရှား (Online)၊ တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာ (Face to Face) ၊Diploma in China Studies (Face to Face) များ ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ Diploma in English For Communication Skills သင်တန်း စတင်တက်ရောက်မည့်သူများအတွက် ယခင်က ဝင်ခွင့်ဖြေဆိုထားပြီး တက်ရောက်ခွင့်မရသေးသူ လူဟောင်းများကိုသာ လက်ခံဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 September 2024
▪️ မြန်မာနိုင်ငံရှိရေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၁.၇)သန်းထပ်တိုးလှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ ထုတ်ပြန်လိုက်သည်။
▪️ ဩစတြေးလျနိုင်ငံအနေဖြင့် အဆိုပါအကူအညီအား ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာ၊ ရေနှင့်ခိုနားရန်နေရာများကို ပေးအပ်ပံ့ပိုးအသုံးပြုသွားမည်ဟုဆိုသည်။
▪️ ရေဘေးကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သူများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားမည့်အကြောင်းနှင့်အမေရိကန်ဒေါ်လာ (၁.၇) သန်းကို ထပ်တိုးအကူအညီအဖြစ်ပေးသွားမည့်အကြောင်းများကို ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
#YMG/tthl #Yangon_Times
#Local_News
Published_25 Sept 2024
▪️ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင် သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် အလှူရှင်တို့က ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဂရုဏာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနားကို ယနေ့စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေး နှင့်ယဉ် ကျေးမှုဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပ ခဲ့ရာ သီတဂူ ဆရာတော်ကြီးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ ကွန်းခိုရာ ကုမ္ပဏီမိသားစုက ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကော်မတီဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ အလှူငွေများပေးအပ်လှူဒါန်းရာ သီတဂူဆရာတော်ကြီး လှူဒါန်း သည့် အမေရိကန် ဒေါ်လာ ၁၀၀၀၀ ကို ဆရာ တော်ဘုရားကိုယ်စား ကပ္ပိယကာရကမှ ပေးအပ်လှူဒါန်းရာ အမျိုး သား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ဆက်ကပ်ခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်၍ ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
၂၄ စက်တင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ယူထိုင်းခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးစခန်းတစ်ခုကို ဒေသအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရုတ်တရက် ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကရေးသားပါတယ်။
အရာရှိတွေဟာ တမ်ဘွန်နွမ်နမ်ဆွမ်မှာရှိတဲ့ အဲဒီဆောက်လုပ်ရေးစခန်းကို အင်္ဂါနေ့ မနက် ၆နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီ မြန်မာ ၂၇၂ ဦးမှာ အမျိုးသမီးတွေပါ ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ယူထိုင်းခရိုင်ရုံးကပြောပါတယ်။
မြန်မာတစ်ဦးက သူနှင့်အတူ မြန်မာ ၃၀၀ ခန့်ဟာ မဲဆောက် နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်ပွဲစားကို ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ်နှစ်သောင်းပေးခဲ့ ရတယ်လို့ အာဏာပိုင်တွေကို ပြောပြပါတယ်။
ဆောက်လုပ်ရေးစခန်းထဲမှာ သူတို့ဟာ တစ်ရက်ကို ဘတ်ငါးရာရရှိကြပြီး ကျွမ်းကျင်သူတွေကတော့ ဘတ် ၆၀၀ ရရှိတယ်လို့လည်းသူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် သူတို့ဟာ နိုင်ငံထဲမှာ ရွေးချယ်စရာနည်းလွန်းတာကြောင့် ထိုင်းမှာ အလုပ်လုပ်ဖို့လာခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးပါတယ်။
ဒီဆောက်လုပ်ရေးစခန်းကိုစီးနင်းပြီး တရားမဝင်အလုပ်သမားတွေရှာဖွေတာ ဒါဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးက လွန်ခဲ့တဲ့ (၂)နှစ်ကဖြစ်တယ်လို့ အကြီးတန်းပြည်နယ်အရာရှိတစ်ဦးဖြစ်တဲ့ ဆူပါခွန်အန်နက် သာရက်ကပြောပါတယ်။
အဲဒီအလုပ်သမားတွေအားလုံးကို တရားစွဲဆိုပြီးရင် မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်း သူကပြောပါတယ်။
@ymg/knl
Page 53 of 1767