မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသက ထွက်ရှိတဲ့ ထုတ်ကုန်တွေကို ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ထုတ်ကုန်တွေရဲ့ အရည်အသွေးထိန်းသိမ်းမှုတွေကို ပံ့ပိုးဆောင်ရွက်ပေးနေတယ်လို့ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရပါတယ်။
#Local_News
Published 6 March 2025
#ပြင်ဦးလွင်ဒေသထွက်ကုန် #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
#Local_News
Published 6 March 2025
▪️ ယနေ့မတ်လ ၆ရက် နေ့လည်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားရာ Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ မီးလောင်မှုမှာ နေ့လယ် (၁၂)နာရီ (၄၆)မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းနှင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များနှင့်အတူ နယ်မြေခံလူမှုကူညီရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
▪️ သို့သော် မီးလောင်ကျွမ်းမှုများသဖြင့် နေ့လယ် (၁၂)နာရီ (၅၃)မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် (၁)နာရီ(၄)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နေ့လယ် (၁) နာရီ (၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆံတော်ရှင်မြတ်မော်တင်စွန်းပွဲတော်ကာလဖြစ်တာကြောင့် ငွေတောင်ကမ်းခြေကို အပန်းဖြေခရီးသွားလာရောက်တာ များပြားနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
#Local_News
Published 6 March 2025
#ငွေတောင်ကမ်းခြေ # အပန်းဖြေခရီးသွားလာရောက်
#YMG/NN #Yangon_Times
#Local_News
Published 6 March 2025
▪️ ကလီကမ်းနားတွင် စက်သမ္ဗာန်တစ်စီးတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော (၁၇)နှစ် အမျိုးသားတစ်ဦး ၏ DB အား ယနေ့မနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ သိရသည်။
▪️ မတ်လ ၄ ရက်နေ့၊ နေ့လယ် ၂နာရီ ၅၅ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းမှ ကလီဆိပ်ကမ်းသို့ မောင်းနှင်လာသည့် သမ္ဗာန်ယာဉ်(၁)စီးသည် ကလီဆိပ်ကမ်းအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သမ္ဗာန်ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါ(၁၂)ဦးအနက် (၁၁)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ကျန်ပျောက်ဆုံးနေသူ(၁)ဦးအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပျောက်ဆုံးနေသည့် (၁၇)နှစ် အမျိုးသားတစ်ဦးအား မတ်လ၆ ရက်နေ့မနက် ၇ နာရီအချိန်ခန့်က ကလီကမ်းနားဆိပ်တွင် DB တွေ့ရှိ၍ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းကာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ DB ဆယ်ယူပြီး နိဗ္ဗာန်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဖေဖော်ဝါရီလအတွင်းပြည်ပနိုင်ငံတွေကို ကန်ဒေါ်လာသန်း ၅၀ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန် တစ်သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့နှိုင်းယှဉ်ပါက တန်ချိန်တစ်သိန်းခန့်အထိ လျော့နည်းတင်ပိုခဲ့နိုင်ခဲ့တာကြောင့် ပို့ကုန်ရငွေလည်း လျော့နည်းရရှိခဲ့တယ်လို့ မြန်
မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 6 March 2025
#ဆန်နဲ့ဆန်ကွဲတင်ပို့ #ပို့ကုန်ရငွေလျော့ကျ
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံကကွန်ဒိုတွေဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
#Local_News
Published 6 March 2025
#ထိုင်းကွန်ဒိုဝယ်ယူမှု #မြန်မာကထိပ်ဆုံး
#YMG/SW #Yangon_Times
#Local_News
Published_6 March 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း အထပ်မြင့်အဆောက်အဦများပြားသည့် အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်အုပ်စုတို့တွင် ရေတင်ခြင်းကိစ္စဆောင်ရွက်နိုင်ရန်နှင့်နေထိုင်မှု အဆင်ပြေနိုင်ရန်အတွက် ရရှိသမျှ ဓာတ်အားပေါ်အခြေခံ၍ (A, B) ၂ အုပ်စုခွဲ၍ (၄)နာရီစီအလှည့်ကျ ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
▪️ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့တွင် (၄)နာရီပေး (၈) နာရီ ဓာတ်အား ပိတ်စနစ်ဖြင့် ဓာတ်အားပေးထားကြောင်း၊ ယင်းမှာ အဆိုပါ ဧရိယာမှာ ဓာတ်အားပေး ဧရိယာကျယ်ဝန်းခြင်း၊ ဓာတ်အားပေးနည်းပညာအရ ဓာတ် အားလိုင်း ဝေးလံရှည်လျားခြင်း၊ ဓာတ်အားစနစ် အခြေအနေ တစ်ခါ တစ်ရံ လျော့ပါးခြင်းဖြစ်လာသည့်အခါ Frequency Load Shed လုပ်ရသည့် အခြေအနေများကြောင့် (၄)နာရီပေး (၈)နာရီဓာတ်အားပိတ်စနစ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ထရန်စဖော်မာများ တိုးချဲ့တပ် ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများအဆင့်မြှင့်တင် လဲလှယ်ခြင်းနှင့် လျှပ်စစ် ပိုင်းဆိုင်ရာအခြေခံအဆောက် အအုံများ တိုးချဲ့တည်ဆောက်ခြင်းများကို နှစ်စဉ်ဘဏ္ဍာငွေလျာထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
▪️ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုရှိခြင်း၊ ရာသီဥတုကြောင့် ဓာတ်အားပိုမိုရရှိပါက ၎င်းဧရိယာများကို ညပိုင်း တွင် ဓာတ်အားအပို ထပ်ဆောင်း ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန က ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယင်းအပြင် သောင်းကျန်းသူများဖျက်စီးထားသော မဟာဓာတ်အား လိုင်းများကိုကြိုးစားပြုပြင်ဆောင်ရွက် လျှက်ရှိကြောင်း၊ယင်းဓာတ်အားလိုင်းများ ကောင်းမွန်ပါက ဓာတ်အား ထုတ်လုပ်ရေးစက်များတွင် ဆည်ရေအ ပြည့်အလျှံ သိုလှောင်ထားပြီးဖြစ်သဖြင့် ဓာတ်အား တိုးတက်ထုတ်လုပ်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ အခြား အရင်းအမြစ်များကလည်း ဓာတ်အား ထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်နေသောကြောင့် ဓာတ်အားပိုမိုထုတ်လုပ်ရရှိနိုင်သည်နှင့် အမျှ ဓာတ်အားဖြန့်ဖြူးပေးမှုများကို ယခုထက်ပိုမို၍ အညီအမျှ ဓာတ် အား ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#Yangon_Times/PP
Page 51 of 1948