#Local_News
Published 9 May 2025
▪️ မန္တလေး ငလျင်ကြောင့် ရပ်ဆိုင်းလိုက်ရသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဇွန်လအတွင်းပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အသိပေးထားသည်။
▪️ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရသည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။
▪️ အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိကျင်းပမည်ဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 May 2025
▪️ မြေငလျင်ကြောင့် ေခတ္တရပ်နားခဲ့သည့်"Bike Tour"ကို ယခု မေလ (၁၀) ရက်တွင် ပြန်လည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "စက်ဘီးစီးချင်တယ်၊ စက်ဘီးဝယ်ချင်တယ် ဒါပေမယ့် ဘယ်လိုစက်ဘီးအမျိုးအစားက ကိုယ်နှင့်ကိုက်ညီမှန်းမသိ၊ ဘယ်လိုအမျိုးအစားဝယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင်သန့်မြန်မာနဲ့ Prevent Plastics+ တို့ပူးပေါင်းစီစဥ်တဲ့ စက်ဘီးဝယ်ကြမယ်ဆိုတဲ့ Bike Tour လေးမှာပါဝင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ် " ဟု သန့်မြန်မာအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ Bike Tourကိုအင်းစိန်မြို့နယ်၊ နံ့သာကုန်း စက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်း၌ပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါ Bike Tourကိုစက်ဘီးအကြောင်းသိချင်သူ၊ စက်ဘီးစျေးစုံစမ်းလိုသူ၊ စက်ဘီးဝယ်ယူလိုသူ၊ စက်ဘီးစစီးမည့်သူကအစ စက်ဘီးစီးဝါသနာအိုးများအထိ အားလုံးပါဝင်နိုင်ကြောင်း သိရသည်။
▪️ Bike Tour မစတင်ခင် စုရပ်အဖြစ် အင်းစိန်မြို့နယ် Melody Cafe and Foodတွင် လိုက်ပါမည့်သူများအားလုံးအဆိုပါနေ့ နံနက် ၁၀နာရီမတိုင်ခင် တွေ့ဆုံမည်ဖြစ်ပြီးစက်ဘီးနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိ စက်ဘီးပရော်ဖက်ရှင်နယ် ဆရာကိုကျော်ကျော်ထက်မှ ဦးဆောင်ပြီး လိုက်လံပြသရှင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 May 2025
▪️ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံမှစေတနာရှင်များက အလှူငွေယန်း ၁၅,၀၁၃,၀၀၀နှင့်ယန်း သန်း ၂၀တန်ဖိုးရှိ ပစ္စည်းများလှူဒါန်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရသည်။။
▪️ မတ်လ ၂၈ ရက် (သောကြာနေ့) က မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ် ခဲ့သဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့သောများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ရာအဆိုပါမြေငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဟောင်း H.E. Mr. Makoto Koga မှ ယန်းငွေ ၅၀၀,၀၀၀ (ယန်းငါးသိန်း) ကို (၂၃-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Sai no Kuni Health and Welfare Cooperative မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် EAINDRA Network Co., Ltd မှ ယန်းငွေ ၁၀၀,၀၀၀ (ယန်း ၁ သိန်း) တို့ကို (၃၀-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Medical Care Planning Co., Ltd မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် Tokyo One Co., Ltd တို့မှ ယန်းငွေ ၂၀၀,၀၀၀ (ယန်းနှစ်သိန်း) တို့ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ ရှီနာဂါဝါမြို့နယ်အတွင်းရှိ ဂျပန်နိုင်ငံသားစေတနာရှင်များမှ ယန်းငွေ ၄၀,၀၀၀ (ယန်းလေးသောင်း) ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ အသီးသီးလာ ရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ေကြာင်း သိရသည်။
▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးမေလ (၉) ရက်နေ့အထိ စေတနာရှင်များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ စုပေါင်းလှူဒါန်းငွေအနေဖြင့် ယန်း ၁၅,၀၁၃,၀၀၀ (ယန်း တစ်ဆယ့်ငါးသန်း တစ်သောင်းသုံးထောင်) အား လက်ခံရရှိခဲ့ပြီး စုစုပေါင်း ယန်း ၂၀,၀၀၀,၀၀၀ (ယန်း သန်း ၂၀ တိတိ) ပမာဏရှိ အစား အသောက်နှင့်ဆေးဝါးများ၊ သောက်ရေသန့်နှင့် ရွက်ဖျင်တဲများအား လက်ခံရရှိခဲ့ေကြာင်း၊AEON 1% Club Foundation မှ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူလူထုအတွက် လှူဒါန်းသော ယန်း ၁၀,၀၀၀,၀၀၀ (ယန်း ၁၀ သန်း) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီးဖြစ်ကြောင်း၊
▪️ ထိုလှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 08 May 2025
၁။ ဂျပန်ရိုးရာကြိုးကြာရုပ်ခေါက် ဆုတောင်းပွဲပြုလုပ်မည်
၂။ မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲရန်ကြိုတင်လက်မှတ်များစတင်ရောင်းချ
၃။ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာနှင့်ထိုင်းဘတ်သန်း ၂၃၀ ကျော် ထုတ်ရောင်းမည်
၄။ တရုတ်အင်ဂျင်နီယာများ လုပ်ငန်းအမျိုးမျိုး၌ စက်ရုပ်များကိုချဲ့ထွင်အသုံးချ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းသို့ ခွင့်နဲ့ပြန်လည်ဝင်ရောက်လာတဲ့ ခွင့်ပြန်လုပ်သားတွေအနေနဲ့ပြည်ပကို ပြန်လည်ထွက်ခွာရာမှာ ထွက်ခွာအမည်ခွင့်စာရင်းမှာ မိမိနာမည်ပါရှိမှသာ ပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ သိရပါတယ်။
#Local_News
Published 08 May 2025
#POEA #နာမည်ပါရှိမှသာပြန်လည်ထွက်ခွာနိုင်
#YMG/SW #Yangon_Times
စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေသန်း၂၃၀ ကျော် ထပ်မံထုတ်ရောင်းပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးလာပါတယ်။
#Local_News
Published 08 May 2025
#စက်သုံးဆီလုပ်ငန်းရှင် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲရန်ကြိုတင်လက်မှတ်တွေကို ဒီကနေ့မှာ စတင်ရောင်းချပေးနေပြီလို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 08 May 2025
#မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ် #ကြိုတင်လက်မှတ်များရောင်းချ
#YMG/NN #Yangon_Times
Page 6 of 1975