#Local_News
Published 10 March 2025
▪️ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၉ ခုကို မြန်မာ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားများတင်ပြရန် ယနေ့နောက်ဆုံးထား အသိပေးထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင်လမ်းကြောင်းများမှလွှဲပို့ရန် ညွန်ကြားထားကြောင်း သိရသည်။
▪️ ထို့ကြောင့် ယခုအသိပေးထားသည့် အေဂျင်စီများမှမိသားစုလွှဲပို့ငွေ အထောက်အထားများ အချိန်မီပေးပို့လာခြင်းမရှိသည့် အေဂျင်စီများ၏ အလုပ်ခေါ်အသစ်တင်ပြခွင့် ဆိုင်းငံ့သွားမည်ဖြစ်ပြီး ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုလအတွင်းဖြေဆိုကြမယ့် တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေ သွားလာရေးအဆင်ပြေစေဖို့ YBS ယာဉ်တွေထပ်တိုးပြေးဆွဲတာ၊ မီနီဘတ်(စ်) ၁၀ စီးကိုအသင့်ပြင်ထားတာ၊ ဝန်ထမ်းတွေဆီအကူအညီ တောင်းလာပါက တက်စီအငှားယာဉ်ငှားရမ်းပေးတာ စတာတွေအပါအဝင် အကူအညီတွေပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကအများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Local_News
Published 10 March 2025
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ #YRTC
#YMG/NN #Yangon_Times
ပြည်တွင်းထုတ်သံထည်ထုတ်ကုန်ပစ္စည်းတွေကို အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးလုပ်ဆောင်သွားမယ်လို့ စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 March 2025
#သံထည်ထုတ်ကုန်ပစ္စည်း #စက်မှုဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ အသင်းအဖွဲ့နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် နားလည်မှု စာချွန်လွှာ(MOU)ကို မတ်လ ၄ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 March 2025
#ရုပ်ရှင်အစည်းအရုံး #ဆောက်လုပ်ရေးအသင်းချုပ်
#YMG/SW #Yangon_Times
အဆိုပါ EV Charging Station နှစ်ခုကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၃၉)ရှိ ဘောနက်ကြီး ယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင်အမှတ် (၁၁၅) ရှိ ဖြူးယာဉ်ရပ်နားစခန်းတို့မှာ တိုးချဲ့တည်ဆောက်နေတာဖြစ်ပြီး သုံးလအတွင်း အပြီးသတ်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
#Local_News
Published 10 March 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #EV_Charging_Stationနှစ်ခုထပ်တိုး
#YMG/NN #Yangon_Times
#Local_News
Published 10 March 2025
▪️ "အဖြူရောင်သက္ကရာဇ်"၊ မယ်ချို " ဇာတ်လမ်းတွဲများဖြင့် ပရိတ်သတ်အားပေးမှု ရရှိခဲ့သူ Mrtv-4 မှသရုပ်ဆောင်မင်းသား ထူးဇော် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ထူး(ခေါ်) ထူးဇော်သည် ကလေးသရုပ်ဆောင်မှ လူကြီးသရုပ်ဆောင်ဖြစ် လာခဲ့ခြင်းဖြစ်ပြီး ၄င်းပါ၀င်သရုပ်ဆောင်ထားသည့် "ယောက်ျားကောင်း အတောင်နှစ်ဆယ်" ရုပ်ရှင်ကားမှာလည်း (၂၀၂၄) ခုနှစ်၏ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း သိရသည်။
▪️ သရုပ်ဆောင် ထူးကွယ်လွန်ခြင်းနှင့် ပတ်သက်၍ Forever Group (MRTV-4) မိသားစုမှ လည်း ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 March 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့အနီး၌ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ မတ်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၂၂)မိနစ်၊ (၃၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၁၀၁) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ် ပြင်၊ (ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၆၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၅.၃၇) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း ဆိုထားသည်။
#YMG/NN #Yangon_Times
Page 46 of 1947