#Daily_News
Published 12 March 2025
၁။ နေပြည်တော်မဟာသင်္ကြန်ကို ယခင်နှစ်များထက်ပိုခမ်းနားစွာကျင်းပမည်
၂။ သီလဝါအိမ်ရာရှိ အခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးမည်
၃။ PJ ပတ်စပို့ဖြင့် ပြည်ပထွက်ခွာမည့်သူများ OWIC ကတ်အပြင် ခွင့်ပြုချက်ပါ ရယူရမည်
၄။ လက်နက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံအဖြစ် အမေရိကန်ရပ်တည်နေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 March 2025
▪️ ရန်ကုန်မြို့ ၊မဟာဗန္ဓုလမ်းနှင့်ဗိုလ်ချုပ်လမ်းတွင်လမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
▪️ ထိုသို့ဆောင်ရွက်ခြင်းမှာ မြို့တော်အင်္ဂါရပ်များနှင့်အညီသန့်ရှင်းသာယာလှပမှုရှိစေရေး၊လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေး၊ ညအချိန်ပြည်သူများ ယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ညအချိန်အလင်းရောင်ကောင်းစွာရရှိပြီး ဒုစရိုက်မှုများကင်းရှင်းစေရေးတို့အတွက်ဖြစ်ပြီး မဟာဗန္ဓုလမ်းတွင် ၅.၁၁ မိုင်၊ ဗိုလ်ချုပ်လမ်းတွင် ၄.၁၈ မိုင်အားမြေအောက်ဓာတ်အားလိုင်းများချမြှုပ်လျက် လမ်းလယ်ကျွန်းဓာတ်မီးတိုင် စုစုပေါင်း ၈၉ တိုင်စိုက်ထူကာLED(150)Wလမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရအကောင်အထည်ဖော်ဆောင်ရွက်လျက်နေခြင်းဖြစ်ပြီး မဟာဗန္ဓုလ လမ်းတစ်လျှောက်(လမ်းသစ်လမ်းမှ ဆူးလေဘုရားအဝိုင်းအထိ)နှင့်ဗိုလ်ချုပ်လမ်းတစ်လျှောက်(ပန်းဆိုးတန်းလမ်းမှ ပုဇွန်တောင်ပန်းခြံအထိ)လမ်းလယ်နှင့်လမ်းဘေး ဝဲ/ယာ ရှိ ကောင်းကင်ဓာတ်အားလိုင်းများအားမြေအောက်ဓာတ်အားလိုင်းအဖြစ်ပြောင်းလဲတည်ဆောက်ခြင်းနှင့်လမ်းလယ်ကျွန်းတစ်လျှောက်တွင်လမ်းမီးတိုင်များစိုက်ထူရေးလုပ်ငန်းခွင်သို့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်မှတာဝန်ရှိသူများလိုက်ပါလျက်မတ် ၁၁ ရက်ကသွားရောက်ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ဗီယက်နမ်လေးနိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ ဆန်စပါးကဏ္ဍကိုမြင့်တင်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 12 March 2025
#ဆန်စပါးကဏ္ဍမြင့်တင် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/SW #Yangon_Times
Passport of Job (PJ) နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာမယ့်သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လက်ဝယ်ရှိဖို့ လိုအပ်တဲ့အပြင်ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက်ကို လျှောက်ထားရယူရန် လိုအပ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 12 March 2025
#PJပတ်စပို့ #OWICကတ်
#YMG/SW #Yangon_Times
ရန်ကုန်မြို့ သီလဝါအိမ်ရာရှိ အခန်းတွေကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမယ်လို့ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက သိရပါတယ်။
#Local_News
Published 12 March 2025
သီလဝါအိမ်ရာရှိအခန်းများ #ယာယီနေထိုင်ခွင့်ထုတ်ပေး
#YMG/NN #Yangon_Times
အခုနှစ်နေပြည်တော် မဟာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေထက် ပိုခမ်းနားစွာကျင်းပသွားမယ်လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောပါတယ်။
#Local_News
Published 12 March 2025
#မဟာသင်္ကြန်ပွဲတော် #နေပြည်တော်ကောင်စီ
#YMG/NN #Yangon_Times
#Local_News
Published 12 March 2025
▪️ တစ်လကျော်ဆက်တိုက်ကျဆင်းခဲ့ပြီးနောက် အကျဈေးတွင်တည်ငြိမ်နေခဲ့သည့် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ ယခုအပတ်တွင် ထပ်မံကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ပေးနေသည့် ဈေးနှုန်းများအရ သိရသည်။
▪️ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ မတ် ၁၀ ရက်မှ ၁၆ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၈၉၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားရာ ယခင်အပတ်ထက် တစ်ပိဿာလျှင် ၁၅ကျပ်ထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။
▪️ ယခုကဲ့သို့ ရည်ညွှန်းဈေးကျဆင်းသော်လည်း ပြင်ပပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ်တစ်သောင်းအထက်သာရှိနေကြောင်း သိရသည်။
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်နှင့်သိုလှောင်ခြင်း အပါအဝင်မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 43 of 1947