#Local_News
Published 15 March 2025
▪️ မြန်မာနိုင်ငံ ပြည်ပနိုင်ငံအသီးသီးရှိ ဆိပ်ကမ်းအသီးသီး၏ သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသားများကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံရပြီး မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်ပေါ်နေခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်း စသည့်ပြဿနာများ ကြုံတွေ့နေရသည့် သင်္ဘောသားများ၏ မိသားစုများအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်ဆိပ်ကမ်း၌ ထိန်းသိမ်းခံထားရသည်ကို အကြောင်းကြားရန် (MSF) က အသိပေးထားသည်။
▪️ ထိုသို့ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား မိသားစုများအနေဖြင့် သင်္ဘောသားအမည် ၊ CDC နံပါတ် ၊ Passport နံပါတ်၊ သင်္ဘောအချက်အလက်များ၊ မြန်မာနိုင်ငံတွင်ရှိသော ဒေသခံကိုယ်စားလှယ်အမည်နှင့် ရုံးလိပ်စာအပြင် နိုင်ငံခြားတွင်ရှိသော သင်္ဘောပိုင်ရှင်အမည်နှင့် ရုံးလိပ်စာများကို MSF သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်အထိန်းသိမ်းခံရသည့်အကြောင်းအရင်းနှင့် နေရာတို့ကိုလည်း တင်ပြရမည်ဖြစ်သကဲ့သို့ ထိန်းသိမ်းခံရမှုအပေါ် ဒေသခံကိုယ်စား လှယ်က ဆောင်ရွက်ထားခြင်း ရှိမရှိနှင့် ရှိခဲ့လျှင် မည်သို့ဆောင်ရွက်ထားသည်ဆိုသည့် အချက်အလက်များကို အထောက်အထားနှင့်တကွ တင်ပြရမည်ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံသို့ သွားရောက်ဖို့အတွက် ဗီဇာလျှောက်ထားရာမှာ အွန်လိုင်းမှ တဆင့် လျှောက်ထားမှုကို ဧပြီလ ၁ရက်မှာ ပြန်လည်လက်ခံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 15 March 2025
#အွန်လိုင်းမှတဆင့်ဂျပန်ဗီဇာလျှောက်ထား #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အနေနဲ့ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှ စတင်ကာ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းရတော့မှာ ဖြစ်တယ်လို့ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
#Local_News
Published 15 March 2025
#ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ #အထောက်အပံ့များရပ်ဆိုင်း
#YMG/SW #Yangon_Times
#Daily_News
Published 14 March 2025
၁။ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်စာရင်းဝင် စာဝါကျားငှက် လေးသောင်းခန့် ဧရာဝတီ၌တွေ့ရှိ
၂။ စီးပွါးရေးလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့နိုင်ရန် Commercial Loan လျှောက်ထားရယူနိုင်
၃။ ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်လိုသူများကို MCEF ဖိတ်ခေါ်နေ
၄။ တရုတ်၊ အီရန်၊ ရုရှားတို့ပါဝင်သော ရေကြောင်းစစ်ရေးလေ့ကျင့်မှုကြီးပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 14 March 2025
▪️ ဂျပန်က မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင်သင်တန်းသားများ ခေါ်ယူရာတွင် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ်ထပ်မံဖြည့်စွက်လိုက်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်ထားသည်။
▪️ ဂျပန်နိုင်ငံအနေဖြင့် နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားများ ခေါ်ယူလျက်ရှိရာ လုပ်ငန်းအမျိုးအစားများနှင့် စပ်လျဉ်း၍ Organization for Technical Intern Training (OTIT) မှ အကြောင်းကြားလာခြင်းကို တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာပေးခြင်းဖြစ်သည်။
▪️ ထိုအကြောင်းကြားစာ၌ (က) လုပ်ငန်းနယ်ပယ်အမှတ်စဉ် (၇)၊ Others ၏ အောက်တွင် Code No. 7-14-2 ဖြင့် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ် ထပ်မံဖြည့်စွက်ထားပြီး ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန် (Operation) မှာ Laundry Work for General Households ဖြစ်ကြောင်း၊(ခ) Code No. 7-14-1 (Linen Supply) ကို Laundry ဟု အမည်ပြောင်းလဲသတ်မှတ်ထားကြောင်း ဖော်ပြပါရှိသည်။
▪️ ထို့ကြောင့် တိုကျိုမြို့ရှိ မြန်မာသံရုံးက နည်းပညာအလုပ်သင်သင်တန်း အစီအ စဉ်ဖြင့် လာရောက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ ပြင်ဆင်၊ ဖြည့်စွက် ထားခြင်းအပေါ် သိရှိနိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 March 2025
▪️ ပြည်တွင်း/ပြည်ပ နိုင်ငံတကာပညာရေး အခွင့်အလမ်းများအတွက် နိုင်ငံတကာပညာရေးပြပွဲကြီး 'IBE International Education Fair 2025'ကို ရန်ကုန်မြို့ရှိ Sedona Hotel တွင် နှစ်ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပွဲကို IBE Education Fair Intel-Bridge Education မှ ပြည်တွင်း၌ ကျောင်းတက်ချင်သူများအပြင် ပြည်ပ၌ ပညာတော်သင်သွားချင်သူများအတွက်ပါ အဆင်ပြေအကျိုးရှိစေရန် ရည်ရွယ်၍ မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Sedona Hotel (Grand Ballroom) တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲတွင် ဥရောပနိုင်ငံများမှ ကျောင်းများနှင့် အရှေ့တောင်အာရှနိုင်ငံတွေ China, Korea, Malaysia, Singapore နဲ့ Thailand တို့မှ ကျောင်းများပါ ပါဝင်သွားမည် ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံအသီသီးရှိ ကျောင်းများ၏ Representative တွင် လေ့လာနိုင်မည်ဖြစ်သည့်အပြင် သိလိုသည်များကိုပါ တိုက်ရိုက်မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ပြည်တွင်းနာမည်ကြီး နိုင်ငံတကာကျောင်းများ၏ Representative များကိုလည်း သိရှိနိုင်မည်ဖြစ်သည့်အတွက် ပြည်တွင်းတွင် ကျောင်းတက်ရန် စဉ်းစားထားသည့် ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ရွေးချယ်စရာ နိုင်ငံတကာ ပညာရေးလမ်းကြောင်းများ ပညာရေးအခွင့်အလမ်းများကို တိုက်ရိုက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနောက်ဘက်၅ မိုင်အကွာကြိုပင်ရိုးကျေးရွာ၊ ရန်ပြေအေးကျောင်းတိုက်ရှိ ပြည်လုံးချမ်းသာစေတီတော်ကြီးကို မတ်လ ၁၃ ရက်၊ တပေါင်းလပြည့်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာဒိစ္စဝံသ (ဘတ်ဒန်ဒ အာဒိတ်စဝန်သ) ဆရာတော်ကြီးကိုယ်တိုင် ပရိတ်ချည်မျှင်နဲ့ ထီးတော်တင်လှူပူဇော်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 14 March 2025
#ထီးတော်တင်လှူ #ပရိတ်ချည်မျှင်
#YMG/NN #Yangon_Times
Page 41 of 1947