#Local_News
Published_29 March 2025
▪️ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရ သည့် မန္တလေး တိုင်းဒေသကြီးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ မတ်လ ၂၉ ရက် နံနက် အစော ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းသို့ရောက်ရှိချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး ခဲ့ရမှုများကို တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေး သွား ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် မန္တလေးမြို့အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု အခြေ အနေများကို ဆက်လက် လိုက်လံကြည့်ရှုစစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ် ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးဖြစ်ကြောင်းနှင့် အသေး စိတ် စာရင်းကို ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
▪️ ယမန်နေ့ မတ် ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင် ငယ် များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည် နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ် ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
၂၉ မတ် ၂၀၂၅
မြန်မာ့ငလျင်ဘေးအတွက် အိန္ဒိယ အကူအညီ များ ယနေ့ နံနက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းအကူအညီမှာ ငလျင်လှုပ်ပြီး ( ၂၁ ) နာရီအကြာတွင် ရောက်ရှိလာသည့် အိန္ဒိယလေတပ်၏ ပထမအကြိမ် လေယာဉ် ဖြစ်ကြောင်း၊မြန်မာ ငလျင်အတွက် အကူအညီပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်လေဆိပ်သို့ ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လှုပ်ရှားခဲ့သည့် ပြင်းထန်သော ငလျင်ဘေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက လူမှုကွန်ရက်စာမျက်နှာတွင် ဆိုရှယ်မီဒီယာ တွင် ရေးသားခဲ့ပြီးနောက် ယခုအခါ ကူညီပစ္စည်းများ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
Operation Brahma စီမံချက်အမည်ဖြင့် အိန္ဒိယနိုင်ငံသည် ယမန်နေ့က ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ပထမဆုံးတုံ့ပြန်ကူညီဆောင်ရွက်သည့်နိုင်ငံအဖြစ် စောင်များ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊အစားအသောက်ထုပ်များ၊မီးစက်များနှင့် မရှိမဖြစ်လိုအပ်သောဆေးဝါးများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်ခန့်သည် ပထမအသုတ်အဖြစ် ရန်ကုန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
မတ်လ ၂၈ ရက် မွန်းလွဲ ၁၂နာရီ ၅၁ မိနစ်ခန့်က မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက် ၁၆ ကီလို မီတာ အကွာကို ဗဟိုပြု၍ မြေအောက်အနက် ၁၀ ကီလိုမီတာမှ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အား ပြင်း ထန်သည့် ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများအပြင် လူသေဆုံးမှုများလည်း ရှိခဲ့ ကြောင်း သိရသည်။
#Local_News
Published-29 March 2025
▪️ မြန်မာ့ငလျင်ဘေးအတွက် အိန္ဒိယအကူအညီများ ယနေ့နံနက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ယင်းအကူအညီမှာ ငလျင်လှုပ်ပြီး (၂၁) နာရီအကြာတွင် ရောက်ရှိလာသည့် အိန္ဒိယလေတပ်၏ ပထမအကြိမ်လေယာဉ်ဖြစ်ကြောင်း၊ မြန်မာငလျင်အတွက် အကူအညီပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်လေဆိပ်သို့ ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လှုပ်ရှားခဲ့သည့် ပြင်းထန်သော ငလျင်ဘေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာ မိုဒီက လူမှုကွန်ရက်စာမျက်နှာတွင် ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီးနောက် ယခုအခါ ကူညီပစ္စည်းများ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
▪️ မတ်လ ၂၈ ရက် မွန်းလွဲ ၁၂နာရီ ၅၁ မိနစ်ခန့်က မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက် ၁၆ ကီလို မီတာအကွာကို ဗဟိုပြု၍မြေအောက်အနက် ၁၀ ကီလိုမီတာမှ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများအပြင် လူသေဆုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 29 March 2025
▪️ ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့ငလျင်ဘေးအတွက် ကနဦး အရေးပေါ်အကူအညီ ယူရို ၂.၅ သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
▪️ အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေမှုအသစ်သည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်ဆုံးသူများ၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ အီးယူသည် နောက်ထပ်အကူအညီများကို စည်းရုံးနိုင်ရန် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်နေကြောင်း ထုတ်ပြန်ထားသည်။
▪️ ညီမျှခြင်းရေးရာ၊ ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဥရောပ ကော်မရှင်နာ ဟာဂျာလာဘစ်က မြန်မာနှင့်ဒေသတွင်း တဝိုက်တွင် လှုပ်ခတ်ခဲ့သော ရစ်ချတာစကေးအဆင့် ၇.၇ ရှိ ငလျင်ကြောင့် ပျက်စီးဆုံရှုံးမှုများအတွက် အလွန်စိုးရိမ်ဝမ်းနည်းမိကြောင်း၊ လက်ရှိအခြေအနေကို ဥရောပသမဂ္ဂအနေဖြင့် စောင့်ကြည့်လျှက်ရှိပြီး၊ သက်ရောက်မှုအခြေအနေများအား လွယ်ကူချောမွေ့စွာ အကဲဖြတ်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့မြေမျက်နှာပြင် စောင့်ကြည့်ရေးစနစ်အား အသက်သွင်းတပ်ဆင်ထားကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အရေးပေါ်အကူအညီများပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားထားသည်။
▪️ ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် အီးယူ၏စုစုပေါင်း လူသားချင်းစာနာထောက်ထားမှုအကူအညီရန်ပုံငွေ ယူရို ၃၅သန်းကိုပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_29 March 2025
▪️ မြန်မာနိုင်ငံမြေငလျင်ဒဏ်အတွက် လေယာဉ်နှစ်စင်းဖြင့် ထွက်ခွာလာသည့် ရုရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့ ယနေ့မတ်လ ၂၉ ရက် နံနက်က ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါရုရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့တွင် အဖွဲ့ဝင် (၁၂၀)ပါဝင်ပြီး ကယ်ဆယ်ရေးသမားများ၊ဆရာဝန်များ၊ လိုအပ်သည့်ကိရိယာအစုံအလင် ပါရှိကြောင်း သိရသည်။
▪️ ယမန်နေ့ မတ်လ ၂၈ ရက် က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ၁၄၄ ဦးသေဆုံးပြီး ၇၃၂ ဦး ဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း နစက သတင်းထုန်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/PP
#Local_News
Published_29 March 2025
▪️ မြန်မာနိုင်ငံ၏ မြေငလျင်ဒဏ်အတွက် အမေရိကန်ကူညီမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတင်းထောက် များအား မတ်လ ၂၈ ရက်တွက်ပြောကြားလိုက်သည်။
▪️ သတင်းထောက်များက သမ္မတ ဒေါ်နယ်ထရမ့်ပ် အား မေးမြန်းရာတွင် မြန်မာအစိုးရ၏ အကူအညီတောင်းခံမှုကို တုန့်ပြန်မည်လားဟု မေးမြန်းခဲ့ကြကြောင်း သိရသည်။
▪️ ဖျက်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ နစကအစိုးရက အကူအညီတောင်းခံခဲ့သောကြောင့် ငလျင်ဘေးသင့် မြန်မာနိုင်ငံကိုအမေရိကန်ပြည်ထောင်စုကကူညီသွားမည်ဟု ယင်းကသတင်းထောက်များ ရှေ့တွင် အထက်ပါအတိုင်း ကတိပေးပြောကြားခဲ့ကြောင်း the straits times သတင်းစာက ဖော်ပြထားသည်။
▪️ “ဒီကိစ္စက ကြောက်စရာဖြစ်ရပ်ဖြစ်တဲ့အပြင် တကယ့်ကိုလည်း ဆိုးပါတယ်၊ ဒါကြောင့် ငါတို့ကူညီသွားမယ် အဲဒီနိုင်ငံ(မြန်မာနိုင်ငံ)နဲ့ စကားပြောပြီးပါပြီ” ဟု သမ္မတဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
#Yangon_Times/PP
#Local_News
Published_29 March 2025
▪️ မြေငလျင်ကြောင့် ရန်ကုန်တွင် အုပ်စုခြောက်ခုခွဲကာ တစ်အုပ်စုအတွက်လေးနာရီခန့်သာဓာတ်အား ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က သိရသည်။
▪️ ယမန်နေ့ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော စစ်ကိုင်းမြေငလျင်ကြောင့် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အား ခွဲရုံ၊မဟာဓာတ်အားလိုင်းများ ပျက်စီးသွားသောကြောင့် လျှပ်စစ် ထုတ်လွှတ်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
▪️ YESC က ထုတ်ပြန်ရာတွင် မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို ဓာတ်အားထုတ်လုပ် ပို့ လွှတ် လျက်ရှိသည့် ဓာတ်အား ပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီး မှုဖြစ် ပေါ်ခဲ့သောကြောင့်ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
▪️ ယင်းကြောင့် ယနေ့ မတ်လ ၂၉ ရက် နံနက် ၅ နာရီအချိန်မှ စ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊နိုင်ငံတော်ဓာတ် အား စနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက် ပိုလွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင် မေတ္တာရပ်ခံအသိပေးပန်ကြားဖော်ပြထားသည်။
#Yangon_Times/PP
Page 5 of 1925