ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို ပြီးခဲ့တဲ့ တပေါင်းလပြည့် အစိုးရရုံးပိတ်ရက်ကာလအတွင်း တစ်ရက်ကို ခရီးသွား(၂၅၀၀)ကျော် အထိ လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 17 March 2025
#ချောင်းသာနှင့်ငွေဆောင်ကမ်းခြေ #ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေစံချိန်တင်မြင့်တက်နေသော်လည်း ရည်ညွှန်းဈေးအနည်းငယ်ကျနေပြီး ဈေးကွက်ထဲမှာ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 17 March 2025
#ကမ္ဘာ့ရွှေစံချိန်တင်မြင့်တက် #ရည်ညွှန်းဈေးကျ
#YMG/NN #Yangon_Times
စားအုန်းဆီ ရည်ညွန်းဈေးတွေ ဆက်တိုက်ကျဆင်းနေတာမို့ ပြင်ပမှာရောင်းချတဲ့ဈေးတွေလည်းကျဆင်းဖို့ လိုအပ်တယ်လို့ စားသုံးသူတွေက ပြောပါတယ်။
#Local_News
Published 17 March 2025
#စားအုန်းဆီပြင်ပပေါက်ဈေးကျ #ရည်ညွန်းဈေးကျဆင်း
#YMG/SW #Yangon_Times
YBS ယာဉ်များ စီးနင်းရာမှာ အသုံးပြုတဲ့ YPS ကတ်တွေကို mobile money နဲ့ ငွေဖြည့်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရပါတယ်။
#Local_News
Published 17 March 2025
#YPSကတ် #mobile_moneyမှတစ်ဆင့်ငွေဖြည့်ခြင်း
#YMG/SW #Yangon_Times
#Local_News
Published 17 March 2025
▪️ တက္ကသိုလ်ဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေချိန်အတွင်း အရေးပေါ်နှင့် မီးသတ်ယာဉ်များ ဥသြသံပေး မောင်းနှင်သွားမည်မဟုတ်ကြောင်း သိရသည်။
▪️ ယနေ့ မတ်လ (၁၇)ရက်နေ့မှ (၂၂ )ရက်နေ့အထိ တက္ကသိုလ်ဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေချိန်အတွင်းမီးလောင်မှုဖြစ်စဉ်များ၊ယာဉ်တိုက်မှုအရေးပေါ်လူနာပို့ဆောင်မှုများအား မီးသတ်ယာဉ်များလူနာတင်ယာဉ်များမှ ဥသြသံပေး မောင်းနှင်သွားမည်မဟုတ်ကြောင်း ဆိုထားသည်။
▪️ သို့သော် မီးသတ်ယာဉ်၊ လူနာတင်ယာဉ်ပေါ်၌ပါရှိသော အရေးပေါ်မီးလည်းနှင့်မီးတန်းများဖွင့်၍လည်းကောင်း၊ ရှေ့မီးကြီးမျာဖွင့်၍ လည်းကောင်း မောင်းနှင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပုံစံဖြင့်မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များမောင်းနှင်လာပါက လမ်းမပေါ်ရှိမိဘပြည်သူများအနေဖြင့် မိမိ၏ယာဉ်အား လမ်းဘေးသို့ကပ်/ချပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 March 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယမန်နေ့က တစ်ရက်ထဲ ယာဉ်မတော်တဆမှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီးစေတနာ့ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးအပါအဝင်သုံးဦး ေ_သဆုံးပြီး ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မတ်လ ၁၆ရက်နေ့အတွင်း ယာဉ်မတော်တဆမှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ကျား(၁)ဦး၊ မ(၂)ဦးသေဆုံးကာ၊ကျား(၇)ဦး၊ မ(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဖြစ်စဉ်များအတွင်း၌ မတ်လ၁၆ရက်နေ့ မနက်၉နာရီအချိန်က
ရန်ကုန်-မန္တလေးအမြန်လမ်း (၉၇)မိုင် (၆)ဖာလုံတွင် ရန် ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်တစ်စီး သည် ရန်ကုန်မြို့မှ နေပြည်တော်သို့ လူနာပို့ဆောင်စဉ် ယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းလည်းပါဝင်ပြီး ယင်းယာဥ်မတော်ဆမူကြောင့် လူနာ၊ လူနာရှင်နှင့် စေတနာ့ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ပြီး စေတနာဝန်ထမ်း ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အမြန်လမ်းမကြီးပေါ်တွင် သွားလာနေကြသော မိဘပြည်သူခရီးသွားများ အဆင်ပြေစေရန် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ(၂၄)နာရီကူညီဆောင်ရွက်ပေးရန်အသင့်ရှိနေပြီး အကူအညီလိုအပ်ပါက 'အမြန်လမ်းမီးသတ်တပ်ဖွဲ့' (09 444 111 150)(09 256 544 591)(09 428 956 191) စသည့် ဖုန်းနံပါတ်များသို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_17 March 2025
▪️ လာမည့်ဧပြီလမှစတင်၍ တည်ဆောက်ဆဲ ဒလ တံတားအောက်မှခုတ်မောင်းဖြတ်သန်းရမည့် ရေယာဉ်များ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်သောကြောင့် လိုအပ်ပါက Round Turn Arichorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိစောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
▪️ သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်း ဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး ၂၀ အထိလုပ်ငန်း ဆောင်ရွက်နေစဉ် တံ တားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထရက် ရေ အမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀ ဒသမ ၈ မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ ရှိ ချက်များအရ ၄၃ ဒသမ ၁၃ မီတာရှိသောကြောင့် အထက်ပါအတိုင်း သတိပေးထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရ သည်။
▪️ လက်ရှိတွင် ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိ ဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဧပြီလတွင် ဒလဘက်အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့်ရေလမ်းကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိတော့မည်ဖြစ်သည့်အတွက် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလည်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်း လုပ်ငန်း ဆောင် ရွက်နေစဉ်အတွင်း ပင်မတံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေးအန္တရာယ် ကင်းရှင်းစွာဖြတ်သန်းသွားလာနိုင်ရေး အတွက် ရေကြောင်းသတိပေးချက် (Notice To Mariners) ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် တံတားတိုင်ခြေများ၏ မြစ်ညှာနှင့်မြစ်ခြေ ၂ ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် Radar Reflecdor တပ်ဆင်ထားသော မီးအချက်ပြ Buoy များကို ရေဒါစနစ်ဖြင့် အလွယ်တကူဖမ်းယူရရှိနိုင်ပြီး ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းဝင်ရောက်နိုင်ရန် Coordinate ၈ ခုကိုလည်း ချထားပေးထားကြောင်းလည်း သိရသည်။
#YangonTimes/PP
Page 39 of 1947