ရေဘေးကြောင့် မိဘဆုံးရှုံးတာ၊ အိုးအိမ်ဆုံးရှုံးတာ၊ စီးပွားပျက်တွေရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ခိုင်နှင်းဝေဖောင်ဒေးရှင်းမှ ကျပ်သိန်း(၃၉၀)လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 October 2024
#ခိုင်နှင်းဝေဖောင်ဒေးရှင်း #အိုးအိမ်ဆုံးရှုံး
#YMG/tthl #Yangon_Times
မြန်မာအမျိုးသားလေကြောင်းလိုင်း Myanmar National Airlines MNA မှသီတင်းကျွတ်အထူးခရီးစဉ်တွေကို လာမယ့်တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 10 October 2024
#သီတင်းကျွတ်အထူးခရီးစဉ် #MNAမှပျံသန်းပြေးဆွဲ
#YMG/NN #Yangon_Times
၁၀ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံတွင် အချို့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံခွင့်ရရှိသူအချို့သည် ကုန်ထုတ်လုပ်မှုကို ဟန်ပြသာ ဆောင်ရွက်ပြီး ပြည်ပမှ ကုန်ချောပစ္စည်းများကို ဈေးပေါပေါဖြင့် တင်သွင်းဆောင်ရွက်နေကြကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းက သတိပေးပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၉ရက်က နေပြည်တော်တွင်ကျင်းပတဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဆိုပါကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း တရားဝင်ကုန်ပစ္စည်း တင်သွင်းခွင့်ရရှိမှုအပေါ် ကျော်လွန်ပြီး တရားမဝင် ကုန်သွယ်မှုတွေပြုလုပ်နေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေဖြစ်ပေါ်နေရခြင်းအကြောင်းရင်းများထဲတွင် အဓိက စိန်ခေါ်မှုတွေက နယ်စပ်ဒေသ အချို့တွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ်ချက်တွေရှိနေခြင်း၊ အချို့ဥပဒေများ အားနည်းချက်ရှိ ခြင်း၊အဲဒီလုပ်ငန်းတွေဆောင်ရွက်ရတဲ့ ဝန်ထမ်းအင်အားမလုံလောက်ခြင်းနှင့် အကျင့်ပျက်မှုတွေရှိနေခြင်းတို့ ဖြစ်ကြတယ်လို့လည်း နစက ဒုတိယဥက္ကဋ္ဌကဆက်လက်ပြောကြားပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေကို နယ်စပ်ဒေသနှင့်ကုန်သွယ်မှုလမ်းကြောင်းများပေါ်တွင်သာမက ပြည်တွင်း သိုလှောင်ရုံများနှင့် ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေးအရေးယူရမယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပါတယ်။
တရားမဝင်ကုန်သွယ်မှုများကို အရေးယူခဲ့ရာမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂) နှစ်နှင့် (၈)လ ကာလအတွင်း အမှုတွဲ (၁၄၆၅၉) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၀၀ ဒသမ ၀၂၈) ဘီလီယံဖမ်းဆီးရမိခဲ့တယ်လို့ လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရရှိမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးက အများဆုံး၊ စစ်ကိုင်းတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။ ဖမ်းဆီးရရှိရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ်များက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ပြီး တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ ဖြစ်ကြပါတယ်။
#ymg/knl
အခုရက်ပိုင်းမှာ နေ့ပူပြီးညနေဘက်မှာ မိုးတိမ်တောင်တွေ တက်လာကာမိုးကြိုးပစ်ခြင်း၊မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းများကြုံနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 10 October 2024
#မိုးကြိုးပစ်ခြင်း #လေပြင်းတိုက်ခြင်း
#YMG/tthl #Yangon_Times
#Local_News
Published 10 October 2024
▪️ ဧရာဝတီလင်းပိုင်သားအမိအား ကယ်တင်၍ ရေနက်ပြီး ဘေးကင်းရာနေရာသို့ပြန်လွတ်နိုင်ခဲ့ကြောင်းဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေး အသင်းမှ
သိရသည်။
▪️ ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူများသည် မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄နာရီ ၂၉ မိနစ်အချိန်တွင် ဘီးလင်းမြို့နယ် ၊ ဇုက္ကလိကျေးရွာအုပ်စု ၊ ကျွန်းသာယာ အပြင်သောင်အတွင်း ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်အား စတင်တွေ့ရှိပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြရာ ဧရာဝတီလင်းပိုင်အမကြီးမှာ အလျား ၅.၆ ပေခန့်ရှိပြီး ၊ ၎င်း၏ကလေးငယ်မှာ ၂.၅ ပေခန့်ရှိကြောင်းသိရသည်။
▪️ အဆိုပါ သားအမိအားရေနက်ပြီး ဘေးကင်းရာနေရာသို့ ရွေ့ပြောင်းရန် မုသင်ကျေးရွာဒေသခံထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရေလုပ်သားအဖွဲ့ဝင်များ စုပေါင်း၍ လှေဖြင့်တင်ဆောင်ကာ ရေကြောင်းနက်သည့်နေရာသို့ ရွေးချယ်ရွေ့ပြောင်းကာပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၅၂ မိနစ်အချိန်တွင် အောင်မြင်စွာ လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ် )နှင့် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း + ရန်ကုန်တိုင်း) တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏာန်းအောက်သာ ကျန်ရှိတော့သည့် အရေးကြီးထိန်းသိမ်းရမည့် မျိုးစိတ်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 October 2024
▪️ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယခုလအတွင်း ကျင်းပမည့် သီတင်းကျွတ်ပွဲတော်၌ မီးပုံးပျံအလုံး၃၀ လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
▪️ အဆိုပါ အစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ ဘားအံမြို့၏ သီတင်းကျွတ်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်၌ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ၊ သံဃာပဝါရဏာ သိမ်ဆင်းလောင်းလှူပူဇော်ပွဲ၊ ဆီမီး ၉,၀၀၀ ပူဇော်ပွဲတို့ဖြင့် စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် အနည်းဆုံး အောက်ခြေအချင်း ခြောက်ပေ၊ အမြင့်ပေ ၄၀ နှင့်အထက်ရှိသည့် မီးပုံးပျံကြီးအလုံး ၃၀ ကို ဘားအံမြို့သီရိကွင်း၌ လွှတ်တင်ပူဇော်မည် ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နံနက် ၁၀ နာရီခန့်တွင် ဘားအံမြို့ဇွဲကပင်ခန်းမတွင် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို ပင့်ဖိတ်ပူဇော်ကန်တော့ကာနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး မွန်းလွဲပိုင်းမှာ ဘားအံမြို့ မဲဘောင်ကျောင်းကြီးမှာ သံဃာပဝါရဏာဆောင် ရဟန်း၊ သံဃာတော် အပါး ၁၆၀ ခန့်ကို သိမ်ဆင်းလောင်းလှူ၍ ညဦးပိုင်းတွင် ဘားအံမြို့သေဋ္ဌမာရ်အောင်ဘုရားကြီးမှာ ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Published_9 Oct 2024
မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်သည့် အထိမ်း အမှတ်အဖြစ် စာဆိုဗိမာန်သုံးထပ်အဆောက်အဦ တည်ဆောက်မှု ကိုစတင်ပြီဖြစ်ကြောင်း သိရသည်။
အဆောက်အဦတည်ဆောက်ရန် ယနေ့ အောက်တိုဘာလ ၉ ရက်တွင် အဆောက်အဦတည်ဆောက် မည့် ရန် ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြိုနယ်၊ဥယျာဉ်ရပ်ကွက်၊ဗိုလ်မင်းခေါင်လမ်းရှိ အဆိုပါမြေနေရာ၌ ရတ နာပန္နက်တော်တင် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအဆောက်အဦတွင် ရှေးစာဆိုတော်ကြီးများ၏ ခေတ်အလိုက် ပန်းချီ များ၊ ဓာတ်ပုံများ၊ ရုပ်တုများထားရှိရန် ကြိုတင်စုဆောင်းထားရှိရေး၊ဂီတစာဆိုတော် ကြီးများ၏ မှတ်တမ်းများနှင့်ပတ်သက်၍လည်း ကြိုတင်စုဆောင်း ထားရှိရေး၊ စာဖတ်ခန်းများကို အဓိကထည့်သွင်း၍ စနစ်တကျဖြင့်ထားရှိရေးတိုကို အခမ်းအနားသိုတက်ရောက် လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါစာဆိုဗိမာန် အဆောက်အဦကို သုံးထပ် အဆောက်အဦအဖြစ်တည် ဆောက်သွားမည်ဖြစ်ပြီး တည် ဆောက်ပြီးစီးပါက စာပေဖွံဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့် တိုက်၊ သမိုင်းဝင်ဂီတအနုပညာ များ ခင်းကျင်းပြသမည့် ပြခန်းများ၊ ပေပုရပိုက်များ ခင်းကျင်းပြသမည့် ပြခန်း များ၊ သမိုင်းဝင်ကဗျာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေ များ ခင်းကျင်း ပြသမည့်ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံး ခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက် စာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ယခင်စာပေဗိမာန်စာကြည့်တိုက်သည် စာပေဗိမာန် ၃ ထပ်အဆောက်အဦ၏ပထမထပ်တွင်တည်ရှိပြီး ယခုအခါ တိုးတက်လာသည့် လူဦးရေနှင့် မြိုပြဖွံဖြိုးမှု အခြေ အနေများအရ နိုင်ငံသားများအသိဉာဏ်ပညာ တိုးပွား စေ ရန်၊ မြန်မာစာပေဖွံဖြိုး မှုအတွက်အထောက်အကူဖြစ်စေရန်၊ ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ် သည့် အလေ့အကျင့်များ တိုးပွားစေရန်ရည်ရွယ်၍ ပြောင်းရွှေ့တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲ ဖက်အ တွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန် မြိုတော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာ- အိန္ဒိယ ချစ်ကြည်ရေး အသင်းမှတာဝန်ရှိသူများ၊ အမျိုး သားစာပေတစ်သက်သာဆုရ စာရေး ဆရာကြီးများနှင့် ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ယင်းအဆောက်အဦကိုအိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် အိန္ဒိယနိုင်ငံ၏ အကူအညီအ ထောက်အပံ့ဖြင့် သုံးထပ်အဆောက်အဦအဖြစ် တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
Page 36 of 1767