#Local_News
Published 22 March 2025
▪️ ယခု မတ်လအတွင်း သင်္ဘောအစင်း ၃၀ ဖြင့် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းနေကြောင်း သိရသည်။
▪️ လက်ရှိအခြေအနေတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘော သုံးစင်း ဆိုက်ကပ်ချယူလျက်ရှိပြီး လမ်းခရီးတွင် ခုနစ်စင်း၊ ပြည်ပနိုင်ငံတွင် စက်သုံးဆီတင်ဆောင်နေသော သင်္ဘောလေးစင်းနှင့် စက်သုံးဆီတင်ရန်စောင့်ဆိုင်းနေဆဲ ခြောက်စင်း အပါအဝင် မတ်လအတွင်း သင်္ဘောအစင်း ၃၀ ဖြင့် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိကြောင်း သိရသည်။
▪️ ထို့အပြင် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိသဖြင့် ပြည်တွင်း စက်သုံးဆီ ဖူလုံမှုအခြေအနေမှာ နေ့စဉ်သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေဖြင့်လည်း ရက်သတ္တသုံးပတ်စာခန့်အထိ ကြိုတင်တင်သွင်း သိုလှောင်ထားရှိကြောင်း သိရသည်။
▪️ သီလဝါဒေသ သိုလှောင်ကန်စခန်းများမှ နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များနှင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်း ကဏ္ဍအသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် အဓိကဆက်သွယ်ရေး လမ်းကြောင်းကြီးများဖြစ်သည့် ရန်ကုန် - ပဲခူး - နေပြည်တော် - မန္တလေး အမြန်လမ်း၊ ရန်ကုန် - ပုသိမ် - ချောင်းသာ - ငွေဆောင်လမ်း၊ သာစည် - ကလော - အင်းလေး - တောင်ကြီးလမ်း၊ မန္တလေး - မိတ္ထီလာ - ကျောက်ပန်းတောင်း - ပုပ္ပား - ပုဂံလမ်း၊ မန္တလေး - ပြင်ဦးလွင်လမ်း၊ မကွေး - မင်းဘူး - ရွှေစက်တော် လမ်းများပေါ်ရှိ အရောင်းဆိုင်များနှင့် မြို့ကြီးများရှိ အဓိကအရောင်းဆိုင်များသို့ စက်သုံးဆီ ကြိုတင်ဖြည့်တင်းထားခြင်းကြောင့် လာမည့် မဟာသင်္ကြန် ကာလအပါအဝင် အများပြည်သူ ရုံးပိတ်ရက်ရှည်များတွင် စက်သုံးဆီများကို လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေ လွယ်ကူချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ကြမည် ဖြစ်သည့်အပြင် အခြားလုပ်ငန်းကဏ္ဍများတွင်လည်း လိုအပ်သလောက် ဝယ်ယူသုံးစွဲနိုင်ကြမည် ဖြစ်သဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
▪️ စက်သုံးဆီဈေးနှုန်းများသည်လည်း မတ်လအတွင်း ဆက်တိုက် ကျဆင်းလျက်ရှိရာ ယခုတစ်ပတ်တွင်လည်း ယခင်ကထက် တစ်လီတာလျှင် ကျပ် ၇၀ မှ ၇၅ ကျပ်အထိ ထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 21 March 2025
၁။ ရက်ပိုင်းအတွင်း ရွှေဈေးကျပ်တစ်သိန်းအထိ မြင့်တက်
၂။ မသန်စွမ်းသူများအတွက်စီးပွားရေးချေးငွေများကို ထုတ်ချေးပေးသွားမည်
၃။ ခေါ်စာအသစ်တင်ခြင်းကို စာချုပ်လုပ်သား အားလုံးစေလွှတ်ပြီးမှသာ ဆောင်ရွက်နိုင်မည်
၄။ ဂျာမနီစက်မှုလုပ်ငန်းကြီး Siemens ကမ္ဘာတဝှမ်းမှလုပ်သားအင်အား(၆)ထောင်ခန့် လျှော့ချသွားရန်ကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 March 2025
▪️ ယနေ့နေ့လည်ပိုင်းက လမ်းမတော်မြို့နယ် ၅ ရပ်ကွက်ဘုန်းကြီးလမ်းအလယ် ဘလောက်တွင်တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ၂၁.၃.၂၀၂၅ ရက်၊ နေ့လည် ၁၁နာရီ ၂၄ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၅)ရပ်ကွက်၊ ဘုန်းကြီးလမ်းအလယ်ဘလောက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီးနှင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၁နာရီ ၄၅ မိနစ် အချိန်က မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့အနာဂတ်အလင်းတန်းပရဟိတအသင်းမှ NO.3မီးသတ်အထောက်အကူပြုယာဉ်တစ်စီးနှင့် စေတနာ့ဝန်ထမ်း(၆)ဦးထွက်ခွါ၍ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအသင်းအဖွဲ့ဝင်များ၊သက်ဆိုင်အဖွဲ့အစည်းများနှင့်အတူ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအားပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေကတော့ ရန်ကုန်ဈေးကွက်ထဲမှာ အမျိုးအစားအားလုံး ဈေးဆက်လက်ကျဆင်းနေပြီး သုံးပတ်တာအတွင်း တစ်လီတာကို ကျပ်၂၅၀ ကျော် အထိကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 21 March 2025
#စက်သုံးဆီဈေးနှုန်းဆက်တိုက်ကျ #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
#YMG/NN #Yangon_Times
ပြည်တွင်းမှ လုပ်သားများကို ပြည်ပသို့စေလွှတ်ဖို့အတွက် ခေါ်စာအသစ် တင်ခြင်းကို လက်ရှိစာချုပ်လုပ်သား အားလုံးစေလွှတ်ပြီးမှသာ ခွင့်ပြုသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)က ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကို အကြောင်းကြားစာပေးပိုထားပါတယ်။
#Local_News
Published 21 March 2025
#MOEAA #ခေါ်စာအသစ်တင်ခြင်း
#YMG/SW #Yangon_Times
လုပ်ငန်းစတင် ထူထောင်လိုတဲ့ မသန်စွမ်းသူတွေအတွက် စီးပွားရေးချေးငွေတွေကို ထုတ်ချေးပေးသွားမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ သိရပါတယ်။
#Local_News
Published 21 March 2025
#မသန်စွမ်းသူများ #ရွှေမင်းသားဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
ကမ္ဘာ့ရွှေစံချိန်တင်မြင့်တက်နေတာကြောင့် ငါးရက်တာအတွင်း ရွှေ ရည်ညွှန်းဈေး တစ်ကျပ်သားကို ကျပ်တစ်သိန်း အထိမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 21 March 2025
#ရွှေဈေးကျပ်တစ်သိန်းအထိမြင့်တက် #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
Page 33 of 1944