၂၉ မတ် ၂၀၂၅
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖုန်းဆက်သွယ်၍ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။
အဲသလိုပြောကြားခဲ့တာကို မိုဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ X မှာ သတင်းစကား ရေးသားခဲ့တာဖြစ်ပါတယ်။
ငလျင်ရဲ့ အဖျက်အစီးကြောင့် အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် အထူးဝမ်းနည်းကြေကွဲရတယ်လို့ မိုဒီက ဗိုလ်ချုပ်မှူးကြီးကိုပြောပါတယ်။
မြန်မာရဲ့ရင်းနှီးတဲ့ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်တဲ့အလျောက် အိန္ဒိယဟာ ယခုလို ခက်ခဲနေတဲ့ အချိန်မှာ မြန်မာပြည်သူတွေနှင့်အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်နေတယ်လို့လည်း မိုဒီကပြောပါတယ်။
ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေနှင့် ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေဟာ “ ဘရာမာစစ်ဆင်ရေး” Operation Brahma. ရဲ့အစိတ်အပိုင်းအဖြစ် ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အလျင်အမြန်စေလွှတ်ထားလျက်ရှိတယ်လို့လည်း မိုဒီက ပြောပါတယ်။
၂၉ မတ် ၂၀၂၅
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖုန်းဆက်သွယ်၍ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။
အဲသလိုပြောကြားခဲ့တာကို မိုဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ X မှာ သတင်းစကား ရေးသားခဲ့တာဖြစ်ပါတယ်။
ငလျင်ရဲ့ အဖျက်အစီးကြောင့် အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် အထူးဝမ်းနည်းကြေကွဲရတယ်လို့ မိုဒီက ဗိုလ်ချုပ်မှူးကြီးကိုပြောပါတယ်။
မြန်မာရဲ့ရင်းနှီးတဲ့ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်တဲ့အလျောက် အိန္ဒိယဟာ ယခုလို ခက်ခဲနေတဲ့ အချိန်မှာ မြန်မာပြည်သူတွေနှင့်အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်နေတယ်လို့လည်း မိုဒီကပြောပါတယ်။
ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေနှင့် ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေဟာ “ ဘရာမာစစ်ဆင်ရေး” Operation Brahma. ရဲ့အစိတ်အပိုင်းအဖြစ် ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အလျင်အမြန်စေလွှတ်ထားလျက်ရှိတယ်လို့လည်း မိုဒီက ပြောပါတယ်။
#Local_News
Published 29 March 2025
▪️ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ယွမ် ၁၀၀ သန်း တန်ဖိုးရှိသော ငလျင်ဘေး အန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးပေးမည် ဖြစ်ရာ တရုတ်အစိုးရ၏ ပထမအသုတ်အကူအညီပစ္စည်းများ မတ်လ ၃၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့စေလွှတ်ကာ တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များစသည့် ဘေးဒဏ်သင့်ဒေသများ အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ပထမဆုံးကယ်ဆယ်ရေးအဖွဲ့သည် မတ်လ ၂၉ ရက်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီးဘေးဒဏ်သင့်ဒေသများသို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျှက်မည်ဖြစ်ကြောင်း၊ CIDCA ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Junfeng အပါအဝင် အရာရှိများက လေဆိပ်တွင် ကယ်ဆယ်ရေးအဖွဲ့ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။
▪️ ထိုမတိုင်မီ ယူနန်ပြည်နယ်မှ ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များသည် ပထမဦးဆုံး ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ကာ တရုတ်အစိုးရ၏ ပထမအသုတ်အကူအညီပစ္စည်းများကို မတ်လ ၃၁ ရက်နေ့တွင် စတင်ပို့ဆောင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ နောက်ထပ်အကူအညီများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဓာတ်ဆီဈေးပြန်တက်ပြီး ဒီဇယ်ဈေးကတော့ ဆက်တိုက်ဆက်လက်ကျဆင်းနေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး
ကြပ် ရေးကော်မတီက သိရပါတယ်။
#Local_News
Published 29 March 2025
#ဓာတ်ဆီဈေးပြန်တက် #ဒီဇယ်ဈေးဆက်ကျ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အရေးပေါ်ကွပ်ကဲမှုစင်တာဖွင့်လှစ်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 29 March 2025
#ငလျင်ကယ်ဆယ်ရေး #အရေးပေါ်ကွပ်ကဲမှုစင်တာ
#YMG/SW #Yangon_Times
#Local_News
Published 29 March 2025
▪️ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့်ပြည်သူများ သဘာဝဘေးဒဏ်ကိုကျော်လွှားပြီး နေအိမ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးသွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်က ပြောကြားလိုက်သည်။
▪️ သမ္မတရှီကျင့်ဖျင်က မြန်မာနိုင်ငံသည် ပြင်းထန်သော ငလျင်ဘေးဒဏ်ကို ခံနေရကြောင်းသတင်းကြားသိရကြောင်း၊ငလျင်ကြောင့်အသေအပျောက်နှင့် စည်းစိမ်ဥစ္စာ များ ဆုံးရှုးမှု ကြီးမားစွာ ကြုံတွေ့နေရသည်ကို တရုတ်အစိုးရနှင့် ပြည်သူတိုကိုယ်စား သေဆုံးသူများအတွက် လေးလေးနက်နက် ဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သဘာဝဘေးသင့်ပြည်သူများအား အလေးအနက်ဝမ်းနည်းကြောင်း ပြောကြားလိုကြောင်း၊ တရုတ်နှင့်မြန်မာသည် ပျော်ရွှင်ခြင်းနှ င့်ခက်ခဲခြင်းကိုအတူမျှဝေကျော်လွှားနိုင်သော အေးအတူပူအမျှ နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံပြည်သူများသည် လေးနက်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည် ဆက်ဆံရေးရှိကြောင်း၊ တရုတ်နိုင်ငံသည်မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့်ပြည်သူများ သဘာဝဘေးဒဏ်ကို ကျော်လွှားပြီး နေအိမ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
▪️ ထို့အပြင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Mr. Li Qiang သည် မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကရုဏာကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 29 March 2025
▪️ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ သယ်ဆောင်ရန်အတွက် မြန်မာအမျိုးသားလေကြောင်း (MNA) မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ အခမဲ့ ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာအမျိုးသားလေကြောင်း မှ မြေငလျင်သင့် ပြည်သူများ ထံသို့ ကယ်ဆယ်ရေး ပစ္စည်းများ နှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်ယမန်နေ့က လှုပ်ခတ်ခဲ့သော မြေငလျင်သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာအမျိုးသားလေကြောင်းမှ ဖျက်သိမ်းခဲ့ရသော ပြည်တွင်းခရီးစဉ်များအား ပုံမှန်အခြေအနေများ ပြန်လည်လည်ပတ်နိုင်သည့်အချိန်တွင် အစားထိုး ဝန်ဆောင်မှုများအား အချိန်နှင့် တပြေးညီ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 4 of 1925