#Local_News
Published 4 December 2024
▪️ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ eLearning Portal for MSMEs တွင်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) အတွက် လုပ်ငန်းလည်ပတ်မှုအတွင်းနှင့် ပြင်ပပတ်ဝန်းကျင်မှတစ်ဆင့် ရင်ဆိုင်ကြုံတွေ့နိုင်သည့်ထိခိုက်ဆုံးရှုံးနိုင်ခြေအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးအတွက် “ထိခိုက်ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှု (Risk Management)” သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသင်တန်းမှတစ်ဆင့် မိမိစီးပွားရေးလုပ်ငန်းအတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Risk Management) ရဲ့ အရေးပါပုံ၊ ရင်ဆိုင်ကြုံတွေ့နိုင်သည့် ထိခိုက်ဆုံးရှုံးနိုင်ခြေ (Risk) အမျိုးအစားများဖြစ်ပေါ်လာချိန်တွင် ထိရောက်စွာတုံ့ပြန်နိုင်ရန် အကဲဖြတ်သုံးသပ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်ခြင်းစသည့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်းစီမံတတ်သည့် အလေ့အထနှင့်ခံနိုင်ရည်ရှိမှု၊ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစွမ်းရည်ကို လက်တွေ့အသုံးချမှု စသည်များကို မြန်မာဘာသာစကားနှင့် စနစ်တကျ လေ့လာသင်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သင်ခန်းစာအားလုံးလေ့လာပြီး Final test ဖြေဆိုအောင်မြင်ပါက UNDP ကပေးအပ်သည့်“သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion)” ကိုလည်း အခမဲ့ ရရှိမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ eLearning Portal for MSMEs ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသောလင့်ခ်ကိုနှိပ်ပြီး မြန်မာဘာသာစကားဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
#Daily_News
Published 3 December 2024
၁။ ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းနှင့် ကောလဟာလများပျောက်ကွယ်သွားခြင်းကြောင့် မြန်မာ့ရွှေဈေးကျဆင်းလာ
၂။ ဆန်စပါးအထွက်တိုးရန် ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများရှိနေ
၃။ အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲတစ်သောင်းကျော်ကို ယခုလ ၃၁ ရက်နောက်ဆုံးထားထုတ်ယူနိုင်
၄။ လက်ဘနွန်-အစ္စရေးလ်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စတင်အသက်ဝင်လာလာချင်းမှာပင် စစ်ဘေးရှောင်အရပ်သားများနေရပ်ပြန်နေကြ
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံရေးနည်းလမ်းကို မယုံကြည်ပါက လက်နက်ကိုင်နည်းလမ်းကို တွန်းပို့သကဲ့သို့ ဖြစ်သည့်အတွက် ဥပဒေကြောင်းအရ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲမှုကို ပြသရန်လိုဟု ဦးကိုကိုကြီးပြော
လက်နက်ကိုင်နည်းလမ်းဟာ နိုင်ငံအတွက် အနိဌာရုံ ဆိုးကျိုးတွေ တောက်လျှောက် ကြုံတွေ့ခံစားကြရတာဖြစ်လို့ အကြမ်းမဖက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး က ပြောပါတယ်။
#Local_News
Published 3 Dec 2024
#ဦးကိုကိုကြီး #ပြည်သူ့ပါတီဥက္ကဌ
Yangon_Times/PP
ပွင့်လင်းရာသီဖြစ်တာကြောင့် ရွှေသောင်ယံကမ်းခြေသို့ ခရီးသွားဝင်ရောက်တာ များပြားလာပြီး နိုဝင်ဘာလအတွင်းမှာပဲ ခရီးသွားဦးရေ နှစ်သောင်းကျော် အထိလာရောက်လည်ပတ်ခဲ့တယ်လို့ ရွှေသောင်ယံကမ်းခြေခရီးသွားလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 3 December 2024
#ရွှေသောင်ယံကမ်းခြေ #ခရီးသွားဝင်ရောက်
#YMG/NN #Yangon_Times
၅၈ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ထုတ်ယူဖို့ကျန်ရှိတဲ့ ဆုမဲတစ်သောင်းကျော်ကို ယခုဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားထုတ်ယူနိုင်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 3 December 2024
#အောင်ဘာလေသိန်းဆုဖွင့်ပွဲ #ဆုမဲတစ်သောင်းကျော်
#YMG/SW#Yangon_Times
ပြည်တွင်း ဆန်စပါးအထွက်တိုးဖို့ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 3 December 2024
#ဆန်စပါးအထွက်တိုး #စိန်ခေါ်မှုများရှိ
#YMG/NN #Yangon_Times
ပြည်တွင်း ဆန်စပါးအထွက်တိုးဖို့ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 3 December 2024
#ဆန်စပါးအထွက်တိုး #စိန်ခေါ်မှုများရှိ
#YMG/NN #Yangon_Times
Page 30 of 1816