#Local_News
Published 30 March 2024
မန္တလေးမြို့၌သင်္ကြန်ရေကစားမဏ္ဍပ် ၂၅ ခု ခွင့်ပြုထားပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လာမည့် ဧပြီလ၌ ကျင်းပမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ရေသဘင်ပွဲတော်ကာလကို မန္တလေးမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျုံးဘေး ၂၆ လမ်းတွင် ရေကစားမဏ္ဍပ်ကြီး ၈ ခု၊ ၆၆ လမ်းမတွင် ရေကစားမဏ္ဍပ်ကြီး ၃ ခုနှင့် ရေကစားမဏ္ဍပ်အသေး ၁၄ ခု ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုနှစ်မန္တလေးမြို့သင်္ကြန်ပွဲတော်၌ ကျုံးဘေး ၂၆ လမ်းဘက်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ကိုမူ ၂၆ လမ်း၊ ၆၆ လမ်းနှင့်၇၁ လမ်းအထိသာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မန္တလေးသင်္ကြန်ပွဲတော်ကာလ၌ ၂၆ လမ်း၊ ၇၁ လမ်းမှ လမ်း ၈၀ အထိ ကျုံးဘေး ကပ်လျက်များတွင် ရေကစားမဏ္ဍပ်ကြီးများ ဆောက်လုပ်ကာ ရေပက်ခံကားများကို ဝင်၊ ထွက်ခွင့်ပြုပြီး ရေပက်ခံထွက်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
၎င်းအပြင် မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်း နှင့် ကျုံးအရှေ့ဘက် ၆၆ လမ်း၌ ရေကစားမဏ္ဍပ်ကြီး ဆောက်လုပ်ပြီး ရေပက်ကစားလိုသူများအနေဖြင့်လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနကို ဧပြီ ၁၀ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။
#Local_News #ရေကစားမဏ္ဍပ်၂၅ခု #လမ်းလျှောက်သင်္ကြန် #YMG/NN #Yangon-Times
#Local_News
Published 30 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးအထက်ကျေးရွာ အမှတ်၂လမ်း၊ ထက်ဧကရီဆီဆိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
မတ်လ ၂၉ရက် ည ၁၁ နာရီ ၅၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်အတွင်း အမျိုးသားတစ်ဦး ညှပ်နေသောကြောင့် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို လှည်းကူးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် Medical လူမှုကူညီရေးအသင်းတို့ သွားရောက်ကူညီခဲ့ကြပြီး သေဆုံးသူရုပ်အလောင်းကို ဒါးပိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ယာဉ်တိုက်မှုဖြစ် #အမျိုးသားတစ်ဦး ေ-သဆုံး #YMG/LW #Yangon_Times
#Daily_News
Published_ 29 March 2024
၁။ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စမ်းသပ်ဇုန်ဧက(၇၀၀)နီးပါး ဆောင်ရွက်အောင်မြင်ခဲ့
၂။ မျှင်ကောင် ဖမ်းဆီးရရှိမှုနည်းလာသဖြင့် မျှင်ငါးပိ ဈေးနှုန်းများလည်းမြင့်လာ
၃။ မြန်မာဖူဆယ်-အာဖဂန်နစ္စတန်ဖူဆယ်ပွဲ ရက်ပိုင်းအတွင်းကန်မည်၊ လက်မှတ်များစရောင်းနေပြီဖြစ်
၄။ ဂျပန်တွင် တစေးနီထမင်းစားသုံးခြင်းနှင့်ပတ်သက်၍ သေဆုံးသူ(၂)ဦးရှိနေကာ ကျန်းမာရေးပြဿနာတိုင်ကြားချက်များလည်းထွက်ပေါ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
သင်္ကြန်တွင်း ရွှေစက်တော်ဘုရားဖူးလိုသူတွေ အနေနဲ့ဆင်စခန်းမှာပဲတည်းခိုအပန်းဖြေနိုင်တယ်။ ဒေသခံဘုရားဖူးအဖွဲ့လိုက်တွေဝင်ရောက်လာပါက ဆင်လေးတွေနဲ့ရင်းနှီးကျွမ်းဝင်စေလိုတဲ့အတွက် ဝင်ကြေးလျှော့ပေါ့ကောက်ခံတာတွေဆောင်ရွက်ပေးလျက်ရှိတယ်။
(ရွှေစက်တော်မန်းချောင်းဆင်စခန်းမှတာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 29 March 2024
#ရွှေစက်တော်မန်းချောင်း #ဆင်စခန်းမှာတည်းခိုအပန်းဖြေ
#tthl #Yangon_Times
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလဝက်ကတည်းက အတာအိုးတွေကို ကြိုတင်မှာယူထားကျပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများကို ပို့ဆောင်ပေးရတယ်။ အတာအိုး တစ်လုံးကို ယခင်နှစ်ထက်တစ်ရာကျပ်ခန့် ဈေးမြင့်တက်လာကာ အတာအိုးပြောင် တစ်လုံးကို လက်ကားဈေး ၇၅၀ကျပ် ခန့်ရှိပြီး ပန်းခက်ဆေးချယ်ထားတဲ့ အတာအိုးတစ်လုံးကို ၁၂၀၀ ကျပ်ရှိတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 29 March 2024
#သင်္ကြန်ကာလ #အတာအိုးများဈေးကွက်
#YMG/LW #Yangon_Times
မြန်မာ-အာဖဂန်နစ္စတန်ဖူဆယ်ပွဲလက် မှတ်ကို မတ်လ ၂၉ ရက် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီထိ၊ မတ်လ ၃၀နှင့် ၃၁ ရက်တို့မှာ နံနက် ၉း၃၀ နာရီမှ နေ့လယ် ၁း၀၀ အထိ ဝေဇယန္တာလမ်းပေါ်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးမှာလည်းကောင်း၊ နေ့လယ် ၁း၀၀နာရီမှ ပွဲမစခင်အချိန်အထိ အမျိုးသားအားကစား ပြိုင်ပွဲရုံ - ၁ (သုဝဏ္ဏ) (N.I.S -1) ဝင်ပေါက်မှာ လည်းကောင်း၊ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
#Local_News
Published_ 29 March 2024
#မြန်မာဖူဆယ်-အာဖဂန်နစ္စတန် #လက်မှတ်များစရောင်း
#tthl #Yangon_Times
ယခုနှစ်မျှင် ဖမ်းဆီးရာသီမှာ မျှင်ဖမ်းဆီးရရှိမှုနည်းလာတဲ့အတွက် ကုန်ချောထုတ်လုပ်တဲ့ မျှင်ငါးပိဈေးလည်းမြင့်လာတယ်လို့ မျှင်ငါးပိထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
#Local_News
Published_ 29 March 2024
#မျှင်ငါးပိဈေးမြင့်လာ #မျှင်ငါးပိထုတ်လုပ်ရောင်းချသူ
#YMG/LW #Yangon_Times
Page 284 of 1772