Published_ 03 April 2024
ထိုင်ဝမ်ငလျင် နောက်ဆက်တွဲအဖြစ် ဆူနာမီဖြစ်နိုင်၍ ဂျပန်ရောက်မြန်မာများကို တိုကျိုမြို့ရှိ မြန််မာသံရုံးမှသတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် မဂ္ဂနီကျူ ၇.၅ ရှိသော အင်းအားကြီး ငလျင်တစ်ခုသည် ထိုင်ဝမ်ဒေသကို ဗဟိုပြု၍ ယနေ့ ၃.၄.၂၀၂၄ ရက်နေ့ နံနက် ၉.၀၄ နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း နောက်ဆက်တွဲအနေဖြင့် Okinawa ကျွန်း ကမ်းရိုးတန်းတစ်လျှောက်အား ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားရှိကြောင်း
အဆိုပါဒေသတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို အထူးအလေးထားစောင့်ကြည့်ရန် လိုအပ်ကြောင်း
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီ လိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထုတ်ပြန်ထား ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 3 April 2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်တော်သာရပ်ကွက်ရှိ ပဲနွယ်ကုန်းစည်ပင်သာယာစျေး ကြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ဆိုင်ခန်း များအပြင် အနီးနားရှိ နေအိမ် များပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပရဟိတအသင်းများနှင့်ဒေသခံများ ထံ က သိရသည်။
ဧပြီ ၂ရက် ညနေ ၆နာရီခွဲ ခန့် က လောင်ကျွမ်း ခဲ့ ပြီး ဈေးကြီး အတွင်းရှိ ဆိုင်ခန်း ၄၀၀ကျော် မီးလောင် ဆုံးရှုံး ခဲ့သည့် အပြင် အနီးနားရှိ နေအိမ် အချို့လဲ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
""ဈေးထဲ မှာ က ဆိုင် ခန်း ၄၉၀ကျော်ရှိတယ် အခု မီးထဲ ကို ၄၃၀ကျော်လောက် ပါသွားတယ်ဈေးအနီး လူနေအိမ် ၉လုံးလောက်ပါသွားတယ် စာရင်း အတိအကျ ကိုတော့ တာဝန်ရှိသူတွေ စစ်ဆေးနေဆဲပါ""ဟု ပဲနွယ်ကုန်းမြို့နယ်ရှိ ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ ပဲနွယ်ကုန်းဈေးကြီး မီးလောင်မှု မှာ မီးများသောကြောင့် ပဲခူးတိုင်းအရှေ့ခြမ်း ရှိ မီးသတ်ကားများ ပရဟိတ ကားများ မီးငြိမ်းသတ်ခဲ့ရာ ည ၁၂ နာရီလောက်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
"" မီးက တအား များတယ် ပဲခူးတိုင်း ကမီးသတ်ကားတွေ ပရဟိတ ကားတွေ အကုန် ဆင်းလာတာ ဒါပေမယ့် ရေအရင်းမြစ်က လိုအပ်သလောက် မြန်မြန် မရ ဘူး ဖြစ်သွားတယ် ည၁၂နာရီ လောက်မှာတော့ မီးငြိမ်းတယ် ဒါပေမယ့် ဒီနေ့ မနက်အထိ တော့ မီးကျွင်း မီးကျန်တွေ ကို ငြှိမ်းသတ်နေရတုန်းပဲ ""ဟု တောင်ငူအခြေစိုက်ပရဟတိအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ဈေးသူ ဈေးသားများ နှင့် ဒေသခံ ပြည်သူ များ ထိခိုက်ဒဏ်ရာ ရရှိ မှု မရှိခဲ့ကြောင်း မီးများပြီး မီးလောင်ချိန် ကြာမြင့်သောကြောင့် မီးသတ်သမား အချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 02 April 2024
၁။ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့် ဝယ်လိုအားကြောင့် နနွင်းတတ်ဈေးထက်ဝက်ခန့် မြင့်တတ်လာ
၂။ သင်္ကြန်အတွင်း ပုံမှန်နှင့် အထူးပြေးဆွဲပေးမည့်ရထားများရှိ၊ ရန်ကုန်-မန္တလေးပုံမှန်သွားနိုင်
၃။ သင်္ကြန်ကာလအတွက် နေရပ်ပြန်သူများပြား၍ အဝေးပြေးကားလက်မှတ် ကြိုတင် ဝယ်ယူသူများနေ
၄။ အမေရိကန်ဘောလ်တီမိုးမြို့မှ တံတားပြိုကျမှုဖြစ်ရပ်သည် ဘယ်လိုမှမဖြစ်သင့်ဟု ဒေသခံများယူဆ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 2 April 2024.
သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးဝါး အချို့ ကို Facebook ကဲ့ သို့Oline media များ တွင် ရောင်းချနေသဖြင့် အများပြည်သူ သိရှိစေရန် တိုင်းရင်းဆေးပညာဦးစီးဌာန က ဧပြီ ၂ ရက် တွင် အသိပေးကြေညာလိုက်သည်။
အဆိုပါ ဆေးများသည် တိုင်းရင်းဆေးပညာဦးစီးဌာန မှ တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင် ရရှိ ထားခြင်း မရှိသဖြင့် အရည်သွေး စစ်မှန်ကောင်းမွန် ပြီး ဘေးအန္တရာယ်ကင်း၍ အာနိသင် ထိရောက်မှု အတွက် အာမခံချက် မပေး နိုင်သောကြောင့် အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း အသိပေးထားသည်။
ယင်းဆေးဝါးများ မှာ Body Art အမှတ်တံဆိပ် ပါ B1 -သွေးတွင်းအဆီကျဆေး၊B2-လေမဖြတ်ရလိမ်းဆေး၊B3-ခရေမနွမ်းလိမ်းဆေး၊B4-ရင်/တင် ချမ်းသာလိမ်းဆေး၊B5-ကြည်ရှင်းတောက်လိမ်းဆေး၊B7သရဖူလိမ်းဆေး၊B9-သဘာဝလိမ်းဆေး တို့ ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရငါးဆေးပညာဦးစီးဌာန သည် အရည်သွေးစစ်မှန် ကောင်းမွန်ပြီးဘေးအန္တရာယ် ကင်းရှင်းသော တိုင်းရင်းဆေးဝါးများ ကို အများပြည်သူ တို့ သုံးစွဲရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးချက်တွင် ဖေါ်ပြထားသည်။
Yangon_Times/LW
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 02 April 2024
ယခု၂၀၂၄ ခုနှစ်၊ မြန်မာရိုးရာမဟာသင်္ကြန် နေပြည်တော်သင်္ကြန်ပွဲ၌ ရုရှားနိုင်ငံအပါအဝင် နိုင်ငံသုံးနိုင်ငံမှ အနုပညာရှင်များ ပါဝင် ဖျော်ဖြေမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။
အဆိုပါ နေပြည်တော်မဟာသင်္ကြန်ပွဲတော်၏ ဖျော်ဖြေရေးအစီအစဉ်များတွင် ရုရှားနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီးတေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှပူးပေါင်းကာ ရုရှားနိုင်ငံသံရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့မှရေကစား မဏ္ဍပ်များဖွင့်လှစ်ပြီး ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များနှင့် နာမည်ကြီးအနုပညာရှင်များ လာရောက်ဆင်နွှဲမည်ဖြစ်သကဲ့သို့နေပြည်တော်မဟာသင်္ကြန်ပွဲတော်တွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ် နှစ်ခုစလုံးတွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် အနုပညာရှင်များကိုပါ ဖိတ်ကြားထားပြီးဖြစ်ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ၂၀၂၄ခုနှစ်ကမ်းဝေး ငါးမဖမ်းရရာသီကို ငါးရစ်ငါးသန်ကာလဖြစ်တဲ့ ဧပြီလ၁ရက်နေ့ ကနေဇွန်လ၃၀ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပါတယ်၊ ငါးရစ်ငါးသန်ကာလဖြစ်တာကြောင့် ကမ်းဝေးငါးမဖမ်းရရာသီကို သုံးလသတ်မှတ်ထားသော် လည်းတိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှ အခက်အခဲအချို့ တင်ပြလာတဲ့အတွက် သက်ဆိုင်ရာကို ထပ်မံတင်ပြပေးပြီး ငါးဖမ်းရေယာဉ်အမျိုးအစားအလိုက် အချို့ကို လအလိုက်ခွင့်ပြုပေးထားပါတယ်။
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရာသီဥတုပူလို့ ကြက်ဥအထွက်နှုန်းတွေလျော့လာတယ်။ မတ်လထဲမှာ လက်ကားဈေးအနေနဲ့ ကြက်ဥတစ်ပိဿကိုကျပ်၅၆၀၀၊ ကြက်ဥတစ်လုံး ချင်းကျပ်(၂၀၀)မှ(၂၃၀)ကျပ်ရှိခဲ့ပြီး ဧပြီလ(၂)ရက်မှာတော့ ကြက်ဥတစ်ပိဿကို ကျပ်၅၇၀၀ရှိတယ်။ သင်္ကြန်တွင်းဈေးကွက်အေးမယ်။
Yangon_Times/tthl
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 278 of 1772