'ပုံမှန်တစ်လလောက်ဝင်တဲ့ခရီးသွားဦးရေ သက်ြန်ကာလအတွင်းမှာဝင်ပါတယ်၊ နှစ်ဆန်းတစ်ရက်နေ့ကတော့အများဆုံးဝင်တာပါ '
#Local_News
Published_ 19 April 2024
#ပလင်းကမ်းသာယာဆင်စခန်း #ခရီးသွားဝင်ရောက်မှုစံချိန်တင်
#YMG/ NN #Yangon_Times
ဟိုအရင်တုန်းကလို ပုဂံနံရံပန်းချီတွေကို ပုဂံသဲပန်းချီအဖြစ် ကူးဆွဲသူအချို့ဟာ အခြားသူတွေမကူးဆွဲနိုင်အောင် မူလနံရံပန်းချီလက်ရာတွေကိုဖျက်ဆီးခဲ့တာတွေမလုပ်ဖို့လိုတယ်။ ပြည်တွင်းဘုရားဖူးတွေရဲ့ ဝယ်ယူအားပေးမှုတွေတက်ခဲ့ပေမယ့် နိုင်ငံခြားသားဝယ်ယူမှုကတော့ နည်းပါးနေသေးတယ်။ ပုဂံမှာလာဝယ်ယူတာထက်အွန်လိုင်းက မှာယူတာအနည်းငယ်သာ ရှိနေသေးတယ်။(ပုဂံသဲပန်းချီရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ကိုမင်း)
#Local_News
Published_ 19 April 2024
#ပုဂံသဲပန်းချီ #ပုဂံနံရံပန်းချီ
#tthl #Yangon_Times
#Local_News
Published 19 April 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် မေလအတွင်း၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ရာ ကုသလိုသူများအနေဖြင့် မေ၁ရက်၌ လူနာမှတ်တမ်းစာအုပ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လာမည့်မေလ(၆)ရက်မှ မေလ (၈) ရက်အထိ သုံးရက်ကြာ အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ပြီးထိုသို့ အခမဲ့ခွဲစိတ်ကုသပေးမှုသည် (၅၃)ကြိမ်မြောက် ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈) ခုနှစ်တွင် ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာလမှစတင်ကာ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂ ၂ခုနှစ်၊ မေလတွ င် (၄၈)ကြိမ်မြောက် ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံကြီး #အခမဲ့မျက်စိခွဲစိတ်ကုသပေး #YMG/ NN #Yangon_Times
#Local_News
Published 19 April 2024
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာဇနီးမောင်နှံ ၂ ဦး မှာ ဧပြီလ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည့် ထိုင်းအစိုးရထီဖွင့်ပွဲ မှ ၉၃၄၅၉၈ ဂဏန်းဖြင့် ဘတ်(၆) သန်းဆု ဆွတ်ခူးရရှိခဲ့ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့ထံက သိရသည်။
အဆိုပါ ဇနီး မောင်နှံ ၂ ဦး မှာ ၂ နှစ်ကျော်အရွယ် သားငယ်နှင့်အတူ ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံတွင် ၃ နှစ်ခန့်အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး သားဖြစ်သူမှ ထီထိုးမည်ဟု ပြောဆိုခဲ့တာကြောင့် ထိုင်းထီကိုပထမဦးအကြိမ် ကံစမ်းကြည့်ရာမှ ယခုကဲ့သို့ ထိုင်းအစိုးရထီ၏ပထမဆုဖြစ်သည့် ဘတ် (၆) သန်းဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းထီ ဘတ်(၆)သန်းဆုပေါက်ခဲ့ကြသူ ၂ ဦးမှာ အသက် ၂၀ ကျော်အရွယ် လူငယ်ဇနှီးမောင်နှစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး မှ ထားဝယ်လူမျိုးဖြစ်ကြောင်း သိရသည်။
ကံထူးရှင် ဇနှီးမောင်နှံ ၂ ဦးမှ ဆုငွေထုတ်ယူဖို့အတွက် ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့မှ ကူညီပေးခဲ့ရာ ဧပြီ ၁၇ ရက်တွင် ဆုငွေများ ရရှိခဲ့ကြောင်း သိရသည်။
#Local_News #မြန်မာဇနီးမောင်နှံ #ထိုင်းထီဘတ်၆သန်းဆုဆွတ်ခူးသွား #YMG/LW #Yangon_Times
#Local_News
Published 19 April 2024
ဖူဆယ်အာရှဖလားပြိုင်ပွဲတွင် ယနေ့ ဧပြီ(၁၉) ရက်ညနေ၌အိမ်ရှင်ထိုင်းနှင့်မြန်မာအသင်းတို့သည်ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Humark Indoor Stadium, Bangkokတွင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းမြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ဖူဆယ်အာရှဖလားပြိုင်ပွဲတွင် ပွဲဦးထွက်အနေဖြင့် မြန်မာအသင်းနှင့်ဗီယက်နမ်အသင်းယှဉ်ပြိုင်ရာ၌ တစ်ဖက်တစ်ဂိုးစီဖြင့်သရေကျခဲ့သည်။
မြန်မာဖူဆယ်အသင်းသည် ဧပြီ(၁၇)ရက်မှာ ထိုင်းနိုင်ငံဘန်ကောက်မှာ ဗီယက်နမ်အသင်းနဲ့ အုပ်စု ပထမပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Mr. Bunlert Charoenwong က "ဒီနေ့ပွဲမှာ ဗီယက်နမ်လို အသင်းကောင်း တစ်သင်းကို သရေကျခဲ့တဲ့ အတွက် ပျော်ရွှင်ရပါတယ်။ ကစားသမားတွေက ကျွန်တော့် နည်းစနစ်အတိုင်း အကောင်းဆုံး ကစားနိုင်ခဲ့သလို ခံစစ်ကစားပုံကလည်း တော်တော်ကို ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အချို့ ကစားသမားတွေက စိတ်လှုပ်ရှားမှုတွေ ရှိနေပါသေးတယ်။ ကစားသမားသစ်တွေအတွက်လည်း အတွေ့အ ကြုံ ကောင်းတွေ ရရှိမှာပါ။ ထိုင်းနဲ့ ပွဲအပါအဝင် နောက်ပွဲစဉ်အတွက်လည်း ကောင်းဆုံး ပြင်ဆင်သွားမှာပါ"လို့ AFC Futsal Asian Cup 2024 ပြိုင်ပွဲ ဗီယက်နမ်အသင်းနှင့် ပွဲအပြီးမှာ ပြောကြားခဲ့သည်။
Readmore>>>
မြန်မာ-ဗီယက်နမ်ပွဲစဉ်တွင် ပထမပိုင်းအချိန်အထိ နှစ်ဘက်အသင်းမှ ဂိုးရရှိဖို့ အသည်းအသန်ကြိုးပမ်းခဲ့ကြပေမယ့် ဂိုးမရကြဘဲ ဒုတိယပိုင်းမှ တစ်ဂိုး-တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ရှေ့ဆက်ပြီး ဧပြီ(၁၉)ရက်မှာ အိမ်ရှင်ထိုင်းနှင့် မြန်မာအသင်းဆက်ပြိုင်ရမှာဖြစ်ပြီး ဧပြီ(၂၁)ရက်မှာတော့ တရုတ်နှင့်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရသည်။
#Local_News #ဖူဆယ်အာရှဖလားပြိုင်ပွဲ #အိမ်ရှင်ထိုင်းနှင့်မြန်မာပြိုင် #tthl #Yangon_Times
#Local_News
Published 19 April 2024
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် မေးမြန်းချက်အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်မေးခွန်းများကို တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး ဌာနမှပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဧပြီလ ၁၇ ရက်၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနမှသတင်းထောက်က မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်းမီဒီယာများတွင်ဖော်ပြကြကြောင်း၊
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားဝင်စေ့စပ်ရာတွင် အရေးကြီးသော ကဏ္ဍမှပါဝင်နေကြောင်း၊
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်သတင်းအပေါ် တရုတ်နိုင်ငံက ကြိုဆိုပါသလား ဟူသည့် မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian မှ အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟုဆိုသည်။
Mr. Lin Jian က တရုတ်နိုင်ငံသည် အဆိုပါသတင်းကိုသတိထားမိပါကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် တရုတ်နိုင်ငံမှ အားပေးထောက်ခံမှုကို ထပ်လောင်းပြောကြားလိုကြောင်း ဖြေကြား ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်လိုက်သည်။
#Local_News #မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှု #tthl #Yangon_Times
#Local_News
Published_18 April 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လက်နက်ကြီးကျ၍ ဒေသခံ ၄ ဦးသေဆုံး၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက်မှ လက်နက်ကြီး များဖြင့် AA အဖွဲ့ကပစ်ခတ်ခဲ့သောကြောင့် လက်နက်ကြီးကျည်များ အမှတ်(၂)ရပ် ကွက် တွင်း သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၂ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဧပြီလ ၁၇ ရက်က ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်အတွင်းကားပစ္စည်းဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ အခြားနေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့သောကြောင့်နှစ်ထပ်တိုက်နေအိမ် ၃၀ လုံးခန့်နှင့် ပျဉ်ထောင်၊သွပ်မိုး နေအိမ် ၂၀ လုံးကျော် စုစုပေါင်းနေအိမ် ၅၀ လုံးကျော် မီးလောင်ပျက်စီးဆုံး ရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်၌ နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် မတ်လ ၃၁ ရက်မှ စတင်၍ ၎င်းရပ်ကွက်၌ နေထိုင်ခြင်းမရှိပဲ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသောကြောင့် တာဝန်ရှိသူများက မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #လက်နက်ကြီးကျဒေသခံ၄ဦးသေဆုံး #၈ဦးပြင်းထန်စွာဒဏ်ရာရခဲ့ #Yangon_Times/PP
Page 260 of 1771