#Local_News
Published 20 April 2024
▪️ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ(၂)ရပ်၊ မြခွာညိုလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဧပြီ ၂၀ရက် နံနက် ၉နာရီ ၅၅မိနစ် ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာမြိတ်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြိတ်မြို့နယ်အရန်မီးသတ်စခန်းများမှ မီငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုကြောင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်သည့်ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 20 April 2024
▪️ ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်ချို့ယွင်းနေ၍ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဧပြီ ၂၀ရက် နေ့လည်ပိုင်း၌ ထုတ်ပြန်လိုက်သည်။
▪️ ထုတ်ပြန်ချက်တွင် ယနေ့ (၂၀.၄.၂၀၂၄) ရက်နေ့၊ (၁၃:၁၂) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေပါကြောင်း၊ ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
▪️ သင်္ဃန်းကျွန်း YESCက 20-4-24(13:12)SYSTEM ချို့ယွင်းမှုဖြစ်ပေါ် သဖြင့် သင်္ဃန်းကျွန်းမြို့နယ် ခွဲရုံအားလုံးယာယီဓာတ်အားပြတ်တောက်နေသည်ဟုထုတ်ပြန်ထားသည်။
▪️ တာမွေ YESCကလည်း(၂၀.၄.၂၀၂၄)ရက်နေ့ (၁၃:၁၀)ခန့်အချိန်တွင် ဓာတ်အားစနစ်ချို့ယွင်း၍ တာမွေတစ်မြို့နယ်လုံးဓာတ်အားပြတ်တောက်နေပါကြောင်းအသိပေးပန်ကြားထားကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Publicshed 20 April 2024
▪️ ပြည်တွင်း အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ခုနှစ် ရာခိုင်နှုန်းနှင့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် (၂၁) ရာခိုင်နှုန်းရှိနေကြောင်း အိမ်ခြံမြေအသင်းများမှ သိရသည်။
▪️ ထို့အပြင် ယခုနှစ်တွင်လည်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများထက် အိမ်ခြံမြေလုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်အများစု ရင်းနှီးမြှုပ်နှံမှုပိုများနေကြောင်း သိရသည်။
▪️ ၎င်းအပြင် အိမ်ခြံမြေလုပ်ငန်းတွင် (MIC) ပါမစ်ဖြင့်လုပ်ကိုင်သောလုပ်ငန်းအများစုမှာ မြို့ပြအိမ်ရာသစ်များ အကောင်အထည်ဖော်ခြင်း၊ အထပ်မြင့်ကွန်ဒိုဆောက်လုပ်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းများပါဝင်နေ ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် အိမ်ခြံမြေလုပ်ငန်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၉၃) ခုမှ ဒေါ်လာသန်း (၁၂၀၀) ကျော်၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၆၇) ခုမှ ဒေါ်လာသန်းပေါင်း (၆၆၀၀) ကျော်အထိ ဝင်ရောက်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Publicshed 20 April 2024
▪️ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကိုလာမည့်လအတွင်း အွန်လိုင်းမှ စတင်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
▪️ ရန်ကုန်အဝေးသင် တက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ပထဝီဝင်ဌာနမှ ကြီးမှူး၍Post Graduate Diploma in Geography of Tourism
ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို မေလ (၂၃) ရက်တွင် တတိယအကြိမ်မြောက်အဖြစ် အွန်လိုင်းမှဖွင့်လှစ်သင်ကြားရန် စီစဉ်နေခြင်းဖြစ်သည်။
▪️ အဆိုပါ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဆိုဒ်မှတဆင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကာ ဧပြီ (၂၅) ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း၊ ယင်းသင်တန်းသည် တစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းသားဦးရေကန့်သတ်ထားကာ သင်တန်းတက် ရောက်ခွင့်ရသူများအား Email ဖြင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဘွဲ့လွန်ဒီပလိုမာ သင်တန်းတက်ရောက်ရန်လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများဖြစ်ရန်လိုအပ်သည့်အပြင် အစိုးရဌာနများ၊ NGO အဖွဲ့များမှ ဘွဲ့ရဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများမှ ဘွဲ့ရဝန်ထမ်းများ ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရသူများနှင့် ဘွဲ့ရ Tourist Guide များလျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published 20 April 2024
▪️ နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၆/၄) နှင့် (၃၃၆/၅)ကြားတွင် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှော-က်ကာ ယာဉ်ပေါ်ပါသူများအနက်မှ အမျိုးသားတစ်ဦးေ-သဆုံးကာ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ (၁၉)ရက် ၊ ည (၁၀)နာရီ (၁၅) မိနစ်အချိန်ခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၆/၄) နှင့် (၃၃၆/၅)ကြား ယာဉ်တိမ်းမှော-က်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသာယ(၄)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၇)ဦးအနက် ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား(၁)ဦး(သေဆုံး) နှင့် အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Times
#Local_News
Published_ 20 April 2024
▪️ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဦးတေဇပိုင် Malikha lodge ဟိုတယ် မီးလောင်ပြီး အဆောင် (၂) ခု မီးထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။
▪️ ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တေဇပိုင် Malikha lodge ဟိုတယ်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘန်ဂလိုအဆောင် ၂ လုံး မီးထဲပါသွားကြောင်း ဒေသခံများကဖော်ပြထားသည်။
▪️ "Putao Malikha lodge hotelရွာသား အားလုံး ဝိုင်းငြိမ်းကူကြပေမယ့် အဆောင်အချို့ပါသွားပြီ။ စစ်တပ်ကလည်း လာရောက် မီးငြိမ်းကူလို့ အခြားဆောင်တွေ ထပ်မကူးအောင် တားနိုင်ခဲ့တယ်"ဟု ဒေသခံ Nangseng pong ကဖော်ပြထားသည်။
▪️ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း အဆိုပါ Putao Malikha lodge ဟိုတယ်သည်ပူတာအိုနှင့် ရေခဲတောင်ကိုလာရောက်ကြသည့် နိုင်ငံခြားသားများအများစုတည်းခိုသောဟိုတယ်ဖြစ်သလို ခရီးသွားအများဆုံးဝင်ရောက်သည့်ဟိုတယ်ဖြစ်ပြီး ဟိုတယ်အဆောင် စုစုပေါင်း(၄)ခုရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 20 April 2024
▪️ ဖူဆယ်အာရှဖလားပြိုင်ပွဲ တရုတ်ကို ဂိုးပြတ်ဖြင့်အနိုင်ရအောင်ကြိုးပမ်းမည်ဟု မြန်မာနည်းပြပြောကြားလိုက်ကြောင်း သိရသည်။
▪️ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Mr. Bunlert Charoenwongက " ပထမဆုံး အနေနဲ့ ထိုင်းအသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော့် အသင်းက ကစားသမားတွေလည်း ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထိုင်းအသင်းဆီကနေ ထပ်မံသင်ယူစရာတွေကို သင်ယူခွင့် ရရှိခဲ့ပါတယ်။ တရုတ်နဲ့ ကစားမဲ့ ပွဲမှာ ကျွန်တော်တို့ အနေနဲ့ အနိုင်ရရှိဖို့လိုပါတယ်။ ဂိုးတွေလည်း များများ ရဖို့လိုပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်"၏ AFC Futsal Asian Cup 2024 ပြိုင်ပွဲ ထိုင်း အသင်းနှင့် ပွဲအပြီးတွင်ပြောခဲ့သည်။
▪️ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ဧပြီ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၅:၃၀ အချိန်တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်၌ ထပ်မံ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
▪️ မြန်မာအသင်းအနေဖြင့် အုပ်စုတွင်းပြိုင်ပွဲတွင် ဗီယက်နမ်အသင်းကို ၁ဂိုး-၁ဂိုးသရေ၊ ထိုင်းအသင်းကို ၅ဂိုး-ဝဂိုးဖြင့် ရှုံးနိမ့်ကာ ရမှတ်တစ်မှတ်ဖြင့် အုပ်စုတွင်း သုံးနေရာမှာရှိကာ တရုတ်အသင်းကတော့ ၂ပွဲလုံးရှုံးနိမ့်ကာ တစ်မှတ်မှ မရသေးကြောင်း သိရသည်။
#tthl #Yangon_Times
Page 258 of 1771