#Local_News
Published_07 May 2024
▪️ နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၇)ခုကို မြန်မာနိုင်ငံ၌ရင်းနှီးမြုပ်နှံရန်ထပ်မံခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရသည်။
▪️ အသစ်ရင်းနှီးမြုပ်နှံခွင့်ပြုလိုက်သော လုပ်ငန်းများမှာစက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှ နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၇)ခုဖြစ်သည်ဟုဆိုသည်။
▪️ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၁ သန်းနှင့် ငွေကျပ် ၂၈၂၇၀၂ ဒသမ ၈၉၅ သန်းဖြစ်ပြီးပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၄၂၃) ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်ဟုဆိုသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
▪️ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၇ရာခိုင် နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
▪️ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကိုနေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် ယင်းအစည်းအဝေး၌ လုပ်ငန်းသစ်(၇)ခုထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 7 May 2024
▪️ စွမ်းအင်ဝန်ကြီးဌာနက စက်မှုဝန်ကြီးဌာနရှိ စက်ရုံ ၁၂ ရုံသို့ သဘာဝဓာတ်ငွေ့တစ်နှစ်လျှင် ၃၀ ကုဗပေသန်း ပို့လွှတ်ပေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာန၌ မေ ၆ ရက်က ကျင်းပတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
▪️ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနမှထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် ကြိုးစားနေပြီး အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) မှထုတ်လုပ်သော ပိတ်ဖြူ၊ ပိတ်ညိုများကိုအဖြူချွတ်ပြီး ဂျပန်နိုင်ငံ ဆူရာတိုမိုကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်း၍ ဆေးဆိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
▪️ ပြည်တွင်း၌လိုအပ်သော အထည်များချုပ်လုပ်နိုင်ရန်အတွက်ပိတ်များ ရက်လုပ်လျက်ရှိကာ သဘာဝဓာတ်ငွေ့ရရှိပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်နိုင်မည့်အပြင် ထုတ်ကုန်ပစ္စည်းများရဲ့ အရည်အသွေးများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာနမှ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိထိရောက်စွာ အသုံးပြုသွားမယ်လို့ ပြောဆိုပါတယ်။
▪️ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလွင်က အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့များကို ရေနံချောင်းမြို့ရှိ ခွဲလွှတ်ရုံမှ ပေးပို့နိုင်ရေး သီးသန့်ပိုက်လိုင်းတစ်ခု တည်ဆောက်ပေးခဲ့ကာ သဘာဝဓာတ်ငွေ့နှင့် ရေနံများကို ကန့်သတ်ချက်များဖြင့် ထုတ်ယူနေရတဲ့အတွက် ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိစွာ သုံးစွဲစေလိုကြောင်း ပြောပါတယ်။
▪️ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထည်စက်ရုံ (ရွှေတောင်)သို့ သဘာဝဓာတ်ငွေ့ များကို ၁၉၈၇ ခုနှစ်မှစတင်၍ ပြည်ရေနံမြေ၊ အဖျောက်ရေနံမြေတို့မှ ပို့လွှတ်ခဲ့ကြောင်း၊ စက်ရုံအနေဖြင့် စာချုပ်ချုပ်ဆို ထားသည့်ပမာဏအတိုင်း သုံးစွဲစေလိုကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များရှိပါက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
#Ymg_mnn #Yangon_Media_Group
Published_ 6 May 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်နေကြသည့် ပြည်သူများနေထိုင်မှု၊ ရေနှင့်လျှပ်စစ်မီးများ အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် နေ့စဉ်နေ့တိုင်း ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ ရှင်းလင်းသွယ်တန်းခြင်း များကို နေ့စဥ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
မေ ၄ ရက်တွင် ကေ့ာကရိတ်မြို အမှတ်(၆)ရပ်ကွက်၌ နေအိမ် (၆) လုံးရှိ လက်တူးတွင်း (၆) တွင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက Bleaching Powder (Chlorine) ဆေးခတ်ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများလည်း ပေးအပ်ခဲ့ပါတယ်။
မေ ၅ ရက်နေ့အထိ အိမ်ထောင်စု (၁၀၈)စု၊ လူဦးရေ (၅၁၂)ဦး နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ခေါက်ဆွဲထုပ်(၁၀)ထုပ် စုစုပေါင်းတန်ဖိုး ငွေကျပ် (၄၃)သိန်းကျော်ဖိုး ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_06 May 2024
၁။ နေပြင်းတာနှင့် မိုးလေလွတ်အောင် အင်းလေးဒေသကို ခရီးသွားများ မနက်စောစောလာလည်စေချင်ဟုဆို
၂။ တဟုန်ထိုး စျေးမြင့်တက်ခဲ့သည့် ဒဂုံမြို့သစ်လေးမြို့နယ်ရှိ အိမ်ခြံမြေစျေးကွက် ဈေးအနည်းငယ်ပြန်ကျလာ
၃။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၁၀ရာခိုင်နှုန်း မှ ၅၀ရာခိုင်နှုန်းအထိ မြင့်တက်နေ
၄။ လကမ္ဘာအဝေးဖက်ခြမ်း၏ နမူနာများရယူရန် ချန်ဂယ်-၆စူးစမ်းယာဥ်အား တရုတ်လွှတ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
သတ်မှတ်စည်းကမ်းမလိုက်နာ၍ Money Changer နှစ်ခုကို ဗဟိုဘဏ်ထပ်မံအရေးယူခဲ့ပြီး နှစ်လအတွင်း အရေးယူထားတဲ့ Money Changer ၅၀ အထိရှိလာတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပိန္ဒဲသီးတစ်လုံးကို အရင်ကလို ကျပ် ၈၅၀၀မှ ၁၀၀၀၀၊ ၁၅၀၀၀နဲ့ပဲ လက်လီ၊လက်ကားရောင်းချပေးနေတယ်။
#Yangon_Times/tthl
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_06 May 2024
ကျောက်မျက်ပြပွဲစတုတ္ထနေ့ ဖြစ်သည့် မေလ၆ရက်နေ့၌ ကျောက်မျက်အတွဲ(၁)မှ (၁၆၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးနေကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ ၌ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတတိယနေ့၌လည်း ပုလဲအတွဲပေါင်း ၁၉၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၅၅၀ တို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည် ။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 230 of 1770