#Daily_News
Published_07 May 2024
၁။ ယခုဘဏ္ဍာနှစ်အစ၌ ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းကျော်စတင်တင်ပို့
၂။ ရန်ကုန်အပါအဝင်ဒေသအချို့တွင် နေ့အပူချိန်တိုး၍ မိုးထစ်ချုန်းရွာမည်
၃။ ၀င်္ဂဘော်ဆင်စခန်းကို လာရောက်လည်ပတ်သူနည်းလာသော်လည်း အဝေးမှအလှူငွေပေးပို့ကာ ဆင်စာဘူဖေးကျွေးသူများပြားဟုဆို
၄။ အမြင်အာရုံချို့ယွင်းသူများအတွက် ခြေ(၆)ချောင်းပါသော စက်ရုပ်လမ်းပြခွေးအား တရုတ်သုတေသီများတီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၇ မေ ၂၀၂၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာနှင့် မြန်မာအတိုက်အခံအုပ်စုကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ် သူစိတ်မပူဘူးလို့ အသစ်ခန့်အပ်ခံရတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဉာဏ်ပွန်က ယနေ့(မေ၇)မှာ ပြောဆိုလိုက်ပါတယ်။
သက်ဆင်ဟာ မြန်မာနိုင်ငံ စစ်တပ်ကို တိုက်ခိုက်နေတဲ့ သူပုန်အုပ်စုတွေနှင့်တွေ့ဆုံဆွေးနွေးတာဟာ သူ့ကိုယ်ပိုင်လုပ်နိုင်စွမ်း နှင့် လုပ်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ မြန်မာအတိုက်အခံအုပ်စုတွေက သက်ဆင်ဆီက အကူအညီရယူဖို့ဆုံးဖြတ်တယ်ဆိုရင်လည်း သူတို့လုပ်ကြပေါ့၊ ဒါသူတို့ ဆုံးဖြတ်ချက်နှင့်သူတို့ပဲ” လို့ မာရစ်က ဆက်ပြောပါတယ်။
“ သက်ဆင်နှင့်မြန်မာတွေပြောကြဆိုကြတာတွေဟာ ထိုင်းအစိုးရနှင့်ဘာမှမဆိုင်ဘူး။ ကျွန်တော် ဒီကိစ္စကို မီဒီယာတွေကနေ အခုမှသိရတာ။ အဲဒါကြောင့် ကျွန်တော့်မှာ အသေးစိတ်မရှိသေးဘူး” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဗွီအိုအေမြန်မာက သက်ဆင်ဟာ မြန်မာသူပုန်အုပ်စုတွေနှင့် လွန်ခဲ့တဲ့ နှစ်လက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ဘန်ကောက်တို့မှာတွေ့ဆုံခဲ့တယ်လို့သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
သံအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ မာရစ်ဟာ အကြောင်းပြချက်ရှင်းရှင်းလင်းလင်းမရှိဘဲ သူ့ခံယူချက်နှင့်သူရပ်တည် ထားတယ်လို့သာပြောပြီး ရာထူးမှနှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီနေရာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။
အချို့သော နိုင်ငံရေးသုံးသပ်သူတွေကတော့ ပန်ပရီနှုတ်ထွက်သွားတာဟာ သက်ဆင်က နိုင်ငံခြားရေးရာကိစ္စတွေ ဝင်ရောက်စွက်ဖွယ်နေပုံရလို့ဖြစ်တယ်လို့ ထင်ကြေးပေးထားကြပါတယ်။
ဘန်ကောက်အနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းခြင်းတွေပြန်လည်ဖြစ်လာဖို့ ထိုင်းရဲ့ရပ်တည်ချက်ကို ဆက်လက်ရပ်တည်နေတယ်လို့လည်း မာရစ်ကပြောပါတယ်။
“ ကျွန်တော်တို့ တိုက်ပွဲတွေဆက်လက်ဖြစ်တာကို ခွင့်ပြုနေရင် နယ်စပ်အတူတကွရှိနေတဲ့ ထိုင်းအနေနှင့် ပြဿာတွေနှင့် ရင်ဆိုင်ရလိမ့်မယ်” လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့မူဘောင်အတွင်းကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေဆက်ပေးမယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source PBS
ထိုင်းမြန်မာနယ်စပ်မြဝတီချစ်ကြည်ရေး တံတားအမှတ် ၂ကို ဧပြီ ၃၀ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် MOU အလုပ်သမားတွေကို ယင်းတံတားကနေ ပြန်လည်စေလွှတ်မှုမရှိသေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
#Local_News
Published_07 May 2024
#အဆောက်အဦးအချို့ပြင်ဆင် #လုပ်သားစေလွှတ်မှုမရနိုင်
#YMG/LW #Yangon_Times
တရုတ်ယွမ်(၂.၅)သန်းကိုဗဟိုဘဏ်က မေလ(၇)ရက်မှာ ထပ်မံရောင်းချပေးမယ်။ တရုတ်ယွမ် (၅)သန်းနဲ့ ထိုင်းဘတ်သန်း(၃၀)ကို မေလ (၂) ရက်မှာလည်း ရောင်းပေးထားတယ်။
(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
#Local_News
Published_07 May 2024
#တရုတ်ယွမ်(၂.၅)သန်း #ဘတ်သန်း(၃၀)ထပ်ရောင်း
#tthl #Yangon_Times
#Local_News
Published_07 May 2024
▪️ ငါးမွေးမြူရေးလုပ်ငန်းများကို စိတ်ဝင်စားသူများ အနေဖြင့် ရန်ကုန်တက္ကသိုလ်၊ငါးလုပ်ငန်းပညာဌာနမှဖွင့်လှစ်မည့် 'ရေသတ္တဝါမွေးမြူရေးဆိုင်ရာဘွဲ့လွန်ဒီပလိုမာ'သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ရေသတ္တဝါမွေးမြူရေး ဆိုင်ရာဘွဲ့လွန်ဒီပလိုမာ သင်တန်းကိုဇွန်လ(၁)ရက်၌စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီးမေလ(၈)ရက်မှ(၂၄)ရက်အတွင်း လျှောက် လွှာများထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ အဆိုပါသင်တန်းကို ဘွဲ့တစ်ခုရရှိထားသူ(ဘာသာ ရပ်အသီးသီးမှဘွဲ့ )မည်သူ မဆိုလျှောက်ထားနိုင်ကာ အသက်အရွယ်မကန့်သတ်ထားဘဲ သင်တန်းသားဦးရေ ၅၀လက်ခံသင်ကြားပေးမည်ဟု ဆိုသည်။
▪️ သင်တန်းကာလ(၉)လနှင့် Project Paper စာတမ်း ပြုစုဖြေဆိုရမည်ဖြစ်ပြီးအပတ်စဉ် စနေ၊တနင်္ဂနွေ မနက်၉နာရီမှ ညနေ၄နာရီအထိ သင်ကြားရမည်ဖြစ်ကြောင်းနှင့်သင်တန်းကြေး Semester တစ်ခုလျှင် (၂)သိန်းကျပ်ဖြင့်စုစုပေါင်း(၄)သိန်းကျပ် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Publicshed 7 May 2024
▪️ ယခုဘဏ္ဍာနှစ်စဖြစ်သည့် ၂၀၂၄ -၂၀၂၅ ဧပြီလတစ်လတာအတွင်း ပြည်ပသို့သတ္ထုတွင်းထွက်ပစ္စည်းများ တင်ပို့ရာတွင် ပုဂ္ဂလိကတင်ပို့မှုမှ ကန်ဒေါ်လာကိုးသန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်တင်ပို့မှုမရှိဘဲ ပုဂ္ဂလိကတင်ပို့မှု တစ်ခုတည်းသာရှိကြောင်း ၊ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။
▪️ လက်ရှိတွင်လည်း နေပြည်တော်၌ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ (၃) ရက်မှ (၁၂) ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။
▪️ ယင်း ပြပွဲတွင် ပုလဲအတွဲပေါင်း (၄၀၀)၊ ကျောက်မျက် အတွဲပေါင်း (၁၆၀) နှင့် ကျောက်စိမ်းအတွဲပေါင်း (၄၅၅၀) တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 7 May 2024
▪️ ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA)မှ တစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၇၀ဦးကို မေလ ၇ရက် မနက်ပိုင်းက ထပ်မံစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး၊ (ဆိုးလ်မြို့ )၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ အလုပ်သမား ၁၇၀ ဦးတွင် ကုန်ထုတ်လုပ်သားသစ် ၁၄၆ ဦးနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် ၂၄ ဦး ဖြစ်ပြီး ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) နှင့် ထိုင်းလေကြောင်းလိုင်း TG 656 ခရီးစဉ်တို့ဖြင့် ရောက်ရှိလာကြောင်း သိရသည်။
▪️ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ဧပြီလကလည်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၄၂၁ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 228 of 1770