ပြောင်းစျေးမြင့်တက်လာချိန်မှာတော ပွဲရုံတွေနဲ့ကုန်သည်တွေလက်ထဲမှာပဲ ပြောင်းအများဆုံးရှိနေပြီး တောင်သူတွေလက်ထဲမှာတော့ အနည်းငယ်သာရှိတော့တယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published_ 21 May 2024
#ပြောင်းစျေးမြင့်ချိန် #ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ
#YMG/LW #Yangon_Times
#Local_News
Published 21 May 2024
▪️ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်သားများနှင့်မိသားစုအများအပါအဝင် ၄၅ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)ထံက သိရသည်။
▪️ မေလ ၂၀ရက်နေ့ ညနေ၃နာရီ အချိန်ခန့်က လပွတ္တာမြို့ရှိ လ/တောင် ကွမ်းခြံကုန်း၊ ချောင်းကလေး ၊အမှတ် ၉ရပ်ကွက်နှင့်၃ရပ်ကွက်တို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အစာအဆိပ်သင့်မှု ဖြစ်ပွားရာတွင် ကလေးငယ်များ ပါ ပါရှိပြီး အော့အန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ "အခုဖြစ်တာက ဆောက်လုပ်ရေးဆိုက်မှာ စလစ်လောင်းတဲ့ အလုပ်သမားတွေ သူတို့ကို အလုပ်က ဘဲဥ ငံပြာရည်ချက် ပေးတာကို သူတို့အိမ်ရောက်မှ မိသားစုတွေနဲ့ စားလိုက်တော့ ကလေးတွေပါ ဖြစ်သွားတာ အခုက အကုန်လုံးနီးပါးကောင်းနေပါပြီ မနေ့ညနေပိုင်းကတော့ အော့အန်ပြီး နေလို့မရတော့ သူတို့အိမ်တွေကို မြို့နယ်က လူမူရေးအသင်းတွေကလူနာတင်ကားတွေနဲ့ ဆေးရုံကို သွားခေါ်ပို့ပေးရတာပေါ့"နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အစာအဆိပ်သင့်သည့်လူနာ ၄၅ဦး မှာ လပွတ္တာမြို့ရှိ ကုတင် ၂၀၀ပြည်သူ့ဆေးရုံကြီး တွင်ကုသမှုခံယူနေပြီး အစာအဆိပ်သင့်သည့်အကြောင်းရာကိုတော့ ဓါတ်ခွဲစစ်ဆေးလျက်ရှိကာမကြာမီတွင် အဖြေသိရှိရမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောသည်။
#YMG/LW #Yangon_Times
#Local_News
Published 21 May 2024
▪️ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ကုသိနာရုံလမ်းတွင် အမျိုးသားတစ်ဦးရေတွင်းထဲသို့ ပြုတ်ကျမှုဖြစ်ပွားကြောင်း ထားဝယ်မြို့နယ်မီးသတ်စခန်းမှ သိရသည်။
▪️ မေလ၂၁ရက် မနက်ဆယ်နာရီအချိန်ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထားဝယ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ရာ ၁၀နာရီ၁၅မိနစ်အချိန်တွင် ရေတွင်းထဲသို့ ပြုတ်ကျသည့်အမျိုးသားအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအမျိုးသားကို ဇမ္ဗူသီရိလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 21 May 2024
▪️ ကဆုန်လပြည့်(ဗုဒ္ဓနေ့)မေလ(၂၂)ရက်တွင်မန္တလေး ၌ သံဃာတော် (၁၀၂၇၂)ပါး ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် မေ ၂၂ ရက် နံနက် ၆ နာရီမှစတင်၍ ကျင်းပမည်ဖြစ်သည်။
▪️ မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်တွင် သံဃာတော် ၁၀၂၇၂ ပါးအား နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၈ ပါးစီဖြင့် ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ကျင်းပမည်ဖြစ်ရာ ထိုသို့ ကျင်းပပုံများကို MRTV - HD Channel ၊ MRTV Parliament Channel ၊ MWD-HD Channel၊ MWD- Variety HD Channel၊ MWD EDUCATION , KNOWLEDGE & SPORTS Channel ၊ Channel LIGHT Channel၊ Sky Net Buddha Channel နှင့် Channel -9 တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published_ 20 May 2024
၁။ ကဆုန်လပြည့်နေ့တွင် ဒံပေါက်စတုဒိသာနှင့် နိဗ္ဗာန်ဈေးလှူမည်
၂။ ပြည်တွင်းဝယ်လိုအားများသည့်အတွက် အုန်းသီးဈေး အမြင့်ဆုံးသို့ရောက်ရှိနေ
၃။ ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မသမာမှုများ ပပျောက်သွားနိုင်သည့် ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဥပဒေရေးဆွဲနေ
၄။ ဂါဇာတွင်စစ်ပွဲဆင်နွှဲနေသည့် အစ္စရေးလ်အား တောင်အာဖရိကတရားစွဲဆိုသော အမှုကိစ္စ နိုင်ငံတကာတရားရုံးတွင် ကြားနာမှုစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 20 May 2024
နေပြည်တော်တွင် ပြေးဆွဲရန် စီစဉ်နေသော လျှပ်စစ်သုံး EV Bus များဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ အလွယ်တကူလာရောက် ဖူးမျှော်နိုင်သည်အထိ လျာထားဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အဆိုပါလျှပ်စစ်သုံး EV Bus လမ်းကြောင်းများကို စီစဉ်ရာတွင်နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ EV ယာဉ်လိုင်းများဖြင့် အလွယ်တကူလာရောက် ဖူးမျှော်နိုင်သည်အထိ လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး စသည့် မြို့နယ်များဘက်သို့ ချိတ်ဆက်ပြေးဆွဲပေးသွားရန် စီစဉ်ထားပြီး အဓိကအားဖြင့် ဘုရားလာဖူးမည့်သူများအတွက် အလွယ်တကူစီးနင်းနိုင်ရန် လျာထားကြခြင်းလည်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြေးဆွဲမည့် လျှပ်စစ်သုံး EV Bus များကို ပြည်ပမှ ဝယ်ယူတင်သွင်း၍ အသုံးပြုသွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်း Public Transportation အတွက် Electric Vehicle များဖြင့် မြို့တွင်းယာဉ်လိုင်းများ ပြေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ပြီးခဲ့သော ရက်ပိုင်းအတွင်းက ပြုလုပ်ကာ ယင်းကဲ့သို့လျာထားကြောင်း အဆိုပါအစည်းအဝေး၌ ဆိုထားကြခြင်းလည်းဖြစ်သည်။
ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်းများနှင့် မှတ်တိုင်များ သတ်မှတ်သွားရန်လည်း စီစဉ်နေပြီး လတ်တလောတွင် လုပ်ငန်းများ လျင်မြန်စေရန် ဦးဆောင်ကော်မတီနှင့် သက်ဆိုင်ရာကော်မတီများ အသီးသီးကို ဖွဲ့စည်းလုပ်ဆောင်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်အဆင့်မြင့်အောင်ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် နိုင်ငံခြားမှဝယ်ယူတင်သွင်းနေရသည့် လောင်စာဆီများ လျော့နည်းသက်သာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ လျှပ်စစ်ကိုအခြေခံသည့် ပို့ဆောင်ရေးစနစ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လျှပ်စစ်ရထားနှင့် လျှပ်စစ် Bus Car များ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 20 May 2024
ပြည့်ဝစွာဓာတ်အားပို့လွှတ်နိုင်မည့် ၅၀၀ကေဗွီကံကောင်းဓာတ်အားခွဲရုံစီမံကိန်း ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လာမည့်ဒီဇင်ဘာလတွင်ရာနှုန်း ပြည့်ပြီးစီးတော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဓာတ်အားခွဲရုံ စီမံကိန်းဖြစ်ပြီး စီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင်တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ဖြင့် ပြည့်ဝစွာဓာတ်အားပို့လွှတ်ပေးနိုင်မည်ဟုဆိုသည်။
လက်ရှိတွင် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ ကြည့်ရူစစ်ဆေးခဲ့ကြသည်။
စက်ရုံမှတာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ မြို့ပြပိုင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ Tracking System အသုံးပြုပြီး Solar Panel များ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ပင်မဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်ခဲ့မှုနှင့် စက်ရုံဝန်းကျင်ရှိ ကျေးရွာများကို လူမှုရေးတာဝန်သိတတ်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System) သို့ ချိတ်ဆက်ပို့လွှတ်ပေးနေမှုနှင့် စက်ရုံဧရိယာအတွင်း Tracking System အသုံးပြုပြီး Solar Panal များ တပ်ဆင်ထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
သပြေဝ-၃နှင့် သာစည်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ သပြေဝ-၃ ဆိုလာစီမံကိန်းတွင် (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင်လည်းကောင်း၊ သာစည်ဆိုလာ စီမံကိန်းမှာ (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်တွင်လည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ပို့လွှတ်ပေးလျက်ရှိကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 204 of 1769