မတ် ၂၉ ၂၀၂၅
မြန်မာငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန်အတွက် အိန္ဒိယအစိုးရက စေလွှတ်လိုက်တဲ့ အဖွဲ့ဝင် ၈၀ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ မတ် ၂၉ ရက် ညတွင် အထူးလေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိခဲ့ပါတယ်။
အဆိုပါအိန္ဒိယလေယာဉ်နှစ်စီးသည် ငလျင်ဘေးဒဏ်ခံရပြီးနောက် နေပြည်တော်လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်တဲ့ ပထမဆုံးသော နိုင်ငံရပ်ခြား ကယ်ဆယ်ရေးလေယာဉ်ဖြစ်ပါတယ်။
လေယာဉ်မှူးများရဲ့ကျွမ်းကျင်မှုကြောင့် နေပြည်တော်လေဆိပ်သို့ အခက်အခဲမရှိ ဆင်းသက်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။
အဆိုပါ ကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့နှင်ကယ်ဆယ်ရေးပစ္စည်းများကို နေပြည်တော်မှ မန္တလေးမြို့သို့ နိုင်ငံတော်မှ ရဟတ်ယာဉ်များနှင့်ကားများ ဖြင့် ညတွင်းချင်းဆက်လက်ပို့ဆောင်ပေးခဲ့ တယ်လို့သိရ ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့များ အိန္ဒိယမှဆက်လက်ရောက်ရှိလာဦးမယ်လို့သိရပါတယ်။
@ymg/knl
#Daily_News
Published 29 March 2025
၁။ ဓာတ်ဆီဈေးပြန်တက်၊ ဒီဇယ်ဈေး ဆက်ကျ
၂။ ငလျင်ကယ်ဆယ်ရေးအတွက် အရေးပေါ်ကွပ်ကဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက်နေ
၃။ ဧပြီလ၌ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဟု မိုးဇလအသိပေး
၄။ တင်သွင်းမော်တော်ယာဉ်များအပေါ် အမေရိကန်အခွန်တိုးမြှင့်စည်းကြပ်လိုက်ခြင်းကို ဥရောပအသိုင်းအဝိုင်းမှသတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 March 2025
▪️ မလေးရှားဒုတိယဝန်ကြီးချုပ် Datuk Seri Dr Ahmad Zahid Hamidi က မြန်မာနိုင်ငံ မြေငလျင် ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခြင်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများနှင့် အဆောက်အဦး အများအပြား ပျက်စီးခြင်းတို့ကြောင့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကို စေလွှတ်ထားကြောင်း ပြောကြားထားသည်။
▪️ “မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အာဆီယံသွေးစည်းညီညွတ်တဲ့မိတ်ဖက်နိုင်ငံအနေနဲ့ မလေးရှားနိုင်ငံက ဒုက္ခရောက်နေတဲ့နိုင်ငံတွေကို အပြည့်အဝကူညီပံ့ပိုးပေးဖို့ ကတိပြုထားပါတယ်။ မလေးရှားအစိုးရက မြန်မာနိုင်ငံကို အထူးမလေးရှားသဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ (Smart) ကို စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်မှာ ရန်ကုန်မြို့ကို ရောက်ရှိနိုင်မည်” ဆိုပြီး သတင်းထုတ်ပြန်ထားသည်။
#Ref; New Straits Times (ဓာတ်ပုံ- Pasukan Mencari Dan Menyelamat Khas Malaysia/Facebook)
#Local_News
Published_29 March 2025
▪️ မန္တလေး Sky Villa ကွန်ဒိုပြိုကျမှု သေဆုံးသူ ကိုးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ၄၃ ဦးကို အသက် ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
▪️ ယင်းမှာ ယနေ့ မတ်လ ၂၉ ရက် နံနက်ထိ စာရင်းအရဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဖြစ်ပွားချိန်မှ ယခုတိုင်ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း သိရသည်။
▪️ Sky Villa ကွန်ဒိုမှာ အောင်မြေသာဇံမြို့နယ် လမ်း ၆၀၊ ၂၂ လမ်းနှင့် ၂၃ လမ်းအကြားတွင် တည်ရှိပြီးအမြင့် ၁၁ ထပ်ရှိကြောင်း၊ ငလျင်ကြောင့် ကွန်ဒိုအခန်းအချို့ မြေကြီးအောက်ကျွံဝင်ခဲ့ကာ ခုနစ်ထပ်သာကျန်ရှိတော့ ကြောင်း သိရသည်။
▪️ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မန္တလေးမြို့ ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြည်ဦးလွင်မြို့နယ်မီး သတ်စ ခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများ က ပူးပေါင်ဆောင်ရွက်ကြကြောင်း သိရသည်။
▪️ Photo-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#Yangon_Times/PP
သွင်းကုန်လိုင်စင်အတွက် မြိတ်၊ ကော့သောင်းနှင့် မန္တလေးမြို့တွေမှာ တင်သွင်း/တင်ပို့ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်တဲ့ အကောက်ခွန်ဆိုင်ရာ ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဥ်တွေကို ဧပြီလ ၁ ရက်ကစပြီး MACCS စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 March 2025
#သွင်းကုန်လိုင်စင် #MACCS
#YMG/SW #Yangon_Times
#Local_News
Published 29 March 2025
▪️ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်း၍ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျ စစ်ဆေးစိစစ်မှုများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ သို့သော် လုပ်ငန်းပမာဏအလွန်ကြီးမားသည့်အတွက် အဆိုပါလုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ရန် လုပ်အားပေးအင်ဂျင်နီယာများ၏ အကူအညီ အထူးလိုအပ်လျက် ရှိနေရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် အခြားမြို့ကြီးများရှိ စိတ်ပါဝင်စားသူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကိုစစ်ဆေးရာတွင် စနစ်တကျနှင့် တပြေးညီ ဖြစ်စေရန် Online မှ သင်တန်းတစ်ခုအား အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်အားပေးလိုသူ အင်ဂျင်နီယာများ အနေဖြင့် ဧပြီလ ၁ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ စိတ်ပါဝင်စားသူ အင်ဂျင်နီယာများ အနေဖြင့် - ကိုဝေရာအောင်၊ နည်းပညာဆိုင်ရာ အင်ဂျင်နီယာ၊ တယ်လီဖုန်း - ၀၉ ၄၅ ၆၆၇ ၂၂၉၃Email
သို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
လာမယ့်ဧပြီလအတွင်းမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်ကတော့ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 29 March 2025
#မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင် #မိုးဇလအသိပေး
#YMG/NN #Yangon_Times
Page 3 of 1925