ပြည်တွင်း၊ ပြည်ပဈေးကွက်တွေကို ကြက်သွန်နီတင်ပို့တဲ့အခါမှာ သယ်ယူပို ဆောင်တဲ့စရိတ်၊ လမ်းခရီးအခက်အခဲနဲ့ အခုနှစ်အတွင်းမှာ ရောဂါပိုးဒဏ်ကြောင့် အရည်အသွေးပိုင်းဆိုင်ရာကျဆင်းတာ တွေ ရှိခဲ့တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာ ကြက်သွန်နီဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြင်းခြံကုန်စည်ဒိုင်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Publicshed 29 May 2024
လှိုင်သာယာအရှေ့ပိုင်းမြို့နယ် မဟာတေဇမုနိစေတီတော်အတွင်း ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းများ ၉၅ရာခိုင်နှုန်းအထိပြီးစီး ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ မဟာတေဇမုနိ စေတီတော်အတွင်း ကမ်းထိန်း လုပ်ငန်း ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဆောင်ရွက် နေခြင်းဖြစ်သည်။
မဟာတေဇမုနိပင်မစေတီတော်အနီး ကမ်းပြိုခြင်းအား ဘိုးပိုင်အခြေ ပြု သံကူကွန်ကရစ် မြေထိန်းနံရံ အလျား ၂၀၀ ပေ တည်ဆောက် ခြင်း၊ ရင်ပြင်တော်အလျား ၁၄၀ ပေ၊ အကျယ် ၂၈ ပေ ချဲ့ခြင်းလုပ်ငန်း ခြင်း ၊ နဂါးရုံဘုရားအနီးတွင် အလျား ၁၅၄ ပေ၊ အနံ ၃၂ ပေ ရှိ ရင်ပြင်တော်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း ၊ အရိပ်ရပင် စိုက်ပျိုးခြင်း၊ အမြင့်ဆုံးဒီရေ တက်လာချိန်တွင်လည်း အပေါ် သို့ ဒီရေမတက်နိုင် စေရန် ဆောင်ရွက်ထား ခြင်းများပြုလုပ်လျှက်ရှိရာလတ်တလောတွင် ယင်း လုပ်ငန်းများအားလုံး ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 29 May 2024
အာဆီယံကော်မတီ(ဆိုးလ်)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၈ ရက်နေ့တွင် ဆိုးလ်မြို့၌ ပြုလုပ်သည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် အာဆီယံ ကော်မတီ(ဆိုးလ်)မှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံဒေသတွင်း လတ်တလော တိုးတက် ဖြစ်ထွန်းမှုများနှင့် အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အကြားတည်ရှိသည့် ဆက်ဆံရေး အခြေအနေများကိုဆွေးနွေးခဲ့ပြီး အာဆီယံသံရုံး အကြီးအကဲများက ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဆီယံဉက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun ၏ အလုပ်သဘော ခရီးစဉ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ (၅) ချက်အား အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်မှုအကြောင်း ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယခုနှစ်အတွင်း အာဆီယံနှင့်ကိုရီးယားနိုင်ငံတို့အကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ တယ်လို့ သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 28 May 2024
၁။ ကျောင်းအပ်ချိန်ဖြစ်၍ စာအုပ်အဖုံးချုပ်သူများလာ၊ ဖလင်နှင့်ကတ်ထူဈေး နှစ်ဆတက်
၂။ ရာသီဥတုအခြေနေကြောင့် မွေးမြူရေး ငါးကန်အချို့ ကန်ဖေါ်ယူမှု ရပ်နားထားရဟုဆို
၃။ တစ်လတာအတွင်း သဘာဝဘေးပေါင်း၁၈၀ကျော်ဖြစ်ပွားခဲ့၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားဟုဆို
၄။ ရှားပါးရောဂါလက္ခဏာများရှာဖွေကုသရာ၌ AI နည်းပညာများဖြင့် အထောက်အကူဖြစ်စေနိုင်ဟု ပညာရှင်များသုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိုးရွာသွန်းမှုများဝာာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မြေသားလမ်းလွှဲဖြတ်သန်းဖို့ ခက်ခဲနေပြီး ကားတွေစောင့်ဆိုင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဇွန်လမှာဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတွေဟာ အနည်းဆုံး(၆)ပေမှ အများဆုံး(၁၃)ပေခွဲအထိ ထပ်မြင့်တက်လာနိုင်ခြေရှိလို့ လှေ၊ စက်လှေ၊ သင်္ဘော၊ ရေယာဉ်တွေနဲ့ သဲသောင်ခုံပေါ်မှာ စိုက်ပျိုးနေထိုင်နေသူတွေ သတိထားဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 28 May 2024
ကမ္ဘာ့အမွေအနှစ် ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူ ကာယကံရှင်များ ငွေကြေးဆိုင်ရာ ဆုံးရှုံးနစ်နာမှားယွင်းမှု မရှိစေရန် ဝယ်ယူမှုမပြုခင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲတွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ သိရသည်။
ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ တည်ရှိရာဒေသ (Property Area) ၁၂၃၄၂ ဒသမ ၂၉ ဧကနှင့် ကြားခံဒေသ (Buffer Area) ၄၄၃၄၆ ဒသမ ၂၉ ဧက စုစုပေါင်း ၅၆၆၈၉ ဒသမ ၂၁ ဧကအတွင်းတွင် ညောင်ဦးမြို့၊ ပုဂံမြို့ စသည့် မြို့နှစ်မြို့နှင့် ကျေးရွာပေါင်း ၄၁ ရွာ ပါဝင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ထုတ်ပြန်ထားသည်။
ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံပေါင်း ၃၅၉၅ ဆူ၊ ကြားခံဒေသအတွင်း ၂၄၂ ဆူ စုစုပေါင်း ၃၈၃၇ ဆူ ပုဂံဌာနခွဲမှ ထိန်းသိမ်းထားကြောင်းသိရသည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များပြားကာ ၎င်းအဆောက်အအုံများနှင့် တွဲလျက်ရှိသော မြေယာရှုခင်းများနှင့် မြေယာထွန်ယက်စိုက်ပျိုးခြင်း ဓလေ့သည်လည်း လှပသော အမွေအနှစ်ပင်ဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လယ်ယာမြေအခြားနည်း သုံးစွဲခွင့်နှင့် ဂရန်ထုတ်ပေးခြင်းများနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်သည့် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGANCOM) ပဉ္စမအကြိမ် အစည်းအဝေးတွင် “ပုဂံ ယဉ်ကျေးမှုဒေသအတွင်း စက်မှုစီးပွားမြေငှားဂရန် ပြောင်းလဲထုတ်ပေးခြင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်နှင့် ထုတ်ပေးခြင်းများ ထိန်းချုပ်ကန့်သတ်ရန်နှင့် ဇုန်ပြင်ပတွင်သာ ခွင့်ပြုရန်” ဟု ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ပါရှိသည်။
ကမ္ဘာ့အမွေအနှစ်ပုဂံဒေသတွင် သတ်မှတ်ထားသော မြို့ပြလူနေထိုင်ရာ ဧရိယာပြင်ပရှိ ယာမြေကွက်၊ မြေလွတ်မြေလပ်ကွက်များသည် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ထုတ်ပေးမရသော နေရာများဖြစ်သဖြင့် မြေကွက်များ၊ ယာမြေကွက်များကို ဝယ်ယူ၍ အခြားနည်းအသုံးပြု လိုသူများ၊ လူနေအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်လိုသူများသည် လုပ်ငန်းဆောင်ရွက် ခွင့်မရနိုင်သောကြောင့် ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူ ကာယကံရှင်များ ငွေကြေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (၅.၂) တွင် “ကမ္ဘာ့အမွေအနှစ်ဇုန်အတွင်းရှိ မြို့ပြဧရိယာများသည် အပြည့်အဝကာကွယ်ရန် လိုအပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့် အသုံးပြုနိုင်ကြောင်း၊ အဆောက်အအုံ မဆောက်ရသေးသည့် နေရာများသည် ယခုအတိုင်းထားရှိပြီး မည်သည့် ဆောက်လုပ်ရေးလုပ်ငန်း ကိုမျှ ဆောက်လုပ်ခွင့်မပြုကြောင်းနှင့် အမွေအနှစ်ဇုန်အတွင်းရှိ မြေယာရှုခင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရပါမည်” ဟု ဖော်ပြပါရှိသည်။
ထို့ကြောင့် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေးအတွက် ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးထားသည်။
Yangon_Times/LW
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 190 of 1769