#LocalNews
Published - 8 March 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ (၁၅,၀၀၀၀,၀၀၀) သန်းကို ဒီကနေ့ မတ်လ ၈ ရက်မှာ ရောင်းချကြောင်းကြေညာခဲ့ပါတယ်။
ဒါဟာ ယခု ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းမှာ ပထမအကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၁၅ သန်းကို ထုတ်ရောင်းလိုက်ခြင်းဖြစ်ပါတယ်။
ယနေ့လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၇၇၈ ကျပ်ဖြစ်တယ်လို့လည်း ဗဟိုဘဏ်၏ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ပြင်ပနိုင်ငံခြား ငွေလဲလှယ်မှုစျေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်စျေး ၁,၇၈၁ ကျပ်နှင့် ရောင်းစျေး ၁,၇၈၆ ကျပ်အထိ ပေါက်စျေးရှိနေတာဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_8 March 2022
အခေါက်ရွှေတစ်ကျပ်သားကို မြန်မာကျပ်ငွေ သိန်း ၂၀ ကျော် ဖြစ်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။
ပြီးခဲ့သည့် လကပင် ရွှေဈေး တရိတ်ရိတ်တက်လာခဲ့ပြီးနောက် ယူကရိန်းနှင့် ရုရှား စစ်မက်အရေးကိစ္စကြောင့် ကမ္ဘာ့ရွှေဈေး တက်လာ၍ ပြည်တွင်းရွှေဈေးလည်း တက်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော်တို့ ရန်ကုန်မှာ ရွှေက အဝယ်မလိုက်ဘူး။ရောင်းတဲ့သူပဲ များနေတာ။ဈေးကွက်မှာ ရွှေပေါတယ်။ဒါပေမယ့် ဈေးကမကျ။မကျတာက ကမ္ဘာ့ဈေးကြောင့်ပါ။ကမ္ဘာ့ဈေးကလည်း ယူကရိန်းနဲ့ ရုရှားကိစ္စပေါ့။သူတို့နှစ်နိုင်ငံ ဆွေးနွေးတာအဆင်ပြေတယ်ဆိုရင် ရွှေဈေးက အပြောင်းအလဲ ရှိတယ်။ မနေ့ကတောင် နည်းနည်းကျတယ်။ဒီနေ့ကတော့ မနေ့ကထက် တက်လာတာကိုတွေ့ရတယ်"ဟု ယင်းကပြောသည်။
ယနေ့ မတ်လ (၈) ရက်ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 2,016,000(သိန်းနှစ်ဆယ်တစ်သောင်းခြောက်ထောင်)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၀၁၈ ဖြစ်သွားခဲ့သည်။
မတ်လ ၇ ရက် ယမန်နေ့ ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 1,990,000(တစ်ဆယ့် ကိုးသိန်း ကိုးသောင်း)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၉၉၅ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ သိရသည်။
ရန်ကုန်ရွှေဈေးကွက်တွင် နေ့စဉ် ပုံမှန်ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်လုပ်နေကြသော်လည်း ယခုရက်ပိုင်းတွင် ပြန်လည်လာရောက်ရောင်းချနေသူများနေကြောင်းလည်း သိရသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published_8 March 2022
မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကျင်စန်းကျော့ဂိတ်က ဖွင့်ခွင့်ပြန်မရသေးတာကြောင့် လက်ရှိ မူဆယ်နယ်စပ်ဂိတ်မှာ ကုန်စိမ်းကားတွေ ရှေ့တိုးမရ ၊ နောက်ဆုတ်ဖို့လည်း ခက်နေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#LocalNews
Published_8 March 2022
မြန်မာ့ရွှေဈေးအတက်အကျကိစ္စနဲ့ပတ်သက်ပြီးတော့ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 8 Mar 2022
၁။ မူဆယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကားများ ရှေ့တိုးမရ ၊ နောက်ဆုတ်ရန်လည်းခက်သည့်အခြေအနေဖြစ်နေ။
၂။ ရွှေဈေးအတက်အကျကိစ္စ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မူတည်နေ ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အဓိကစီးပွားရေးအသက်သွေးကြောဖြစ်လာသည့် တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလုပ်ငန်း.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 March 2022
စက်သုံးဆီစျေးမြင့်မားမှုကြောင့် ကလေး - ရန်ကုန် ခရီးသည်တင်ကားခစျေးနှုန်းဟာ ယနေ့ကာလမှာ ကျပ်တစ်သိန်းနှစ်သောင်းအထိ ပေါက်စျေးရှိ နေတယ်လို့ သိရပါတယ်။
" ပြောရရင် တမူးက နောက်ဆုံးမြို့ဖြစ်တယ်။ ကလေးကိုသွားပြီးမှ ကလေးမြို့ကနေ ကျန်တဲ့ ကိုယ်သွားချင်တဲ့နေရာတွေ မြို့တွေကို သွားရတာပေါ့။ စက်သုံးဆီစျေးမြင့်တော့ ကားတွေလည်း စျေးတိုးတောင်းလာကြတာပေါ့။ ခရီးသည်တွေအနေနဲ့ သွားလာရေးက အဆင်မပြေတော့ဘူး။ ခရီးသည်တွေက သွားလာဖို့အဆင်မပြေသလို ကားသမားတွေလည်း ဆီစျေးနဲ့ကျ မကိုက်ဘူးပေါ့။ အရင်တုန်းက ကလေးကနေရန်ကုန်ကို ၃ သောင်းဆိုရင် အခုက တစ်သိန်းနှစ်သောင်းလောက် ရှိပါတယ်။ ရန်ကုန် - ကလေးကို တစ်သိန်းနှစ် သောင်း ကလေးကနေ မန္တလေးဆိုရင် ရှစ်သောင်းလောက်အထိ စျေးပေါက်နေပါတယ်။"လို့ တမူးဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ယခုလို စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ခရီးသည်တင်ကားတွေရဲ့ စျေးနှုန်းမြင့်တက်လာသလို ကုန်စည်စီးဆင်းမှုအပိုင်းမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေရှိနေတာပါ။
ဒါ့အပြင် အချို့သောကားအုံနာတွေက ဆီစျေးမြင့်တက်မှုကြောင့် အရှုံးပေါ်ကာ ပြေးဆွဲနေသည့်ကားများကို လက်ရှိကာလမှာ ရပ်နားထားရတယ်လို့ဆိုပါတယ်။
"အဲ့လိုတွေပေါ့ အများကြီးကွာသွားတယ်၊ကားသမားကလည်း ဆီစျေးကြောင့်မကိုက်ဘူးလေ။ မဖြစ်မနေ ရုံးကိစ္စအလုပ်ကိစ္စသွားရတဲ့ ခရီးသည်တွေလောက်ပဲ သွားကြတာပေါ့။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#Local_News
Published_ 8 March 2022
ဒီကနေ့ မတ်လ ၈ ရက် ရန်ကုန်စက်သုံးဆီရောင်းစျေးဟာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၁၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၁၉၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂,၃၂၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၃၃၅ ကျပ်အထိ မြင့်တက်လာပါတယ်။
မတ်လ ၇ ရက် မနေ့က အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၉၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁,၉၉၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂,၀၂၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၀၃၅ ကျပ် ရှိခဲ့ပါတယ်။
မနေ့ကနှင့် ဒီကနေ့ နှိုင်းယှဉ်ပါက အောက်တိန်းတစ်လီတာကို ၂၀၀ ကျပ်နှင့် ဒီဇယ်ဆီ တစ်လီတာကို ၃၀၀ ကျပ်စီ အသီးသီးမြင့်တက်လာတာ ဖြစ်ပါတယ်၊အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ပိတ်ဆို့အရေးယူမှုတွေစတင်အပြီးမှာ ကမ္ဘာ့ရေနံစိမ်းက တစ်စည်ပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၃၀ နဲ့အထက်သို့ ရောက်သွားခဲ့ပြီး ဒါဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အမြင့်ဆုံးအဖြစ် စံချိန်တင်မြင့်တက်သွားတာပဲဖြစ်ပါတယ်။
စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့် ကုန်တင်ယာဉ်နှင့် အငှားယာဉ်တချို့လည်း ပြေးဆွဲမှုတွေရပ်နားနေရပါတယ်။
#ymg_mnn
#Yangon_Media_Group
Page 1883 of 1947