#LocalNews
Published -9 Mar 2022
မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ ခွဲအချိန် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့် ၆၂ ကြား၊ ၁၃၄ လမ်းတွင် တင်ဝင်း(၅၅)နှစ် မောင်းနှင် သည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်အား စောင့်ကြည့်နေစဉ် အိုက်စံ(ခ)၀င်းဆိုင်(ခ)အားရှန်(၃၃)နှစ် နှင့် ရော်ကျိန်းရန်(ခ)အားခွိက်(၃၂)နှစ်တို့ မော်တော်ဆိုင်ကယ်ဖြင့် ထပ်မံရောက်ရှိလာသဖြင့် ၎င်းတို့အား ထိန်းသိမ်းပြီး ၁၂ ဘီးမော်တော်ယာဉ်အား ရှာဖွေခဲ့ရာ မော်တော်ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်း၊ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို နှင့် ဘိန်းဆီခဲ ၆၂ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ပြီး အိုက်စံ(ခ)၀င်းဆိုင်(ခ)အားရှန် နှင့် ရော်ကျိန်းရန် (ခ)အားခွိက် တိုသည် မန္တလေးတွင် လက်ခံသူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 8 March 2022
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ စပါးခွံနဲ့ ဖွဲနုတို့ကနေ တန်းဖိုးမြှင့် ထွက်ကုန်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ကာလလတ်၊ နှစ်ရှည်ချေးငွေတွေရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒ့ါအပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ နည်းပညာတိုးတက်ရရှိနိုင်မှုနဲ့ စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုတို့ကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး ချေးငွေရရှိရေးနဲ့ ခေတ်မီနည်းပိုင်းဆိုင်ရာတို့မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ ဖွံ့ဖြိုးရေးမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အသင်းချုပ်က ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
စပါးခွံမှ လျှပ်စစ်ထုတ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ၊ ဖွဲနုမှ ဆီကြမ်းထုတ်လုပ်ရေးစက်ရုံ၊ ဖွဲနုဆီသန့်စင်စက်ရုံတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အသင်းဝင်ကုမ္ပဏီတွေ၊ ဆန်စက်များလုပ်ငန်းရှင်တွေအနေနဲ့ တစ်ဖွဲ့တည်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စပါးခွံနဲ့ ဖွဲနုတို့မှ သုတေသနနှင့် ဖွံဖြိုးရေးကော်မတီကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စပါးခွံမှ လျှပ်စစ်ထုတ်လုပ်တဲ့လုပ်ငန်းကို မြန်မာနိုင်ငံမှာ ရှေးပြေးစီမံကိန်းအဖြစ် ကျိုက်လတ်နဲ့ မြောင်းမြ မြို့နယ်တို့မှာလည်းကောင်း ဖွဲနုဆီ ထုတ်လုပ်နိုင်ရေးအတွက်လည်း အသင်းချုပ်ဦးဆောင် ဖွဲ့စည်းထားတဲ့ အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) အနေနဲ့ ဆောင်ရွက်နေတာရှိတယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 8 March 2022
ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ ပန်းခင်းစီမံချက်အရ မှတ်ပုံတင်လုပ်ရာမှာ တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီးခဲ့တယ်လို့ ဝန်ကြီးဦးခင်ရီက ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်အတွင်း ၆၂,၃၉၁ ဦးကို နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးမှာ လျာထားချက် ရာနှုန်းပြည့်ထက် ကျော်လွန်ပြီးမြောက်အောင်မြင်သွားတယ်လို့ နေပြည်တော်မှာကျင်းပတဲ့ ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲအခမ်းအနားမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို လုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။
ပန်းခင်းစီမံချက်ဟာ ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ရမယ့် စီမံချက်တစ်ခုဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတုန်းက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲပေးခဲ့သူ ၄ ဒဿမ ၆ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
နေပြည်တော်အတွင်း ကျေးရွာပေါင်း ၇၉၆ ရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၂,၃၉၁ ကတ်ထုတ်ပေးဖို့ လျာထားခဲ့ရာ ယခုအခါ ၆၇,၁၆၇ ကတ် ထုတ်ပေးပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၇ ဒဿမ ၆၅ ရာခိုင်နှုန်း ပြီးစီးဖြစ်တဲ့အတွက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် ကျော်လွန်ခဲ့တယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#Local_News
Published_ 8 March 2022
ဒီကနေ့ မတ်လ ၈ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)က (၉၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲ ပေးခဲ့ကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါလေယာဉ်ဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၃) ဦး၊ ကနေဒါမှ (၁) ဦး၊ အမေရိကန်ပြည်ထောင်မှ (၁၂) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာ နိုင်ငံသား (၃၆) ဦး၊ စုစုပေါင်း (၅၂) ဦးတို့ လိုက်ပါသွားကြောင်း သိရပါတယ်။
လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published - 8 March 2022
အိုမီခရွန်ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့မှာ အိုမီခရွန်ရောဂါပိုးရှိသူ ကင်းစင်သွားပြီဖြစ်တဲ့ အတွက် တမူးမြို့ရှိ ကိုဗစ်ကုသရေးစင်တာများကို ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိပါတယ်။
#Yangon_Media_Group
#LocalPolitics
Published - 2 Mar 2022
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့သစ်နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NSPNC တို့ ယခုလ ၆ ရက်နေ့မှာ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published -8Mar 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာကြောင့် YBS ယာဥ်တွေအနေနဲ့ CNG ရရှိရေး အချိန်ကြာမြင့်စွာတန်းစီနေရကာ သဘာဝဓါတ်ငွေ့အလုံအလောက်မရသလို ရန်ကုန်မြို့တွင်းခရီးသွားလာရေးအတွက် ယာဥ်လိုင်းများက ယာဥ်တွေ အင်အားပြည့်ထွက်ခွာနိင်ခြင်းမရှိဘူးလို့ သိရပါတယ်။
YBS ယာဥ်လိုင်းများအနေနဲ့ သဘာဝဓါတ်ငွေ့ရရှိနိုင်မှုအခြေအနေပေါ်မူတည်ကာ ပြေးဆွဲနေရပြီး ခရီးစဥ်အခေါက်ရေပြည့်မီအောင် မပြေးဆွဲနိုင်ဘူးလို့ အမြင့်မြတ်ဆုံးအင်အားယာဥ်လိုင်း၏ ဥက္ကဌဦးမျိုးဝင်းက ပြောပါတယ်။
"မီးကမမှန်တော့ CNG ဆိုင်တွေမှာလည်း ကားတွေတန်းစီနေရတယ် ဒီတော့ ကားတွေကအကုန်မထွက်နိုင်ဘူး။ဒီတော့ခရီးသည်တွေကလည်း ကားစောင့်ရတာကြာပြီ စုပြုံတက်နေကြတယ် ။CNG မရတော့ တစ်ခေါက်ပဲဆွဲနိုင်တဲ့ကားကဆွဲတယ်။တစ်ခြမ်းပဲဆွဲနိုင်တဲ့ကားကဆွဲတယ် ဒီလိုအခြေအနေတွေဖြစ်နေပါတယ်"လို့ ဦးမျိုးဝင်းကပြောပါတယ်။
အဆိုပါ YBS ယာဥ်များ သဘာဝဓါတ်ငွေ့ရရှိမှု အခြေအနေကြောင်းထွက်ခွာယာဥ်တွေနည်းပါးလာကာ ရုံးတက်ရုံးဆင်းချိန်များတွင် ခရီးသွားလာရေးခက်ခဲနေတယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
"ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားတွေပြည့်ကြပ်နေတာပဲ။ကားတစ်စီးနဲ့တစ်စီးက လာဖို့အချိန်အကြာကြီးစောင့်ရတယ် လာရင်အလုအယက်တက်ကြတယ်။တစ်ခါတစ်လေဆိုရင် အောက်ဆိုက်ကားတွေကိုပဲ အားထားသွားလာနေရတော့ အပိုကုန်ကျစရိတ်တွေရှိလာတယ်"လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
ထို့အပြင် သဘာဝဓါတ်ငွေ့သုံး အငှားယာဥ်များအနေနဲ့လည်း သာဘာဝဓါတ်ငွေ့ဖြည့်တင်းရန် အချိန်ကြာမြင့်တာကြောင့်
ဝင်ငွေရှာဖွေချိန်နည်းပါလာတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1882 of 1947