#LocalNews
Published_ 20 March 2022
လျှပ်စစ်မီးတွေပြတ်တောက်ပြီး အလှည့်ကျမီးပေးနေရတဲ့ ယခုအချိန်မှာ လျှပ်စစ်ဓာတ်အားပိုမိုရရှိစေဖို့ အတွက် ရွှေဓာတ်ငွေ့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၅ မဂ္ဂါဝပ်နှင့် ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ ဓာတ်အား ၃၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ ပိုမိုရရှိဖိုဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နစကရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးအောင်သန်းဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌လက်ရှိဓာတ်အားထုတ်လုပ် မောင်းနှင်လျက်ရှိသော ဓာတ်အားပေး စက်ရုံများနှင့် စီမံကိန်းတို့ ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကျောက်ဖြူဒေသမှရရှိသော ရွှေဓာတ်ငွေ့ ခွဲတမ်းကို တစ်ရက်လျှင် ကုဗပေသန်း ၂၀ အသုံးပြု၍ ယခင်က ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင်သုံးဓာတ်အား ပေးစက်ရုံ (၂) ရုံဖြင့် ၉၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ခဲ့သော်လည်း အဆိုပါစက်ရုံများသည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၌ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား ပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ၄၅ မဂ္ဂါဝပ် စက်ရုံ (၁) ရုံကို သက်တမ်းတိုးပြီး ဆက်လက် ဓာတ်အားထုတ်လုပ်မောင်းနှင်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုပြင် ကျောက်ဖြူဒေသ၌ ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံ (၁) ရုံ ကို ဆက်လက်အကောင်ထည် ဖော်ဆောင်ရွက်ခဲ့သော်လည်း LNG ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေသည့်အတွက် ရရှိထားတဲ့ ရွှေဓာတ်ငွေ့ကို တစ်ရက်လျှင် ကုဗပေသန်း ၃၀ ပိုမိုရရှိနိုင်ရေး ညှိနှိင်းဆောင်ရွက်ခဲ့ပြီး ဓာတ်အား ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် (၁၅၀) မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
လက်ရှိ ကျောက်ဖြူဒေသတွင် ဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦများ၏ အနေအထားအရ ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၂၀ သာ ထုတ်ယူ သုံးစွဲနိုင်သောကြောင့် တစ်ရက်လျှင် ရွှေဓာတ်ငွေ့သန်း ၅၀ အထိ တိုးတက်ရယူသုံးစွဲနိုင်ရန် ပိုက်လိုင်း အခြေခံအဆောက်အဦများကို တိုးချဲ့ပြင်ဆင်ခြင်း လုပ်ငန်းများအား ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။
ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင်သုံးဓာတ်အားပေးစက်ရုံမှ အသုံးပြုခဲ့သော ရွှေဓာတ်ငွေ့တစ်ရက် ကုဗပေ ၁၀ သန်း ကို ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်အစား သဘာဝဓာတ်ငွေ့သုံးစက်ရုံသို ပြောင်းလဲထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ၅၀ မဂ္ဂါဝပ်ကို တိုးမြှင့်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာကဝန်ကြီးဌာနက ပြောပါတယ်။
ထိုဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦ တိုးချဲ့ပြင်ဆင် ခြင်း လုပ်ငန်းများသည်လည်း မေလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကာ ဆောင်ရွက်ပြီးစီး ချိန်မှစတင်၍ ၁၅၀ မဂ္ဂါဝပ်အထိ တစ်ရက်လျှင် ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၃၀ ကို အသုံးပြုပြီး ဓာတ်အားတိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။
ထို့ ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီအမီ ရွှေဓာတ်ငွေ့ကို အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အဲဒီအပြင် အမှတ် ၄ ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တိုတွင် နှစ်စဉ်ပုံမှန်ဆောင်ရွက်နေကျ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို ယခင်ကဧပြီလတွင် ပုံမှန်ပြုလုပ်ခဲ့သော်လည်း ယခုသတ်မှတ် ချိန်ထက်စော၍ဆောင်ရွက်စေကာ အဆိုပါစက်ရုံများသို ထောက်ပံ့ပေးထားသော ကုန်းတွင်း သဘာဝဓာတ်ငွေ့ကို ရွာမဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်များသို ပြောင်းလဲထောက်ပံ့ကာ လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ကို ထုတ်လုပ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
#ymg_mnn
Yangon_Media_Group
#LocalNews
Published_ 20 March 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူ တည်ဆောက်ပြီးစီးသည့် ပဲခူးတိုင်းဒေသကြီး၊ ဖြူး - အုတ်ဖြတ် - မုန်းလမ်းပေါ်ရှိ အရှည် ပေ ၆၂၀၊ စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်)ကို ဒီကနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပါတယ်။
စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ပြည်သူ့ဘဏ္ဍာငွေတွေ လေလွင့်မှုမရှိစေရေး၊ ရေရှည် တည်တံ့ခိုင်မြဲဖို အရည်အသွေး ကောင်းမွန်ရေး၊ ဒေသအတွက်အကျိုးဖြစ်ထွန်းမှု ရှိ / မရှိ ထောက်ပြဝေဖန်ပေးနိုင်ဖို့ နှင့် တည့်မတ်ပေးဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နစက အဖွဲ့ဝင် Jeng Phang နော်တောင်က တံတားဖွင့်ပွဲကျင်းပရာမှာ တိုက်တွန်းသွားပါတယ်။
စစ်တောင်းတံတား(အုတ်ဖြတ်)သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ နယ်နှင့် ကျောက်ကြီးမြို့ နယ်ကို ဆက်သွယ်ထားသော ဖြူး-အုတ်ဖြတ်-မုန်း လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ ၆၂၀၊ နှစ်လမ်းမောင်း သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပါတယ်။
တံတားရဲ့ Foundation အပိုင်းကို Bored Pile Foundation ဖြင့် တည်ဆောက် ထားပြီး Super Structure အပိုင်းကို ကြိုတင်အားဖြည့် သံကူကွန်ကရစ်ယက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ ဖြင့် တည်ဆောက်ထားကာ တံတား၏ခံနိုင်ဝန်မှာ တန် (၆၀) ဖြစ်ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group
Published 20 March 2022
လေဖိအားနည်းရပ်ဝန်းကနေ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲလာနိုင်တဲ့ မုန်တိုင်းဟာ လာမယ့် မတ်လ၂၁ရက် တနင်္လာနေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံ ကိုးကိုးကျွန်းအနီးစတင်ရောက်ရှိမယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။ အဲဒီမုန်တိုင်းဟာ အဲဒီ တနင်္လာနေ့ညပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးနှင့် မတ်လ၂၂ရက်၊အင်္ဂါနေ့ မှာ ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဆက်စပ် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက်(၁၂)နာရီအတွင်းကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းအနီးတွင် မုန်တိုင်းငယ်အဖြစ်၊အဲဒီကမှ နောက်(၃၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာမယ်လို့ မိုး/ဇလဦးစီးဌာနက ခန့်မှန်းထားတဲ့အကြောင်း မတ်၂၀ရက် မနက်၇နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မတ်၂၀ရက် ယနေ့မနက်မှ မတ်လ(၂၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရှိရပါတယ်။
အဲဒီအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနှင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ကြဖို့ မိုး/ဇလဌာနက နှိုးဆော်သတိပေးထားပါတယ်။
#LocalNews
Published_19 March 2022
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေနဲ့ ယခုမတ်လအတွင်း အများပြည်သူကို (၄)နာရီပေး(၄)နာရီနားစနစ်နဲ့ လျှပ်စစ်ပေးဝေမယ်လို့ လျှပ်စစ်ဖြန့်ဝေမှုအချိန်ဇယားသတ်မှတ်ပေးခဲ့ပြီး အချိန်ဇယားပါအတိုင်းဖြန့်ဝေပါက စက်ရုံအလုပ်ရုံတွေအနေနဲ့ အဆင်ပြေစွာ လုပ်ငန်းလည်ပတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 19 March 2022
၁။ကိုဗစ်ကပ်ရောဂါကြောင့် အနာဂတ်အတွက် စိုးရိမ်စရာအကောင်းဆုံးက ပညာရေးထိခိုက်မှုလို ဆိုကြတဲ့အပေါ် ??
၂။ စီးပွားရေးတွေ နာလံထူ၊ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးတွေနာလံထူပေမယ့် ပညာရေးနာလံထူဖို့ ဘယ်လောက်အချိန်ယူရမလဲ ??
၃။ ပညာရေးနှင့်ပတ်သက်လို့ ချည်းကပ်မှုနှင့် အမြင်တွေရောပြောင်းသွားနိုင်သလား?? ဆိုတာနဲ့ ပတ်သက်ပြီး ဆရာကြီးဒေါက်တာခင်မောင်လွင်က ယခုလိုဆွေးနွေးပြောဆိုခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 19 March 2022
မြန်မာနိုင်ငံကို အခုရက်ပိုင်းအတွင်း လာမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း( Prak Sokhonn )နဲ့ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတော်တော်များများ တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_19 March 2022
လျှပ်စစ်ပြတ်တောက်တာကြောင့် အအေးခန်းစက်ရုံတွေနဲ့ အထည်ချုပ်လုပ်ငန်းတွေ အခက်အခဲတွေ့နေကြရတယ်လို့ စက်မှုလုပ်ငန်းရှင်တွေက ဆိုပါတယ်။
#Yangon_Media_Group
Page 1861 of 1949