နှစ်နိုင်ငံကုန်ပစ္စည်းချင်းဖလှယ်တဲ့ ဘာတာ စနစ်အရ ပို့ကုန်/သွင်းကုန် ကင်းလွတ်ခွင့်ပုံစံတွေ ပေးပို့ဖို့ ညီနောင်အသင်းတွေဆီကို အသိပေးအကြောင်းကြားထားတယ်လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
မစောတံတားနှင့် ကျုံအိတ်တံတား ယာယီပြုပြင်ထားပြီး ယာဉ်ငယ်တွေကို တံတားပေါ်က၊ ယာဉ်ကြီးတွေကို တံတားအောက်က မြေသားလမ်းကနေပေးဖြတ်တယ်။ ကုန်တင်ကားကြီးတွေက တံတားအောက်ယာယီမြေသား လမ်းက ဖြတ်ရတာမို့ ရုန်းတက်ရလို့ ကြန့်ကြာမှုအနည်းငယ်တော့ရှိတယ်။
Yangon_Times/tthl
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
Published 30 May 2024
မိုးဦးကာလတွင် မြစ်ကြောင်းများအတွင်း သွားလာကြမည့် ရေယာဉ်များ သဘာဝဘေးအန္တရာယ်မှဘေးကင်းအောင် ရေလမ်းသတိပေးချက်ထုတ်ပြန် လိုက်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
မိုးတွင်း၌မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်ပြီး ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတရံပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များဂရုပြုခုတ်မောင်းကြရန် လိုအပ်သည်ဟုဆိုသည်။
ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သော သောင်နှင့်ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက်ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊
ရေအနက်မလုံလောက်သော ရေမြွှာပေါက်ဖြတ် လမ်းများကို ဖြတ်သန်းခုတ်မောင်းခြင်းမပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကိုချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီး ညအခါ မီးစိမ်းထွန်း ပြသထားကြောင်း၊ မဝင်ရမည့် ရေလမ်းတွင် နေ့အခါအနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားကြောင်း နှင့်
ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင် အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် နှစ်တိုင်အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတား ရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့်တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုကြရန် လိုအပ်သည်ဟုဆိုသည်။
အထူးသဖြင့် သယ်ဆောင်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည်ဖြစ် ကြောင်း၊ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ် ကြောင်း၊
ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထား ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
အကောင့်(Fake Account)တွေ သုံးပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေတာကို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိတယ်။
AD လိုင်စင်ရဘဏ်တွေအနေနဲ့ ဘဏ်ရဲ့ တရားဝင် Website တွေမှာ Exchange Counter ရဲ့အရောင်း အဝယ်ငွေလဲလှယ်နှုန်းတွေကို ကြေညာပေးလျက်ရှိတယ်။လတ်တလောမှာ အဲဒီ့လိုင်စင်ရ ဘဏ်(၉)ခုမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃၃၀၀ကျော်ဖြင့် လဲလှယ်နိုင်တယ်လို့ ဖော်ပြထားတယ်။
Yangon_Times/tthl
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား (၅၈) သိန်းနီးပါးအထိ စံချိန်သစ်ထပ်မံ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
ယခင်တပတ်က ဈေးမြင့်တတ်ခဲ့တဲ့ ခရမ်းချဉ်သီး ဈေးကွက်ဟာ ယခုရက်ပိုင်းမှာတော့ တစ်ပိသာ ကျပ်၅၀၀ခန့် ဈေးပြန်ကျလာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။ ဈေးမြင့်ရတဲ့အတွက် စိုက်ပျိုးသူ တောင်သူတွေ ရောင်းချမှု များလာတာကြောင့် ဈေးကွက်အတွင်း ကုန်အဝင်များလာကာ အခုလို ဈေးပြန်ကျလာတယ်လို့ ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
Published 30 May 2024
လာမည့်ဇွန်လတွင် ပြည်တွင်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် အစင်း (၅၀) ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ရာယနှစ်ဝက်အတွင်း သင်္ဘောအစင်း၃၀၀ကျော်အထိ ဆိုက်ကပ်မည်ဖြစ်ကြောင်း
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။၂၀၂၄ခုနှစအတွင်း လအလိုက် ကုန်သေတ္တာတင်ယာဉ်များ ဝင်ရောက်ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း ၊ မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင်လည်း (၅၀) စင်း၊ မေလတွင် (၅၂) စင်းဝင်ရောက် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှမေလအထိ ငါးလတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၂၅၉) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ရာ ဇွန်လတွင်းအစင်းရေ၅၀ဆိုက်ကပ်ပါက ခြောက်လတာအတွင်း
အစင်းရေ ၃၀၉စင်းအထိဆိုက်ကပ်သွားမည်ဖြစ်သည်။
ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော (၆၄၇) စင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း ၊ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
Page 187 of 1769