#LocalNews
Published -20 Mar 2022
မတ်လ ၂၀ရက်နေ့ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာတွင် ရာအိမ်မှူးဟောင်းတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက်၁၁နာရီအချိန်ခန့်က သန်လျင်မြို့.နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ ပါရမီလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့ က သွားရောက်စစ်ဆေးခဲ့ရာပစ်ခတ်ခံရသူမှာ ဗိုလ်ချုပ်ကျေးရွာနေသူ ရပ်ကွက်ရာအိမ်မှူးဟောင်းဦးထွေးသိန်းဆိုသူဖြစ်ကာစက်ဘီးစီးလာစဥ် အမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
'စစ်ဆေးချက်အရ ရာအိမ်မှူးဟောင်းတစ်ဦးဖြစ်ပါတယ်။ သေနတ်ဒဏ်ရာသုံးချက်ရရှိပြီးသေဆုံးသွားပါတယ် ပိတ်ဆို့ စစ်ဆေးတာတွေလုပ်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးထွေးသိန်း တွင် ယာတင်ပါး ဖောက်ထွင်းဒဏ်ရာ နှစ်ချက်နဲ့ခါးဖောက်ထွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့တာဖြစ်ပြီးပစ်ခတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 20 Mar 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့ နယ်၊ ရွှေပြည်သာမြို့နယ်တို့ တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိခဲ့ တယ်လို့ မူးယစ်ဆေးဝါးနဲ့တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
မတ်လ ၁၉ ရက်နေ့ နံနက်၁၁နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ ၀င်များပါ၀င်သော ပူးပေါင်း အဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့ နယ်၊ (၂)ရပ်ကွက်၊ ဆရာစံလမ်းတွင် လမ်းလျှောက်လာသူ အောင်နိုင်သူ အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပေါ်ပေါက်ချက်အရ မွန်းတည့်၁၂နာရီ၃၀မိနစ်အချိန် ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက္ကံမြို့ သစ်၊ (၁၄) ရပ်ကွက်ခွဲ၊ တကောင်း(၁)လမ်းရှိနေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၂၅ သိန်း) တို့ အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီးအဆိုပါနေ့ ၁နာရီ မိနစ်၄၀အချိန် ရွှေပြည်သာမြို့ နယ်၊ (၂၀)ရပ်ကွက်(သံဒင်း)၊ ပေါ်တော်မူလမ်းနေ တင်ကိုကျော် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဒေါ်ဝေဝေထွန်း အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၇၇၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၇.၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ၃နာရီအချိန် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ကျော်မြင့် အားရွှေပြည်သာမြိုနယ်၊ (၁၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် TOYOTA BELTA အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ အား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ အောင်နိုင်သူ(၃၈)နှစ်၊ တင်ကိုကျော် (၃၃) နှစ်၊ ဒေါ်ဝေဝေထွန်း(၆၀)နှစ်နှင့် ကျော်မြင့် (၃၇)နှစ်တို့ အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်များရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#LocalNews
Published_ 20 March 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တာဝန်ယူတည်ဆောက် နေသော အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ JICA ODA ချေးငွေ ဖြင့် အတ္ထရံတံတား အသစ်တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အတ္ထရံတံတားအသစ်တည်ဆောက်ရေး စီမံကိန်းသည် ပင်မတံတားအရှည် (၃၂၆) မီတာ၊ ချဉ်းကပ်တံတား (၁၅၄) မီတာ၊ တံတားအပေါ်ထည် ပင်မတံတား ၃ ခန်းတွဲ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပါတယ်။
ချဥ်းကပ်တံတား T ပုံသဏ္ဌာန် ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မဖြင့်တည် ဆောက်ထားသော နှစ်ခန်းဆက်ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား ဖြစ်ပါတယ်။
တံတား အကျယ် ၂၀ ဒသမ ၇ မီတာ လေးလမ်းသွား ၊ တံတားခွင့်ပြုတန်ချိန် HL -93 Loading (AASHTO)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀) ဖြစ်ကြောင်း၊ စီမံကိန်း ကာလ ၃၉ လ သတ်မှတ်ထားရာ ယခုအခါ (၁ ဒသမ ၆၃) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။
နစကကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် အဆိုပါတံတားသစ် တည်ဆောက်ရေး စီမံကိန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးကြပြီး သိရှိလိုသည့် အချက်များကို မေးမြန်း ဆွေးနွေးကြရာ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ ပြ) ဦးကျော်စွာထွန်းက စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group
#LocalNews
Published_ 20 March 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တာဝန်ယူတည်ဆောက် နေသော အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ JICA ODA ချေးငွေ ဖြင့် အတ္ထရံတံတား အသစ်တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အတ္ထရံတံတားအသစ်တည်ဆောက်ရေး စီမံကိန်းသည် ပင်မတံတားအရှည် (၃၂၆) မီတာ၊ ချဉ်းကပ်တံတား (၁၅၄) မီတာ၊ တံတားအပေါ်ထည် ပင်မတံတား ၃ ခန်းတွဲ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပါတယ်။
ချဥ်းကပ်တံတား T ပုံသဏ္ဌာန် ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မဖြင့်တည် ဆောက်ထားသော နှစ်ခန်းဆက်ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား ဖြစ်ပါတယ်။
တံတား အကျယ် ၂၀ ဒသမ ၇ မီတာ လေးလမ်းသွား ၊ တံတားခွင့်ပြုတန်ချိန် HL -93 Loading (AASHTO)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀) ဖြစ်ကြောင်း၊ စီမံကိန်း ကာလ ၃၉ လ သတ်မှတ်ထားရာ ယခုအခါ (၁ ဒသမ ၆၃) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။
နစကကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် အဆိုပါတံတားသစ် တည်ဆောက်ရေး စီမံကိန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးကြပြီး သိရှိလိုသည့် အချက်များကို မေးမြန်း ဆွေးနွေးကြရာ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ ပြ) ဦးကျော်စွာထွန်းက စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group
#LocalNews
Published - 20 Mar 2022
၂၀၂၂-ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပမယ့်တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား/ ကျောင်းသူများအနေနဲ့ ဖြေဆိုခွင့်ကတ်ပြားတွေကို မတ်လ ၂၄ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမယ့် ကျောင်းသား/ ကျောင်းသူများသည် မိမိတို့ ၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၂၀၂၂-ခုနှစ်၊ မတ်လ ( ၂၄ )ရက် ကြာသပတေး နေ့မှစတင်ထုတ်ယူနိုင်ပြီးအခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့ ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမယ်လို့ သိရပါတယ်။
ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမှာဖြစ်သလိုကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 20 Mar 2022
ရွှေကျင်နိကာယ ဥက္ကဋ္ဌ၊ မဟာနာယက ဓမ္မသေနာပတိ၊ ပန္နရသမ ရွှေကျင်သာသနာပိုင်၊ မရမ်းကုန်းမြိုနယ်၊ ဝိဇ္ဇောတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ အာရာမိဿ မူလအာဒိကမ္မိက ကျောင်းတိုက်တည်ဆရာတော်ကြီး၊အဘိဓဇမဟာရဋ္ဌဂုရု၊နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးသက်တော် {၉၃} နှစ်၊သိက္ခာဝါတော်{၇၃}ဝါ သည် ယနေ့ ၁၃၈၃ - ခုနှစ်တပေါင်းလပြည့်ကျော် ၄ရက်၊ ၂၀၂၂ခုနှစ် မတ်လ ၂၀ရက်တနင်္ဂနွေနေ့၊ နံနက် ၂နာရီ ၁၂မိနစ်အချိန်တွင် တစ်ဘဝခန္ဓာ ချုပ်ငြိမ်းကာပျံ လွန်တော်မူသွားပြီဖြစ်ကြောင်းတပည့် သံဃာတော်တွေဆီကနေသိရပါတယ်။
ပန္နရသမ( ၁၅ )ပါးမြောက်၊ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနိုင်ငံတော်သြဝါဒါစရိယဘဒ္ဒန္တ ဝိဇ္ဇောတမဟာထေရ်သည် မွန်ပြည်နယ်၊ မုဒုံမြို့ ၊ စာစင်ရပ်၊ ခမည်းတော် ဦးနု၊ မယ်တော် ဒေါ်ထား တို့ မှ ၁၂၉၁ ခုနှစ်၊ တပေါင်းလဆန်း ( ၇ ) ရက် ဗုဒ္ဓဟူးနေ့ တွင် ဖွားမြင်တော်မူကာ၁၃၁၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ တွင် မုဒုံမြို၊ စာစင်ရပ်၊ ကျောင်းဝိုင်းကျောင်းတိုက်၊ ဆရာတော် ဥုးဇဝန ကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟ ဖြင့် ရှင်သာမဏေအဖြစ်သိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
၁၃၁၁ ခုနှစ် နယုန်လဆန်း ( ၈ ) ရက်နေ့တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့ နယ် ကံသာကျောင်းသစ်ကျောင်း သီလဝိသောဓနီ သိမ်တော်၌ ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော် ဥူးဇဝန ကိုပင် ဥပဇ္ဈာယ် ပြု၍ ရန်ကုန်မြို့ ၊ မောင်ခိုင်လမ်း၊ ဘုံဘေဘားမား ပရိဘောဂတိုက် ပိုင်ရှင် ဦးဖေသိန်း+ဒေါ်ကြင်ရန် တို့ ၏ ပစ္စယာနုဂ္ဂဖြင့် မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်ခဲ့ကာမုဒုံမြို့ ၊ ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော် ဥူးဇဝန၊ မော်လမြိုင်မြို့ ၊ မဟာမြိုင်ရွှေကျင်ကျောင်းတိုက် ဆရာတော် ဥူးရေဝတ၊ မြောင်းမြမြို့ ၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဒသမရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်၊ တိုက်အုပ်ဆရာတော် ဥူးဉာနိက စသော ဆရာတော်တို့ ထံ၌ ပညာသင်ကြားခဲ့ပါတယ်။
၁၃၁၈ ခုနှစ်တွင် သာသနာ့ဓဇသိရီပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့ ၊ ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်မှ Dip.BD ဘွဲ့ ၊ ၁၃၅၃ ခုနှစ်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့ ၁၃၅၄ ခုနှစ် တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ ၊ ၁၃၆၀ ခုနှစ်တွင် ပရိယတ္တိသာသနာဟိတဓရ ဘွဲ့ တို့ ရရှိခဲ့ပါသည်။ မြောင်းမြမြို့ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ပါဠိတက္ကသိုလ်ကထိက၊ ရန်ကုန်မြို့ ၊ ဝိဇ္ဇောတာရုံ စာသင်တိုက် ကိုတည်ထောင်၍ ပဓာနနာယကဆရာတော်အဖြစ် သက်တော် ( ၈၇ ) အထိ စာပေကျမ်းဂန်များကို ပို့ ချခဲ့ပါတယ်။
ဆရာတော်သည် ပါဠိတက္ကသိုလ်ကထိက၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေး ပထမအကြိမ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့ ဝိနည်းဓိုရ် ( ရွှေကျင်)၊ ဒုတိယအကြိမ်၊ တတိယအကြိမ် မရမ်းကုန်းမြို့ နယ် သံယနာယကအဖွဲ့ ( ရွှေကျင်) ဥက္ကဋ္ဌ၊ ကမ္ဘာအေးစေတီတော် သြဝါဒစရိယ၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်၊ ရန်ကုန်တိုင်း ဝိနည်းပြန်ဌာန ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့သလိုဧကူနဝီသတိမ( ၁၉ - ကြိမ်မြောက်) ရွှေကျင်နိကာယသံယာ့ အစည်းအဝေးကြီး၌မူ " ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ” ဟူသော ဘွဲအမည်ဖြင့် ရွှေကျင်ဂိုဏ်းကြီး၏ အဆင့်အမြင့် ဆုံး အာဏာပိုင်အဖွဲ့ တွင် ပါဝင်ခွင့် ရခဲ့ပြန်ပါတယ်။
၁၃၇၈ ခုနှစ် တပို့ တွဲလဆုတ် ( ၇ ) ရက်နေ့တွင် ရွှေကျင်ဂိုဏ်းကြီး၏ အကြီးအကဲ " ရွှေကျင်နိကာယ ဓိပတိဥက္ကဋ္ဌ မဟာနာယက ” ပန္နရသမ ( ၁၅ ) ပါး မြောက် ရွှေကျင်သာသနာပိုင် အဖြစ်တင်မြှောက်ခြင်းခံရကာသာသနာ့အကျိုး သည်ပိုးဆောင်ရွက်တော်မူသဖြင့် နိုင်ငံတော်အစိုးရက ၂၀၁၈ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published -20 Mar 2022
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံမြို့နယ်အမှတ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုယနေ့ နံနက်အစောပိုင်းကအမည်မသိသေနတ်သမားများက လာရောက်ပစ်ခတ် ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲ့သတင်းတွေအရသိရပါတယ်။
ဖြစ်စဥ်မှာမတ်လ ၂၀ရက် နံနက် ၄နာရီကျော်ခန့် အချိန်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၃၂)ရပ်ကွက်၊ ဘုရင့်နောင် လမ်းနှင့် ရွှေပြည်သာ(၂) လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေကသွားရောက်စိစစ်ရာ ဘုရင့်နောင်လမ်းပေါ်မှ နေ၍ Hijet ယာဉ်(စိစစ်ဆဲ)က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကိုရပ်ကွက်ရုံးအတွင်း လုံခြုံရေးဆောင်ရွက်နေ လူ (၁၀)ဦးခန့် ရှိသော်လည်း ပစ်ခတ်မှုကြောင့် လူ ထိခိုက်မှု မရှိဘဲ ရပ်ကွက်ရုံးရှိ သွပ်ပြား နှင့် ရေသွယ်တန်းထားသည့် PVC ပိုက် တို့ အား ထိမှန်ခဲ့ကြောင်း၊ ရပ်ကွက်ရုံးရှိ လုံခြုံရေးအဖွဲ့ များမှ လိုက်လံ အော်ဟစ်ခဲ့သဖြင့် ၎င်း Hijet ယာဉ်မှာ ဘုရင့်နောင်လမ်းအတိုင်း မောင်းနှင်ပြီး ဗိုလ်ကြာညွန့်လမ်းသွယ်အတွင်းသို့ ချိုးကွေ့စဉ် 40 MM ဟု ယူဆရသော အရာဖြင့် ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
"လာပစ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လုံခြုံရေးအဖွဲ့တွေက နောက်ကလိုက်တော့ ၄၀ မမ ဗုံးသီးနဲ့ ပစ်ပြီးထွက်ပြေးသွားပါတယ် ။ပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးထိခိုက်သွားပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါ 40 MMဖြင့်ပစ်ခတ်ခဲ့မှုကြောင့်ဗိုလ်ကြာညွန့်လမ်းသွယ်၊ အမှတ်(၁၃၃/အေ) (၃)ထပ်နေအိမ် အပေါ်ဆုံးထပ် ခေါင်းရင်းဘက် အုတ်နံရံအား ထိမှန်ခဲ့ ကာထိမှန်မှုကြောင့် အုတ်နံရံ အနည်းငယ် ပျက်ဆီး၊ ပြတင်းပေါက်မှန်(၁)ချပ်နဲ့ လေကာမှန်တို့ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှ 9 MM THAI ARMS ကျည်ခွံ (၁၂)ခုနဲ့ ကျည်ထိပ်ဖူး (၂)ခု၊ 40MM ထိမှန်ခဲ့သည့်နေအိမ် အနီးမှ သတ္တူ အပိုင်းအစ (၁)ခု တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1860 of 1949