#LocalNews
Published - 25 March 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ နေ့စဉ်နဲ့အမျှလုယက်မှုဖြစ်စဉ်တွေ များပြားလာသည့် အတွက် မြို့နေဒေသခံများအနေနဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_25 March 2022
ရွှေတိဂုံစေတီတော်ကြီးအားဖူးမျှော်ချိန်ကို မနက်ဖြန် မတ်လ ၂၆ ရက်မှစ၍ နံနက် ၅ နာရီ မှ ည ၇ နာရီထိ တိုးမြှင့်လိုက်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရသည်။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ရွှေတိဂုံစေတီတော်ကြီးအား အများပြည်သူ ဖူးမျှော်နိုင်ရန် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားကာ စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက် ရက်များတွင်ည(၇)နာရီအချိန်ထိ ကိုဗစ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published 25 Mar 2022
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ်( ၁၈ )ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက် သုခရတနာလမ်း အိမ်အမှတ် ၁၀၃၁(က) နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေရာ အမျိုးသား(၁)ဦးအားလက်နက်များ၊ ကျည်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံး၊ လျှစနက်တံများ၊ ပြောက်ကျားအင်္ကျီများ၊ ယမ်းများနဲ့အတူ နေအိမ်အတွင်းမှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။
"လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့သတင်းက သတင်းမှန်ပါတယ်။ဥပဒေအရအရေးယူဖို့ဆောင်ရွက်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါနေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချိတ်ပိတ်သိမ်းဆည်းသွားတယ်လို့ အဆိုပါရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 25 March 2022
သင့်တော်တဲ့ ငွေကြေးပမာဏနဲ့ လိုအပ်သူများကို အာဟာရဒါနပြုချင်သူများအတွက် “လှူရအောင်” အစီအစဉ်က ဝန်ဆောင်မှုတွေပေးနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 Mar 2022
၁။ မြစ်ကြီးနားမြို့ပေါ်တွင် လုယက်မှုဖြစ်စဥ်တွေများပြားလာပြီး ဒေသခံများ စိုးရိမ်ထိတ်လန့် နေရ။
၂။ ကားမှတ်တိုင်များတွင် ရပ်သည့် Taxi နှင့် Light truck များကို အရေးယူရန်စီစဉ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အစ်မဖြစ်သူ၏ စံချိန်ကိုချိုးဖျက်ပြီး အသက်အငယ်ဆုံး တစ်ကိုယ်တော်ကမ္ဘာပတ်ပျံသန်းသူဖြစ်လာရန် ရည်ရွယ်ထားသည့်ဆယ်ကျော်သက်လေယာဉ်မှူး......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 25 March 2022
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲသွားဖို့စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကြေညာထားပါတယ်။
YBS ယာဉ်လိုင်းများအား သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ထွက်ရှိတဲ့ယာဉ်လိုင်းနဲ့ ယာဉ်စီးရေအတိုင်းပြေးဆွဲဖို့နဲ့ အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အားရဲ့ (၃) ပုံ (၁) ပုံထက်လျော့နည်းမှုမရှိစေဘဲ ပြေးဆွဲသွားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယာဉ်စီးခကို သတ်မှတ်ယာဉ်စီးခထက် ပိုမကောက်ခံဖို့ကိုလည်း ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။
အခုလက်ရှိ ရန်ကုန်တိုင်းတွင် ယခင်က ည ၈ နာရီအထိသာ ပြေးဆွဲခဲ့တဲ့ YBS ယာဉ်လိုင်းများကို ည (၁၀) နာရီအထိ တိုးချဲ့ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။
ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ယခင် ၁၀ နာရီကနေ အခု ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် YBS ယာဉ်လိုင်းများ ညအချိန်ပြေးဆွဲချိန် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 25 March 2022
ဒီကနေ့ မတ်လ ၂၅ ရက်၊ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊
အုတ်ပုံဆိပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"ယာဥ်မောင်းက ခါးပတ်ပတ်ထားပါတယ်။ ဒါပေမယ့် သူ့ခါးပတ်ကြိုးက လျော့လွန်းနေတော့ ခေါင်းထိသွားတာပေါ့။ ဒဏ်ရာက မစိုးရိမ်ရပါဘူး။"လို့ နယ်မြေခံလူမှုကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် EMS တပ်ဖွဲ့ဝင်များမှ သူနာတင်ယာဉ်(၁)စီးဖြင့် ထွက်ခွာ၍ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသူ ယာဉ်မောင်းအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသပေးခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
Page 1851 of 1949