#LocalNews
Published_ 29 March 2022
ယနေ့ မတ် ၂၉ ရက် မနက် (၉) နာရီတွင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr.CHEN Hai က ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် လက်ခံ တွေ့ဆုံခဲ့ပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်ဖြစ်ပေါ် လာနိုင်မည့် အနာဂတ်နိုင်ငံရေး အလားအလာ အခြေအနေများအပေါ် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ပါတီဗဟိုအလုပ် အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များဟာ မတ် ၂၂ ရက်ကလည်း အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. PRAK Sokhoon နှင့်အဖွဲ့ ကိုလည်း တွေ့ဆုံခဲ့ပါသေးတယ်။
ပြည်သူ့ပါတီအနေဖြင့် ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို မတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ကျင်းပခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_29 March 2022
ကလေးမြို့ မှစာမေးပွဲမေးခွန်းများ သယ်လာသောတပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးလေယာဉ်ကွင်းသို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီ ကျော်အချိန်က ဖြစ်ပွားခဲ့သော အဆိုပါ မတော်တဆမှုတွင် သေဆုံးသူမရှိခဲ့သော်လည်း တပ်မတော်မှ နှစ်ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။
"လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဆိုတော့ စာမေးပွဲမေးခွန်းတွေကို တပ်မတော်ရဟတ်ယာဉ်သုံးပြီးပိုရတာရှိတယ်။ ဒီနေ့မနက် ၈ နာရီ မိနစ် ၅ဝ လောက်တုန်းက ဒီရဟတ်ယာဉ်က စာမေးပွဲ မေးခွန်းတွေထုတ်တော့ ကလေးကနေဟားခါးမှာရှိတဲ့ ရဟတ်ယာဉ်ကွင်းကိုသွားတယ်။ ၉ နာရီ ၂ဝ မိနစ်လောက်မှာ ဟားခါးကိုရောက်တယ်။ တောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့် အောက်က လေပင့်အားနဲ့ မိသွားတဲ့အတွက် ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁ဝဝ လောက်ကွာတဲ့ တောင်စောင်းပေါ်မှာပြုတ်ကျတယ်။ ရဟတ်ယာဉ်အမြီးကျိုးသွားတယ်။နည်းနည်းတော့လန်သွားခဲ့တယ်" ဟုယင်းကပြောသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published - 29 March 2022
အိန္ဒိယ - မြန်မာနယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့ တမူးမြို့တွင် ရာအိမ်မှူးတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ခု၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ မတ်လ ၂၈ ရက်၊ နံနက် ၃ နာရီ အချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ က အင်အားအများအပြားနဲ့ ရာအိမ်မှူး နေထိုင်ရာ နေအိမ်သို့ လာ ရောက်ဝိုင်းခဲ့ပြီး နောက် သေနတ်နဲ့ပစ်ခတ်ကာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
"ပြောရမယ်ဆိုရင် မြို့ရှောင်လမ်း ဟိုဘက်နဲ့ ဒီဘက်ပေါ့၊ရာအိမ်မှူးနေတဲ့ အိမ်နဲ့ အိန္ဒိယနယ်စပ်နဲ့က ကပ်နေတာပေါ့။ ဘာလုံခြုံရေးမရှိဘူး၊ ဖြစ်တာက နံနက် ၃ နာရီ လောက်မှာဖြစ်တယ်လို့ သိရတယ်။ သူတို့က အိမ်ကိုဝိုင်းပြီးလုပ်သွားတာပေါ့၊ သတ်ပြီးတော့မှ အ လောင်းကို ပြန်လာထားတယ်။ အရင်တုန်းကလည်း သူ့အိမ်ကို မီးလာရှို့ဖူးတယ်။ အိမ်လည်း နှစ်ခါအဝိုင်းခံရဘူးတယ်။ ပထမတစ်ခါက သူကရှောင်နေတယ်၊ ဒီတစ်ခေါက်ကျ သူ့အိမ်မှာ အိပ်နေတဲ့အချိန် မနက် ၃ နာရီ လောက်ကြီး ဖြစ်သွားတာပါ။"လို့ တမူးမြို့ ဒေသခံ
တစ်ဦးကပြောပြခဲ့ပါတယ်။
အဆိုပါ တမူးမြို့ တွင် ရပ်/ ကျေးအဆင့် ရာအိမ်မှူး တွေ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်မှာ ယခုအကြိမ်နဲ့ဆိုပါက လူဦး ရေအားဖြင့် (၂၀)ခန့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
"အခုဆိုကျနော်သိရသလောက်ဆို ၂၀ လောက်ရှိနေပြီ၊အသတ်ခံရတာပြောရရင် ဘုရားစာရွတ်ပြီး နေနေရတာ ပေါ့။ အကုန်လုံးကလည်း ကြောက်နေကြပြီ၊ လုံခြုံ ရေးအရ အကာအကွယ်လည်းမပေးနိုင်ဘူး လေ၊ တစ်ဖက်အဖွဲ့ တွေက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီးတော့လုပ်နေကြတာ ပေါ့။ ပြောရရင် အကုန်ကြောက်ကုန်ပြီ လေ။"လို့ ၎င်းက ဆက်လက် ပြောပြခဲ့ပါတယ်။
အဆိုပါ လက်နက်ကိုင်အဖွဲ့ဟာ အိန္ဒိယနယ်ကို အခြေပြု၍ လှုပ်ရှား နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။"သူတို့က ဒီဘက်လာတယ်၊လုပ်တယ် ပြီးရင် အိန္ဒိယ
နယ်ထဲဝင် သွားကြတယ်။ ဒီဘက်မှာက အသတ်ခံရပြီဆိုတော့မှ အ လောင်းလိုက် ကောက် အဲ့လိုဖြစ်နေတယ်။ ထိထိရောက်ရောက် လုံခြုံရေးလေး ပေးနိုင်ရင် ကာကွယ်ပေးနိုင်ရင် တော့ ပိုကောင်းတာ ပေါ့။"လို့ တမူး ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 29 March 2022
မြန်မာဘုန်းတော်ကြီး ကျောင်းများသို့ တရုတ်သံရုံးက ကိုဗစ်ရောဂါကာကွယ်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
လတ်တလောတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေနဲ့ မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းမှတစ်ဆင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၃၃)ကျောင်းသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများဖြန့်ဝေလှူဒါန်းခဲ့ပြီး ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဘုန်ကြီးကျောင်း (၁၆)ကျောင်းသို့ လည်း ကပ်ရောဂါကာကွယ်ရေးပစ္စည်းများဖြန့်ဝေလှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာ ကတည်းက တရုတ်-မြန်မာ နှစ်နိုင်ငံသည် အပြန်အလှန်ဖေးမကူညီ၍ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ အားကောင်းပြီး ထိရောက်မှုရှိသည့် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားထားပါတယ်။
ထို့အပြင် တရုတ်နိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းသို့ နောက်ထပ် ယွမ် ၁၀.၅ သန်း တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထောက်ပံ့ပေးဖို့ရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံကို ကာကွယ်ဆေးထိုးအပ် ၃ သန်း အရေးပေါ်လှူဒါန်းရန် ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published 29Mar 2022
ပြည်သူ့ပါတီအနေနဲ့ ယခင်ကတည်းကလည်း သံတမန်ဆက်ဆံရေးရှိပြီး ပြည်ပနိုင်ငံတွေက သံတမန်တွေနဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရခြင်းမှာ သံတမန်ဆက်ဆံရေးလိုအပ်ချက် အပြင် လတ်တလောနိုင်ရေးအကြပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာနေတာဖြစ်တယ်လို့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_28 March 2022
ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ သွားပြီးတော့အလုပ်လုပ်မယ့် မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်နဲ့ စာချုပ်ချုပ်ဆိုနေကြပါပြီ။
#Yangon_Media_Group
#LocalNews
Published - 28 Mar 2022
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင်းနေထိုင်သော ဒေသခံပြည်သူများမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)အပေါ် အထင်လွှဲမှားစေရန်ရည်ရွယ်ချက်ဖြင့် အမည်မသိ၊ အဖွဲ့အစည်းမသိသူမှ RCSS ထုန်ပြန်ချက်အား အတုပြုလုပ်ကာ တပ်သားသစ်များ လိုက်လံစုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းများ စသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း RCSS က ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ရာတွင် ကျောက်မဲမြို့နယ်တွင်းဖြစ်ပွားခဲ့ပြီး အမည်မသိ၊ အဖွဲ့အစည်းမသိသူမှ စာအမှတ်စဥ် ၁၃၃/၁၂ တပ်သားသစ် စုဆောင်းရေးရုံးချုပ် နယ်မြေ ၁၀ ဟု RCSS အမည်အား အသုံးပြုပြီး တပ်သားသစ်များ လိုက်လံစုဆောင်းနေခြင်းသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် လုံးဝမသက်ဆိုင်ကြောင်းဖော်ပြထားပါတယ်။
အဆိုပါစာတွင် လူကြီးမင်း၏ဆိုင်သည် ကျောက်မဲမြို့မှ လူသစ်စုဆောင်းရေးစားရင်းတွင် ပါဝင်ကြောင်း၊ လိုက်နာဆောင်ရွက်ပါက အသက်ဘေးဖြစ်စေ ၊ ဖမ်းဆီးခြင်းဖြစ်စေ ကင်းလွှတ်မှာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဖောက်ခွဲခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများပါရှိသည့် RCSS ထုန်ပြန်ချက်အတုပြုလုပ်ကာ ဖြစ်လိုက်လံဖြန့်ဝေနေကြောင်း သိရပါတယ်။
ထို့အပြင် ယနေ့ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ ညသန်းခေါင် ၁၂:၀၀ နာရီတွင် ဆက်သွယ်ဖြေရှင်းရမှာဖြစ်ပြီး မဖြေရှင်းပါက ဆိုင်အား ဖောက်ခွဲခြင်းဖြင့် အရေးယူမည်ဟု ငြိမ်းခြောက်ရေးသားခဲ့ပြီး ဆက်သွယ်ညှိနှိုင်းရန်နှင့် ဖြေရှင်းရန်ဆိုပြီး ဖုန်းနံပါတ် ၀၉၉၈၄၅၆၅၉၃၃ ဗိုလ်ကြီး စိုင်းဘုန်းမောင်ဟု ထုန်ပြန်ချက်တွင်ပါရှိပြီး ယင်းစာမှာ အတုဖြစ်ကြောင်း RCSS က ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ ဒေသခံပြည်သူများမှ RCSS အပေါ် အထင်လွှဲမှားစေရန် ထုတ်ပြန်ချက်တုများ၊ စာရွက်စာတမ်းတုများအား လိုက်လံဖြန့်ဝေခြင်း၊ မဟုတ်မမှန် ကောလဟလ သတင်းများ လိုက်လံဖြန့်ဝေခြင်းများ စသည့် လုပ်ရပ်များအား RCSS အနေဖြင့် အဆိုပါလုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်းရေးသားထားပါတယ်။
ymg/hm
#Yangon_Media_Group
Page 1845 of 1949