#LocalNews
Published_2 April 2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အမျိုးသမီး ၃ ဦးကို မတ်လ ၃၁ ရက်နေ့မှာ အကြမ်းဖက်မှုပုဒ်မနဲ့ ထောင် ၁၀ နှစ်စီ ချလိုက်တာနဲ့ ပတ်သက်ပြီးတော့ အယူခံဝင်မယ် မဝင်ဘူးဆိုတာကို သူတို့ မိသားစုတွေနဲ့ မဆွေးနွေးရသေးဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 2 April 2022
၁။ ကိုဗစ်ကပ်ဘေးနှင့်အတူတွဲပါလာတဲ့ သတင်းအချက်အလက်ကပ်ဘေးအကြောင်း
၂။ သတင်းအချက်အလက် ကပ်ဘေးဟာ ဘယ်လောက်ကြောက်စရာကောင်းသလဲ??
၃။ ကိုဗစ်ကပ်ဘေးအတွက်တော့ ကာကွယ်ဆေးတွေရှိလာပြီ။ သတင်းအချက်အလက်ကပ်ဘေးအတွက်ရော ကာကွယ်ဆေး ဖော်စပ်နိုင်ပြီလား ?? ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက်တာခင်မောင်လွင်က ယခုလို ဆွေးနွေးပြောဆိုခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_2 April 2022
လုံးခင်း၊ဖားကန့်၊မော်လု၊မော်ဟန်၊မိုးညှင်းရတနာနယ်မြေတွေမှာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းကစလို့ မိုးတွင်းမှာအန္တရာယ်မဖြစ်ရအောင်ဆိုပြီးတော့ ယာယီရပ်နားခဲ့တာကနေ အခုဆိုရင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက အမြဲတမ်းသဘောမျိုး ပိတ်သိမ်းလိုက်ပါပြီ။
#Yangon_Media_Group
#LocalNews
Published - 2 April 2022
ရန်ကုန်ကားဝိုင်းစျေးကွက်တွင် ကျပ်သိန်း ၂၀၀ ပတ်လည်ချာကားများ အဝယ်လိုက်နေပြီး ကား စျေးနှုန်းတန်းတွေကလည်း အမြင့်ပိုင်းမှာရှိနေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 April 2022
ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၅ သိန်းနှင့် ဆေးထိုးပြွန် ၅ သိန်းတို့အား ဒုတိယအကြိမ်အဖြစ် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းဆေးပစ္စည်းများဟာ ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တာပါ။
အဲ့ဒီအထဲကမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းအား AstraZeneca ကာကွယ်ဆေးထိုးဆေး ၅ သိန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းထံ လှူဒါန်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံကိုပေးခဲ့တဲ့ ကာကွယ်ဆေးစုစုပေါင်း အကြိမ်ရေ (၁,၀၀၀,၀၀၀)ကို ဒုတိယအကြိမ် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ယနေ့ ရန်ကုန်လေဆိပ်၌ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ AstraZeneca ကာကွယ်ဆေးနှင့် ဆေးထိုးပြွန် ၅ သိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ထိုင်းတော်ဝင်သံရုံးမှ တာဝန်ခံ မစ္စစ်ကန်နိုဝမ်ပင်းဆူဝမ် တက်ရောက်ခဲ့ပြီး မြန်မာဘက်မှ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုးတို့ တက်ရောက်ခဲ့ပါတယ်။
ဤလှူဒါန်းမှုသည် ဒုတိယအသုတ်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးသည့် ကာကွယ်ဆေးစုစုပေါင်းမှာ အကြိမ်ရေ ၁,၀၀၀,၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။
Photo - မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published - 2 April 2022
ပူတာအိုဒေသရှိ ခါကာဘိုရာဇီရေခဲတောင်သွားရာလမ်းရှိ ဟောင်းနွမ်းကြိုးတံတားနှစ်စင်းအား ပြန်လည်ပြုပြင်မှုဟာ မကြာမီရက်ပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကြိုးတံတားနှစ်စင်းအား ပြင်ဆင်မှုပြီးစီးသွားပါက ရေခဲတောင်တက်အားကစားသမားများနှင့် ရေခဲတောင်တက်ဝါသနာရှင်များ ဒေသခံများအတွက် သွားလာဆက်သွယ်ရေးအပိုင်းမှာ ပိုမိုလွယ်ကူအဆင်ပြေစေမှာဖြစ်တယ်လို့လည်း တံတားပြုပြင်ရေးကိုဦးဆောင်သည့် ပူတာအို ဒေသခံ ပရဟိတသမားတစ်ဦးကပြောပါတယ်။
"လက်ရှိ မီးလောင်ထားတဲ့ရွာ ထလာထု၊ အရွမ်ဒမ်းရွာနဲ့ လူသိများတဲ့ ညီအစ်ကို တိဗက်တွေ နေထိုင်တဲ့ မြောက်ဖျားအစွန်းဆုံး တဟွန်ဒမ်းရွာနဲ့ တဆူထုရွာ ကျွန်တော်နေထိုင်တဲ့ဒဇုံဒမ်းရွာ ဆန်ခူးချောင်းဒေသရှိ ထအွန်ဒမ်း ဆန်ဒမ်း မဒိန်ရွာ စတဲ့ ဒေသတစ်လျောက်ရှိ ဒေသခံတွေ အချင်းချင်းဆက်နွယ်အသုံးပြုခဲ့တဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ သူတို့တွေရဲ့အသက်မွေးဝမ်းကျောင်းအတွက် တန်ဖိုးဖြတ်မရတဲ့ ကြားခံတံတားတစ်စင်းဖြစ်ပါတယ်။ နမ်ဆဘွမ် ချောင်းကူးကြိုးတံတားလည်း မကြာမီ ပြီးစီးပါတော့မယ်။ ချောင်း - ၁၊ ချောင်း - ၂
နောက်အပတ်ထဲ ၂ ခုစလုံး ပြီးစီးနိုင်ပါတယ်။"လို့ ၄င်းက ပြောပြခဲ့ပါတယ်။
ခါကာဘိုရာဇီရေခဲတောင်ခြေသွားရာလမ်းမှာရှိတဲ့ ကြိုးတံတားဟာ ဒဇွမ်းဝမ်( ဒဇွမ်ချောင်း)လို့ ခေါ်ပြီး လျှောက်လမ်းပေအရှည် ၁၀၀ ကျော်ရှိတာဖြစ်ပါတယ်။
အဲ့ဒီနေရာကို ပူတာအိုမြို့မှဆိုပါက ၇ ရက်တာသွားရောက်မှ ရောက်ရှိမည့်ခရီးဖြစ်တယ်လို့ သိရပါတယ်။
ပူတာအိုဒေသဟာ ရေခဲတောင်တန်းတွေကြောင့် ထင်ရှားကျော်ကြားတဲ့ ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ရေခဲတောင်တက်ခရီးသွားတွေ အများဆုံးလာရောက်လည်ပတ်ကြတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#DailyNews
Published -2 April 2022
၁။ သိန်း ၂၀၀ ပတ်ချာလည်ကားများ အဝယ်လိုက်နေပြီး ကားဈေးနှုန်းတွေမြင့်တက်နေ
၂။ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခွင့်ကို အမြဲတမ်းသဘောမျိုးပိတ်သိမ်း
၃။ မိုးလေဝသ သတင်း
၄။ ဆေးခြောက်ပြတိုက် ခရိုအေးရှားတွင်ဖွင့်လှစ်ပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1837 of 1949