#LocalNews
Published - 4 April 2022
မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ယွမ်/ ကျပ် တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲခွင့်ကို မြန်မာနိုင်ငံဗဟိုဘဏ်က ဘဏ် လေးဘဏ်ကို ထပ်မံခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ထပ်မံခွင့်ပြုလိုက်တဲ့ ဘဏ် ၄ ဘဏ်မှာ CB Bank PCL၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် တို့မှာ ယွမ်/ ကျပ် တိုက်ရိုက်အသုံးပြုမှုကို ထပ်မံခွင့်ပြုလိုက်တယ်လို့နေပြည်တော်မှာ ကျင်းပတဲ့ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးက သိရပါတယ်။
မြန်မာနိုင်ငံဗဟိုဘဏ်က ယွမ်/ ကျပ် တိုက်ရိုက်အသုံးပြုပြီး ဘဏ်လမ်းကြောင်းအသုံးပြုပေးချေနိုင်ဖို့ Bank of China Hong Kong Limited, Yangon Branch, Industrial and Commercial Bank of China Limited, Yangon Branch ကို အရင်က ခွင့်ပြုခဲ့ပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့တွေမှာ ဘဏ်ခွဲရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိကဘဏ်တွေကို ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 3 April 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က တက္ကသိုလ်သီချင်းတွေနှင့်အတူ ကျော်ကြားခဲ့တဲ့ အဆိုတော် အောင်နိုင်(ခရမ်းပြာ) နဲ့ အတူ "တက္ကသိုလ်သီချင်းများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တက္ကသိုလ် သီချင်းတွေရေးဖွဲသီဆိုခဲ့ကြတဲ့ လွမ်းမောဖွယ်အတိတ်အတွေ့အကြုံတွေကို ပြောဆိုခဲ့ကြတာတွေဖြစ်ပါတယ်
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 3 April 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က တက္ကသိုလ်သီချင်းတွေနှင့်အတူ ကျော်ကြားခဲ့တဲ့ အဆိုတော် အောင်နိုင်(ခရမ်းပြာ) နဲ့ အတူ "တက္ကသိုလ်သီချင်းများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တက္ကသိုလ် သီချင်းတွေရေးဖွဲသီဆိုခဲ့ကြတဲ့ လွမ်းမောဖွယ်အတိတ်အတွေ့အကြုံတွေကို ပြောဆိုခဲ့ကြတာတွေဖြစ်ပါတယ်
#Yangon_Media_Group
#LocalNews
Published - 3 April 2022
ပုဂံ ဒေသသို လာရောက်ကြမည့် ခရီးသွားများ အနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားလက်မှတ်များကို ယူဆောင်လာရမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့်ခရီးသွားများကိုလည်း ပုဂံမြို့ အဝင်ရှိ စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်ကာကွယ် ဆေးများ ထိုးနှံ ပေး နေတယ်လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
"ပုဂံမြို့အဝင်မှာကာကွယ်ဆေး လက်မှတ်ပါမပါစစ်ပါတယ်။ ပါခဲ့ရင်တောင် ၂ ကြိမ်ထိုးပြီး တတိယအကြိမ်ထိုးဖို့ လိုပြီဆိုရင် ထိုးဖို့ပြောပါတယ်။ တစ်ခါတည်း မြို့အဝင်ကတည်းက တန်းထိုးပေးနေပါတယ်။ မထိုးရသေးတဲ့သူတွေအတွက်လည်း စစ် ဆေးရေးအဖွဲ့ က သူနာပြုဆရာမတွေနဲ့ ကာကွယ်ဆေးကို တစ်ခါထဲထိုးပေး နေပါတယ်။"လို့ ပုဂံ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိကာလမှာ ပုဂံ ဒေသသို့ ပြည်တွင်း ခရီးသွားဝင်ရောက်မှုတွေ များပြား နေတာဖြစ်ပြီး ခရီးသွားများထံမှာ ကိုဗစ်ကာကွယ် ဆေးလက်မှတ်ပါ၊မပါ ရှောင်တခင်စစ်ဆေးမှု တွေလည်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
"ကိုဗစ်ကာကွယ် ဆေးထိုးပြီးပြီလား၊ မထိုးရ သေးဘူးလားဆိုတာကို စစ်တာ ပေါ့။ မြို့အဝင်မှာစစ်သလို တစ်ခါတစ်လေလည်း မြို့ထဲမှာစစ်ပါတယ်။ ကာကွယ်မထိုးရသေးရင်လည်း သူတို့ကတစ်ခါထဲထိုးပေးတယ်။ ပုဂံကိုလာမယ့် ခရီးသွားတွေအ နေနဲ့ မှတ်ပုံတင်နဲ့ ကိုဗစ်ကာကွယ် ဆေးထိုးပြီးသားလက်မှတ် တွေကိုယူဆောင်လာဖို့ လိုပါမယ်။"လို့ ၎င်းက ဆက်လက် ပြောပြခဲ့ပါတယ်။
လက်ရှိကာလတွင် ခရီးသွားများအတွက် ပုဂံဒေသရှိ ဘုရား စေတီပုထိုးများကို ပုံမှန်တိုင်းဖွင့်လှစ် ပေးထားပြီး ဘုရားဖူးများတည်းခိုနားနေနိုင်ရန် အတွက် ဟိုတယ်၊
မိုတယ်များကိုလည်း ပုံမှန်အတိုင်းဖွင့်လှစ် ပေးထားတာဖြစ်ပါတယ်။
ဒါ့အပြင် သင်္ကြန်ပိတ်ရက် ကာလများတွင် ပုဂံဒေသသို့ ခရီးသွားဧည့် သည်တွေအဝင် များနိုင်မယ် လို့လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းထားကြတာပါ။
ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု တွေ လျော့ကျလာခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းမှစလို့ ကမ်းခြေ ဒေသနှင့် ပုဂံ ဒေသသို့ ပြည်တွင်းခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalHealth
Published_ 3 April 2022
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆေးထိုးအပ် ၃ သန်းကို ဧပြီ ၂ ရက်နေ့က မူဆယ်မြို၌ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနသို့ အရေးပေါ် လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး ဆေးထိုးအပ် ၂ သန်းကို မူဆယ်၌ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ထို့ပြင် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး ဆေးထိုးအပ် ၁ သန်းကိုလည်း တပြိုင်တည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော ကိုဗစ်-၁၉ ကာကွယ်ဆေး Doses စုစုပေါင်း ၄၁ သန်းကျော်ရှိနေပါပြီ။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်း စတဲ့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်တိုက်လှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ပံ့ပိုးကူညီခဲ့ပါတယ်။
ယခုအကြိမ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး ဆေးထိုးအပ် ၃ သန်းသည် မြန်မာနိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း အရှိန်မြှင့်ရန် အားဖြည့်ပေးပြီး မြန်မာပြည်သူများအတွက် ခုခံအား အကာအကွယ်ကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 3 April 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က တက္ကသိုလ်သီချင်းတွေနှင့်အတူ ကျော်ကြားခဲ့တဲ့ အဆိုတော် အောင်နိုင်(ခရမ်းပြာ) နဲ့ အတူ "တက္ကသိုလ်သီချင်းများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တက္ကသိုလ် သီချင်းတွေရေးဖွဲသီဆိုခဲ့ကြတဲ့ လွမ်းမောဖွယ်အတိတ်အတွေ့အကြုံတွေကို ပြောဆိုခဲ့ကြတာတွေဖြစ်ပါတယ်
#Yangon_Media_Group
#LocalNews
Published_3 April 2022
ဝင်ငွေခွန်အတွက် ကောက်ခံရမည့်ရာခိုင်နှုန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်က ထုတ်ပြန်ထားသည့် ပုံစံအတိုင်း ပြန်လည် သတ်မှတ်လိုက်ကြောင်း မတ်လ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သိရသည်။
ယင်း၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဝင်ငွေရလမ်းမတင်ပြနိုင်သည့် ဝင်ငွေများအပေါ်တွင် ၁ ကျပ်မှ ကျပ်သိန်း ၃၀၀၀ ထိအခွန်နှုန်း ၃ ရာခိုင်နှုန်း ၊ ကျပ် ၃၀၀၀ ဒဿမ ၁ သိန်းမှ ကျပ်သိန်း ၆၀၀၀ ထိ အခွန် ၅ ရာခိုင်နှုန်း၊ ကျပ် ၆၀၀၀ ဒဿမ ၀၁ သိန်းမှ ကျပ်သိန်း ၁၀၀၀၀ ထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၀ ဒဿမ ၀၁ သိန်းမှ ကျပ်သိန်း ၃၀၀၀၀ ထိ အခွန် ၁၅ ရာခိုင်နှုန်း ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀၀၀ နှင့် အထက်ကို ၃၀ ရာခိုင်နှုန်းဟူ၍ မူလအတိုင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် တိုးတက်စေရေးအားပေးမြှင့်တင်ရန် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ် ဝယ်ယူခြင်း ၊တည်ဆောက်ခြင်း၊ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတိုအတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းငွေကို နုတ်ပယ်ပြီး ကျန် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့်ဝင်ငွေအပေါ်တွင် ယင်းအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်ဟုလည်း အဆိုပါ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားသည်။
ထိုသို အခွန်စည်းကြပ်ခြင်းမှာ တရားမဝင်ရရှိသည့်ပစ္စည်းများပိုင်ဆိုင်ခြင်း၊ရောင်းဝယ်ခြင်းတိုဖြင့်လည်းကောင်း၊ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပေဒအရ အရေးယူသည့်ကိစ္စရပ်များ အပေါ်တွင်လည်းကောင်းသက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။
ymg/mt
Yangon_Media_Group
Page 1836 of 1949